ထားဝယ်-ထီးခီးကားလမ်းမှာ နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေ

 

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက ထားဝယ်-ထီးခီးကားလမ်းမပေါ်မှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့  ကာကွယ်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ 

အဲဒီလမ်းပိုင်းက စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြားမကြာခဏတိုက်ပွဲဖြစ်တဲ့နေရာဖြစ်သလို အခုဒီဇင်ဘာလအစမှာပဲ တိုက်ပွဲ နှစ်ကြိမ်ပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။

 ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နဲ့ ၃ ရက်နေ့တွေမှာလည်း ထားဝယ်-ထီးခီးကားလမ်းပေါ်က ဝကုန်းရွာအနီးမှာစစ်ကောင်စီနဲကာကွယ်ရေးပူးပေါင်းတပ်တွေကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်သားတွေထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့လည်း  ထားဝယ်ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

“သေတာတော့ရှေ့ပွိုင့်က၃ယောက်ပါ။၄၀မမကျလို့၃ဦးကတော့သေချာပါတယ်။ နောက်ထပ်ထိခိုက်ဒဏ်ရာရရတာ‌တွေရှိပါမယ်။ဘာလို့ဆို သူတိူ့လူနာတွေကိုဆေးကုထားတဲ့နေရာတွေလည်းမြင်နေရတယ်’’ လို့ထားဝယ်ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့DEF-PDFအဖွဲ့မှပြန်ကြရေးတာဝန်ခံကDNAကို ပြောပါတယ်။

 တိုက်ပွဲအပြီးမှာလည်းဝကုန်းရွာနှင့်သင်္ကန်းတုံးရွာထဲကိုစစ်ကောင်စီတပ်တွေက ဝင်ရောက်မွှေနှောက်သွားတယ်လို့လည်းဆိုပါတယ်။

လက်ရှိမှာလည်းထားဝယ်-ထီးခီးကားလမ်းပိုင်းကအသုံးပြုတဲ့၃ဒေသခံတွေအနေနဲ့ စစ်ရေးသတိရှိကြဖို့ကိုလည်း ကာကွယ်ရေးတပ်တွေကထုတ်ပြန်ထားတာတွေ့ရပါတယ်။