နိုင်ငံရေး

ကျိုက်စကောအကျဉ်းထောင်က နိုင်ကျဥ်းတွေကို စစ်ကောင်စီတပ်က ထောင်ပြင်ခေါ်ထုတ် စစ်ဆေးရာက တဦးသေဆုံး

မေ၊ ၂၈   ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီတပ်က ထောင်အပြင်ခေါ်ထုတ်စစ်ဆေးရင်း တဦးသေဆုံးသွားတယ်လို့ ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။   ” သူ (ကိုသန့်ဇင်ဝင်း) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးမြို့မှာ စစ်ကောင်စီစစ်ကြောင်း နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးများတယ်လို့ဆို

မေ၊ ၂၈   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ မေလ ၂၇ ရက် မနေ့ကမနက်ပိုင်းမှာ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အတွက် ထိခိုက်သေဆုံးမှုများပြားတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။   ” သူတို့က မိုင်းကွင်းထဲကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းတော်မှာ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က ဒေသခံတချို့ကို လူသားဒိုင်းအဖြစ်ဖမ်းဆီး

မေ၊ ၂၈   စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်မှာ ကျောင်းသားတပ်မတော် (ABSDF)နဲ့ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်လို့ တဦးသေပြီး နှစ်ဦးဒဏ်ရာရသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတွေကိုဖမ်းဆီးကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး ပြန်ဆုတ်သွားတယ်လို့ ABSDF ထောက်လှမ်းရေးတာဝန်ခံ ကိုစောက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘီးလင်းမှာ ဒရုန်းနဲ့ကြဲချတဲ့ဗုံးသီးကြောင့် ဆယ်ကျော်သက်နွားကျောင်းသားနှစ်ဦး သေဆုံး

မေ၊ ၂၇   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါင်းရွာကျေးရွာထဲကို ဒီကနေ့ နံနက်ပိုင်းက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာကြောင့် အရပ်သား ဆယ်ကျော်သက်အရွယ်ကလေးနှစ်ဦး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   “ ရွာထဲမှာ နွားကျောင်းနေတဲ့ ကလေးနှစ်ဦးထိတာပါ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် ရှစ်ဦး စစ်ကောင်စီထံလက်နက်ချ

မေ၊ ၂၇   မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့နှစ်ခုက တပ်ဖွဲ့ဝင် စုစုပေါင်းရှစ်ဦးဟာ သေနတ် လေးလက်၊ ငွေကျပ် သိန်းနှစ်ထောင်ကျော်နဲ့အတူ စစ်ကောင်စီထံ အညံ့ခံခိုလှုံခဲ့တယ်လို့ အဲ့ဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးဗြဲမှာ လက်နက်ကြီးကျည်ထိလို့ သုံးနှစ်ခွဲအရွယ်ကလေးတဦး သေဆုံး

မေ၊ ၂၇   စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတဲ့ ရှမ်း-ကယား (ကရင်နီ) နယ်စပ် မိုးဗြဲမြို့မှာ ဒီကနေ့ညနေပိုင်းက လက်နက်ကြီးကျည်ထိလို့ သုံးနှစ်ခွဲအရွယ်ကလေးတဦး သေဆုံးသွားတယ်လို့ Mobye Resuce Team က ထုတ်ပြန်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လုပ်ငန်းရှင်တွေဆီက အခွန်စတင်ကောက်ခံတော့မယ်လို့ ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အသိပေး

မေ၊ ၂၇   စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက လုပ်ငန်းရှင်တွေအနေနဲ့ လာမယ့်ဇွန်လဆန်းကစလို့ အခွန်စတင်ပေးဆောင်ရမှာဖြစ်ပြီး အခွန်ရှောင်တဲ့ လုပ်ငန်းရှင်တွေကိုတော့ ကလေးမြို့နယ်အတွင်းမှာသာမက တခြားနယ်မြေတွေမှာပါ ဖြန့်ဖြူးရောင်းချခွင့်ပေးမှာမဟုတ်ဘူးလို့ အဲ့ဒီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။   “ စစ်တပ်ထုတ်ကုန်ဆိုရင် ကျွန်တော်တို့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးတောင်ခြေက ခလရ ၉၁၀ တပ် ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

မေ၊ ၂၇   မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေက စစ်အုပ်စုရဲ့ ခလရ ၉၁၀ (GE တပ်) အတွင်းကို ဒီကနေ့မနက်ပိုင်းက ၄၀ မမ လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နတ်ဆိုး (မြေအောက်တော်လှန်ရေးတပ်ဖွဲ့) တာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သထုံမှာ ကုန်တင်ကားတစီးမိုင်းထိလို့ တဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

မေ၊ ၂၇   မွန်ပြည်နယ်၊ သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ မေလ ၂၆ ရက် ည ၈ နာရီ​လောက်က ကုန်တင်ကားတစီး မိုင်းထိလို့ ယာဉ်ပေါ်ပါသူတဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြန်မာရွေ့ပြောင်းအလုပ်သမားတွေရဲ့အခက်အခဲတွေကို MWRN က ထိုင်းအလုပ်သမား ညွှန်ချုပ်ကို တွေ့ဆုံရှင်းပြ

မေ၊ ၂၇   ထိုင်းနိုင်ငံ၊ မဟာချိုင်မှာ အခြေစိုက်တဲ့ ရွေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)က လတ်တလောမြန်မာရွေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ပတ်သက်ပြီး ထိုင်းအလုပ်သမားညွှန်ကြားရေးမှူးချုပ်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ မေလ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။   ဒီတွေ့ဆုံမှုမှာ [ဆက်လက်ဖတ်ရှုရန်]