ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ် တိုက်ပွဲအတွင်း အချုပ် ထောင်ပွင့်ပြီး အကျဉ်းသားတွေလွတ်မြောက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဒီကနေ့ အောက်တို ဘာ( ၂၁)ရက် မနက်ပိုင်းက စပြီး KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး မနက်(၁၁)နာရီ ဝန်းကျင်မှာ ကော့ကရိတ် အချုပ်ထောင်ပွင့်ကာ အချုပ်သားတွေ ထွက်ပြေးလွတ် မြောက်သွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေဖြူမြို့ ပ.က.ဖ တွေကိုဖမ်းဖို့လာတဲ့ ရဲတွေတိုက် ခိုက်ခံရပြီး နှစ်ဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးဖို့လာတဲ့ စစ်ကောင်စီရဲတွေကိုကြားဖြတ်တိုက်ခိုက်ရာမှာ ရဲနှစ်ဦးသေဆုံးတယ်လို့ လောင်းလုံးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ(၂၀)ရက်မှာထုတ်ပြန်ပါတယ်။ ​ရေဖြူရဲစခန်းက စစ်ကောင်စီရဲ ခုနစ်ဦးဟာရေဖြူမြို့နယ်ဝက်ချောင်းကျေးရွာက ပျူစောထီးတဦး သေဆုံးမှုကို စစ်ဆေးဖို့ အဲ့ဒီရွာကို ရောက်နေချိန်မှာ ရွာအနီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါးမြို့မှာ ခြောက်နှစ်အရွယ် ကလေးငယ်နှစ်ဦးလက်နက်ကြီး ကျည်ထိပြီး သေဆုံး

ချင်းပြည်နယ်၊ဟားခါးမြို့နယ်၊ ဘွန်လုန်ကျေးရွာက အသက်ခြောက်နှစ်အရွယ် ကလေးနှစ်ဦးဟာ အောက်တိုဘာ (၁၉) ရက်က ကျောင်းကပြန်လာချိန်မှာ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ချင်းမျိုးနွယ်စု တော်လှန်ရေး တပ် တခုဖြစ်တဲ့ CDF ဆန်ထန် ပြောရေးဆိုခွင့်ရှိသူ ကိုဂျိုးဇက်က DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အဓမ္မမှုကျူးလွန်သူ တပ်သားနှစ်ဦးကို အေအေက ထောင်နှစ် နှစ်ဆယ်ချမှတ်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်က ဒေသခံ အမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်တဲ့ တပ်သားနှစ်ဦးကို ထောင်နှစ်နှစ်ဆယ် ချမှတ်လိုက်တဲ့အပြင် ကြိမ် ဒဏ်ကြီး အချက်သုံးဆယ် ပြစ်ဒဏ်ပါ ပေးခဲ့တယ်လို့ ရခိုင့်တပ်တော် AA က အောက်တိုဘာ ၂၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီး၊လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ အရပ် သားတချို့သေဆုံး ဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး ဒီက နေ့မနက်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေတာကြောင့် ပြည် သူတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ စစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တချို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေကြောင့် ကျိုက်ထိုမြို့နယ်မှာ ပြည်သူ ရှစ်ထောင်ကျော် စစ်ရှောင်နေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီ တပ်နဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ပြည်သူ ၈၀၀၀ ကျော် စစ်ရှောင်နေရသလိုပြည်သူ့နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာတွေလည်း ရှိနေတယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်က ထုတ်ပြန်ပါတယ်။ ကျိုက်ထိုမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာစစ်ကြောင်းထိုးလှုပ်ရှားလာတဲ့ ဒေသတလျှောက် လက်နက်ကြီး၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဗြိတိန် စစ်လေယာဉ်နဲ့ နီးနီးကပ်ကပ် အခြေအနေမှာ ရုရှား တိုက်လေယာဉ် ဒုံးကျည်ပစ်လွှတ်ခဲ့

ဗြိတိန်လေတပ် လေယာဉ်တစ်စီး နီးနီးကပ်ကပ် ရှိနေချိန်မှာ ရုရှားတိုက်လေယာဉ်က ဒုံးကျည် ပစ်လွှတ်ခဲ့တဲ့ ဖြစ်စဉ်ကို ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။  ချွတ်ချော် မှားယွင်းမှုတွေ ဖြစ်သွားနိုင်တဲ့ ဒီကိစ္စမျိုးဟာ စက်တင်ဘာ ၂၉ ရက်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားကို ကူဖို့ အီရန် ဒရုန်းပညာရှင်တွေ ခရိုင်းမီးယား ရောက်နေကြောင်း အမေရိကန် စွပ်စွဲ 

ရုရှားတပ်ဖွဲ့ဝင်တွေကို အနီးကပ် သင်တန်းပေးဖို့ အီရန်ရဲ့ ဒရုန်း ပညာရှင်တွေဟာ ခရိုင်းမီးယား ဒေသကို ရောက်ရှိနေကြောင်း အမေရိကန် အစိုးရက စွပ်စွဲ ပြောကြားလိုက်ပါတယ်။  လတ်တလော ခရိုင်းမီးယားမှာ စုဝေးရောက်ရှိနေတဲ့ အီရန်နိုင်ငံသားတွေက ဒရုန်းပညာရှင်တွေ၊ အကူဝန်ထမ်းတွေ ဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ရော်နယ်လ်ဒိုကို အသင်းလူစာရင်းကနေ ချန်လှပ်လိုက်ကြောင်း ယူနိုက်တက် ထုတ်ပြန် 

လေးစားမှု ကင်းမဲ့တဲ့ အပြုအမူအတွက် ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းလူစာရင်းကနေ ချန်လှပ်ထားမယ်လို့ မန်ချက်စတာ ယူနိုက်တက်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။  သူဟာ အခုသီတင်းပတ်ကုန် ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်ကို ယူနိုက်တက် အသင်းဖော်တွေနဲ့ လိုက်ပါခွင့် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဗီလာမန်နေဂျာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂျရတ်

လီဗာပူးလ် ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်ဟာ လက်ရှိ အက်စ်တန်ဗီလာ အသင်းရဲ့ မန်နေဂျာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။  ဖူလ်ဟမ်ကို ၃-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ရဲ့ ရလဒ်ကတော့ ဂျရတ်အပေါ် ထားရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]