အားကစားကဏ္ဍ

ကမ္ဘာ့ဖလားကို အိပ်မက်ဆန်ဆန် ဖြတ်သန်းနေတယ်လို့ အမ်ဘက်ပီ ညွှန်းဆို

သူဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အိပ်မက်ဆန်ဆန် ဖြတ်သန်းနေတယ်လို့ ပြင်သစ် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီက ပြောကြားလိုက်ပါတယ်။ လက်ရှိ ကမ္ဘာ့ချန်ပီယံဖြစ်တဲ့ ပြင်သစ် အသင်းဟာ ပြိုင်ပွဲ မစခင်မှာ ဒဏ်ရာ ပြဿနာတွေကြောင့် အဓိက ကစားသမားကောင်း [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

နေအိမ် ဖောက်ထွင်းခံရမှုကြောင့် အိမ်ပြန်သွားတဲ့ အင်္ဂလန် တိုက်စစ်မှူး စတာလင်

နေအိမ် ဖောက်ထွင်းခံရတဲ့ ကိစ္စကြောင့် တိုက်စစ်မှူး ရာဟင် စတာလင်ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ယှဉ်ပြိုင်နေရာကနေ အိမ်ပြန်သွားခဲ့ကြောင်း အင်္ဂလန် လက်ရွေးစင်အသင်း မန်နေဂျာ ဂါရတ်သ် ဆောက်ဂိတ်က အတည်ပြုခဲ့ပါတယ်။   အင်္ဂလန်ဟာ ကမ္ဘာ့ဖလား ၁၆ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

အလုပ်ထုတ်ခံအလုပ်သမားတွေကို လစာပေးထားဖို့ Adidas က မြန်မာပေါင်ချိန်စက်ရုံကို လမ်းညွှန်ထား

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံနဲ့ အဲ့ဒီစက်ရုံက အလုပ် ထုတ်လိုက်တဲ့အလုပ်သမားတွေ နှစ်ဘက်အငြင်း ပွားမှုကိုစုံစမ်းနေဆဲကြားကာလအတွင်း လစာပေးထါးဖို့ Adidasကုမ္ပဏီက စက်ရုံကိုမှာထားတယ်လို့ အဲဒီအလုပ်သမားတွေဆီကသိရပါတယ်။   လက်ရှိမှာ အလုပ်ထုတ်ခံထားရမှုနဲ့ပတ်သက်လို့ အလုပ်ရှင်၊အလုပ်သမားနှစ်ဘက်ဥပဒေကြောင်းနဲ့ရင်ဆိုင်နေသလို Adidasကုမ္ပဏီကလည်းစုံစမ်းစစ်ဆေးမှုလုပ်နေတဲ့အချိန်ဖြစ်တာကြောင့် နောက်ဆုံးအဆုံးဖြတ်အဖြေမထွက်မချင်းလစာပေးထားဖို့ မှာကြားထားတဲ့အကြောင်း ကုမ္ပဏီကအသိပေးထားတယ်လို့ဆိုပါတယ်။   “အလုပ်ထုတ်ခံရတဲ့လအတွက်လစာကိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းမှာ လေးရက်အတွင်း ရွာ ၆ ရွာဆက်တိုက်မီးရှို့ခံရပြီး စစ်ရှောင်ပြည်သူသောင်းချီရှိလာ

  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဒီဇင်ဘာ ၁ ရက်နေ့ကနေ ဒီကနေ့ ဒီဇင်ဘာ ၄ ရက်အထိ ရွာပေါင်း ၆ရွာကို စစ်တပ်ကဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာပြေးနေကြရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြီးခဲ့တဲ့နှစ်က ဖရူဆိုမှာ ဒေသခံလေးဆယ်ကိုမီးရှို့သတ်ဖြတ်ခဲ့တဲ့ တပ်ရင်းကစစ်ကောင်စီတပ်သား နှစ်ဆယ်ကျော် သေဆုံးပြီး တချို့ကိုအရှင်ဖမ်းမိတယ်လို့ KNDF ထုတ်ပြန်

ကရင်နီပြည်နယ် ၊ ဒီးမောဆိုမြို့နယ်ထဲက ဒေါကမီးကျေးရွာမှာ မနေ့ဒီဇင်ဘာ ၃ ရက်နေ့က  စစ်ကောင်စီနဲ့ကရင်နီဒေသကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲတနေကုန်ဖြစ်ခဲ့ပြီး  စစ်ကောင်စီဘက်က တပ်သား ၂၀  ကျော်သေဆုံးပြီး ၄ဦးကိုအရှင်ဖမ်းမိတယ်လို့ KNDF က ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မှာထုတ်ပြန်လာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာနေအိမ်မီးရှို့ခံရသူတွေနဲ့ ဒေသခံတွေဖမ်းဆီးခံရတာတွေဆက်ဖြစ်ပြီး စစ်ရှောင်သောင်းချီအထိဖြစ်လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ အခုဒီဇင်ဘာပထမပတ်အထိ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်မီးရှို့တာတွေဆက်လုပ်နေလို့ ဒေသခံသောင်းချီဘေးလွတ်ရာပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာဆိုရင်လည်း ခင်ဦးမြို့နယ်၊ ဗျိုင်းကျိုင်ရွာထဲကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း ဒေသခံ ၈ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေထဲ  စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒေသခံလေးထောင်ကျော်ထွက်ပြေးနေရ 

ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲက ကျိုက်ထိုမြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကျောက်ဖျာကျေးနယ်နဲ့ ဇီးပြောင်းကျေးနယ်ထဲက လက်နက်ကြီးကျပြီး နေအိမ် ၄လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ” ည၉နာရီကျော်မှာ လက်နက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူးပကဖရဲဘော်နှစ်ဦး စစ်ကောင်စီကင်းပုန်းအဖွဲ့ရဲ့ ပစ်ခတ်ခံရပြီးကျဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တချို့ဟာ တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။ တမူးကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Fighter Police CDM ကရဲဘော်တဦးဟာ တမူး Denko ဆီဆိုင်အနီးမှာ ပစ်ခတ်ခံရပြီး ဒဏ်ရာနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူးကိစ္စစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ NUGလူ့အခွင့်အရေးဝန်ကြီးပြော

  စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ  အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီသတင်းပေးလို့ ဆိုကာ လူသွားလမ်းမပေါ်မှာအကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်တခုထွက်ပေါ်လာတာနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနဘက်ကပြောဆိုပါတယ်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံနေတဲ့ တမူးမြို့က အဖြစ်အပျက်ဗီဒိယိုနဲ့ ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်-ထီးခီးကားလမ်းမှာ နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေ

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက ထားဝယ်-ထီးခီးကားလမ်းမပေါ်မှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့  ကာကွယ်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။  အဲဒီလမ်းပိုင်းက စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြားမကြာခဏတိုက်ပွဲဖြစ်တဲ့နေရာဖြစ်သလို အခုဒီဇင်ဘာလအစမှာပဲ တိုက်ပွဲ နှစ်ကြိမ်ပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နဲ့ ၃ ရက်နေ့တွေမှာလည်း ထားဝယ်-ထီးခီးကားလမ်းပေါ်က [ဆက်လက်ဖတ်ရှုရန်]