ကော့ကရိတ် တိုက်ပွဲအတွင်း အချုပ် ထောင်ပွင့်ပြီး အကျဉ်းသားတွေလွတ်မြောက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ဒီကနေ့ အောက်တို ဘာ( ၂၁)ရက် မနက်ပိုင်းက စပြီး KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး မနက်(၁၁)နာရီ ဝန်းကျင်မှာ ကော့ကရိတ် အချုပ်ထောင်ပွင့်ကာ အချုပ်သားတွေ ထွက်ပြေးလွတ် မြောက်သွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

“ အကုန်ဝိုင်းထားလိုက်ပြီး စစ်ကောင်စီတပ်တွေမြို့ထဲပိတ်မိနေပြီ၊အဝင်အထွက်အကုန် PDF တွေပိတ်ထားလိုက်ပြီလို့ကြားတယ်၊ အချုပ်ကိုလဲ ဖွင့်ပေးလိုက်ပြီ၊ ဖမ်းခံထားရတဲ့ လူငယ်တွေကို ခေါ်သွားတယ်” လို့ကာ့ကရိတ် အချုပ်ထောင်နဲ့ နီးစပ်တဲ့ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တခုက ပြောပါတယ်။

ကော့ကရိတ်အချုပ်ထောင်ထဲမှာ အကျဥ်းသား (၅၀)ဝန်းကျင်ရှိပြီး အများစုဟာ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံထား ရသူတွေဖြစ်တယ်လို့ အဲ့ဒီသတင်းရင်းမြစ်ကဆိုပါတယ်။

အချုပ်ထောင်ပွင့်တယ်ဆိုတဲ့ အခြေအနေနဲ့ပတ် သက်လို့အသေးစိတ် ဆက်လက်သိနိုင်ဖို့DNA က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ကော့ကရိတ်မြို့တွင်းနဲ့ မြို့အနီးတဝိုက်မှာ လက်ရှိအချိန်အထိတိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေဟာဘုန်းကြီးကျောင်းတွေထဲ တိမ်းရှောင်နေကြသလို တစ်ချို့ကတော့ ပုန်းခိုကျွင်းတွေထဲနေနေကြရတယ်လို့ သိရပါတယ်။

ဒီကနေ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကော့ကရိတ်ဆေးရုံကြီးမှာ အမျိုးသား တဦးနဲ့ အမျိုးသမီး နှစ်ဦးသေဆုံးပြီး ကလေးငယ်အပါအဝင် ပြည်သူ (၁၀)ဦးလောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Albino Tiger Battalion-1 ကသတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြို့တွင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် လက်နက်ကြီးအစထိမှန်ဒဏ်ရာရသူတွေထဲကတချို့ဟာကော့ကရိတ်ဆေးရုံကြီးကိုပို့ဆောင်ကုသခွင့်မရလိုက်ဘဲ နေအိမ်မှာပဲအသက်ဆုံးရှုံးရတဲ့ဖြစ်စဉ်တွေလည်းရှိနေတယ်လို့ဒေသခံတစ်ဦးက ပြောပါတယ်။

Delta News

Read Previous

ရေဖြူမြို့ ပ.က.ဖ တွေကိုဖမ်းဖို့လာတဲ့ ရဲတွေတိုက် ခိုက်ခံရပြီး နှစ်ဦးသေ

Read Next

ထီးလင်းမှာ စစ်တပ်က ပစ်သတ်ဖျောက်ဖျက်ခဲ့တဲ့ ရုပ်အလောင်းတလောင်းတွေ့