ရေဖြူမြို့ ပ.က.ဖ တွေကိုဖမ်းဖို့လာတဲ့ ရဲတွေတိုက် ခိုက်ခံရပြီး နှစ်ဦးသေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ရေဖြူမြို့နယ်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးဖို့လာတဲ့ စစ်ကောင်စီရဲတွေကိုကြားဖြတ်တိုက်ခိုက်ရာမှာ ရဲနှစ်ဦးသေဆုံးတယ်လို့ လောင်းလုံးပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က အောက်တိုဘာ(၂၀)ရက်မှာထုတ်ပြန်ပါတယ်။

​ရေဖြူရဲစခန်းက စစ်ကောင်စီရဲ ခုနစ်ဦးဟာရေဖြူမြို့နယ်ဝက်ချောင်းကျေးရွာက ပျူစောထီးတဦး သေဆုံးမှုကို စစ်ဆေးဖို့ အဲ့ဒီရွာကို ရောက်နေချိန်မှာ ရွာအနီး ပ.က.ဖ အဖွဲ့ဝင်နှစ်ဦး ရှိနေတယ်ဆိုတဲ့သတင်းကိုရသွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့်ပ.က.ဖ အဖွဲ့ဝင် နှစ်ဦးကို ဖမ်းဆီးဖို့ရွာကထွက်ချိန်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ ရဲနှစ်ဦးသေပြီး သုံးဦးပြင်းထန် ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီအကြောင်းအရာနဲ့ပက်သက်လို့ လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုDNAကဆက်သွယ်မေးမြန်းထားပေမဲ့ အဆက်သွယ်မရသေးပါဘူး။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို လောင်းလုံး- ပ.က.ဖ ၊ထားဝယ်-ပ.က.ဖ (DRGF) ၊ T-PDF တို့ကပူး ပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အထိအခိုက်အကျဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ဝက်ချောင်းရွာသား ပျူစောထီးအဖွဲ့ဝင် ဆိုသူ ဦးညံအေးကိုလောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကပဲ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းပစ်ခတ်တိုက်ခိုက်လို့ သေ ဆုံးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီကိစ္စကို စုံစမ်းဖို့အတွက် ရေဖြူမြို့နယ် ရဲစခန်းကရဲတွေဝပ်ချောင်းရွာကိုရောက်နေချိန်မှာ ထပ်ပြီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။