တမူးပကဖရဲဘော်နှစ်ဦး စစ်ကောင်စီကင်းပုန်းအဖွဲ့ရဲ့ ပစ်ခတ်ခံရပြီးကျဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တချို့ဟာ တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။
တမူးကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Fighter Police CDM ကရဲဘော်တဦးဟာ တမူး Denko ဆီဆိုင်အနီးမှာ ပစ်ခတ်ခံရပြီး ဒဏ်ရာနဲ့ ပိတ်မိနေတာကို ရဲဘော်နှစ်ဦးက သွားရောက်ကယ်တင်ရာမှာ စစ်ကောင်စီတပ်တွေရဲ့ပစ်ခတ်တာကိုခံလိုက်ရပြီး ကျဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာနဲ့ ပိတ်မိနေခဲ့တဲ့ ရဲဘော် ကိုဒီမိုထူးဟာ ဆေးကုသမှုခံယူနေရပြီး ရဲဘော်နှစ်ဦးကတော့ သေနတ်ဒဏ်ရာနဲ့ ကျဆုံးသွားတယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ-၁ရက်နေ့မှာ လည်း တမူးတပ်ရင်း-၄ (TSG)က ရဲဘော်ကုလားဆိုသူဟာလည်းလက်လုပ်မိုင်းပြုလုပ်ရင်း ထိခိုက်ပြီး အသက်ဆုံးရှုံးခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ခဲ့ပါသေးတယ်။