ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေထဲ  စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒေသခံလေးထောင်ကျော်ထွက်ပြေးနေရ 

ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲက ကျိုက်ထိုမြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကျောက်ဖျာကျေးနယ်နဲ့ ဇီးပြောင်းကျေးနယ်ထဲက လက်နက်ကြီးကျပြီး နေအိမ် ၄လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ည၉နာရီကျော်မှာ လက်နက် ကြီး တစ်ကြိမ်ပစ်တယ် ၁၂နာရီဝန်းကျင်မှာ တစ်ကြိမ်ထပ်ပစ်တယ် ဒီလို လက်နက်ကြီးတွေ ပစ်ပြီဆို စစ်ကြောင်းထိုးတော့မယ်ဆိုတဲ့သဘောပဲ အရင်တုန်းကလဲ ဒီလိုပဲ လက်နက်ကြီးပစ်ပြီးရင် စစ်ကြောင်းထိုး နေကြပဲလို့ ကေအဲန်ယူကျိုက်ထိုမြို့နယ် သတင်းနှင့်ပြန်ကြားရေးဌာနခွဲတာဝန်ခံ ရဲ့ ပြောပြချက်ကို KNU က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 ဒီဇင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ကျိုက်ထိုမြို့နယ်အတွင်းက သိမ်ဇရပ်အခြေစိုက် စစ်တပ်က  ပျဉ်းကတိုးကုန်းရွာနဲ့ ဇီးပြောင်းကျေးနယ်၊ ကျောက်ဖျာကျေးနယ်တွေကို  အင်အား ၂၀၀ ဝန်းကျင်နဲ့စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ဒေသခံနေအိမ်တွေ ထဲလက်နက်ကြီးတွေကျသလို ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်ခံနေရပြီး လည်ပတ်ရန်အခတ်ခဲနှင့် စားဝတ်နေရေးအခတ်ခဲများစွာရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှသိရှိရပါသည်။ ပြီးခဲ့တဲ့ ဒီဇင်၂ ရက်နေ့မှာလည်း ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် တပ်မဟာ (၃)ထဲက ရွှေကျင်မြို့ထဲက ရွာတွေဘက်ကိုစစ်ကောင်စီတပ်တွေက တရက်တည်း လေကြောင်းကနေ နေရာ ၃ခုကို လေကြောင်းကနေ ၄ကြိမ်အထိတိုက်ခိုက်မှုလုပ်ခဲ့တဲ့အကြောင်းထုတ်ပြန်ထားပါသေးတယ်။

အလားတူပဲ နိုဝင်ဘာလထဲမှာပဲ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တာကိုလည်း KNU က ဓါတ်ပုံမှတ်တမ်းတွေနဲ့သတင်းထုတ်ပြန်ထားခဲ့ပါတယ်။