ပုသိမ်မှာထွေအုပ်ရုံးအိမ်ရာဗုံးပေါက်ကွဲမှုမှာ စွပ်စွဲဖမ်းဆီးထားသူတွေကို ထောင်ခုနှစ်နှစ်စီချ

 

 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ပြီးခဲ့တဲ့ မေလအတွင်းက စစ်ကောင်စီထွေအုပ်ရုံးဝန်ထမ်းအိမ်ရာဗုံးပေါက်ကွဲမှုမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတဦးနဲ့ အမျိုးသား  ၃ဦးကိုပုသိမ်ထောင်တွင်း တရားရုံးကနေ ထောင် ၇ နှစ်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကသိရပါတယ်၊

 ထောင်ဒဏ် ချမှတ်ခံရသူတွေဟာ ပုသိမ်မြို့ခံတွေ ဖြစ်တဲ့ ကိုလင်းလင်းထက်၊ ကိုဖိုးဇော်()ဇော်ဇော်နဲ့ ဒေါ်သီတာထွေး တို့ဖြစ်ကြပြီး သူတို့ ဦးကို ဖောက်ခွဲရေးပုဒ်မ နဲ့ နိုဝင်ဘာ ၂၉ ရက်နေ့ ကစစ်ကောင် စီ ရဲ့ ပုသိမ် ထောင်တွင်း တရားရုံးက အမိန့်ချလိုက်တာ လို့ တရားရုံးရေး ဌာန အသိုင်းအဝိုင်း ကသိရပါ တယ်။

 “သူတို့ ကို ဖမ်းထားလို့ တနှစ်ခွဲ လောက်ကြာမှ အမိန့်ချလိုက်တာ။ နောက်ထပ် တမှု ထပ်စစ်ဖို့ ကျန် နေ သေးတယ်။ ဘာသက်သေခံ မှ မရှိဘူး CCTV မှတ်တမ်း နဲ့ စွဲချက်တင်ပြီး ထောင်ချလိုက်တာလို့ ရား လွှတ်တော်ရှေ့နေတစ်ဦး က DNA ကိုပြောပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် မေလ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ပုသိမ်မြို့ အမှတ် ရပ်ကွက် နဲ့ အမှတ် ရပ် ကွက်ကြားမှာရှိတဲ့  ငဝန်မြစ်ကူး တံတား အမှတ်() တံတား အဆင်းက စစ်ကောင်စီ အောက်ခံ ထွေအုပ်၀န် ထမ်းအိမ်ယာ၀န်းအတွင်းမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့တာဖြစ်ပါတယ်။

  အဲဒီ ဗုံးပေါက်ကွဲမှု မှာ ထိခိုက်ဒဏ်ရာရသူမရှိ ခဲ့ပေမယ့် ပုသိမ်မြို့ခံတွေ ဖြစ်တဲ့ ကိုလင်းလင်းထက်၊ ကိုဖိုး ဇော် ()ဇော်ဇော် နဲ့ ဒေါ်သီတာထွေး တို့ ဦး ကို စစ်ကောင်စီ ရဲ့ သတင်း တပ်ဖွဲ့ဝင်တွေ က CCTVမှတ် တမ်း အရ စွတ်စွဲဖမ်းဆီး ခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူ တွေထံက သိရပါတယ်။

  “အဲဒီ ဗုံး ပေါက်ကွဲ မှု က စစ်တပ် အာဏာပြီးတဲ နောက် ပုသိမ် မှာ ပထမဆုံး ဖြစ်ခဲ့တာ လူလည်းမသေ ဘူး ။ဘာမှ လည်း မပျက်စီးဘူး ဝန်ထမ်း အိမ်ယာ ခြံဝန်း အတွင်းထောင့်မှာ ပေါက်ကွဲ တာလို့ ထွေ/အုပ် ရုံးထမ်း နဲ့ နီးစပ်သူ တဦး ကပြောပါတယ်။

 ပုသိမ်ထောင် အတွင်းမှာတော့ ပုသိမ်ခရိုင် မြို့နယ်က နိုင်ငံရေးအကျဉ်းသား ၄၀၀ကျော်ရှိတဲ့ အနက် မျိုးသမီးနိုင်ငံရေး အကျဉ်းသား ၆၀ကျော် ရှိနေပြီးထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်တာ ခံထားခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၂၀၀နီးပါး အနက် အမျိုးသမီး ၂၀ ကျော်ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ ပုသိမ်ထောင် အတွင်း က လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ ပုသိမ် ခရိုင် ထဲက နိုင်ငံရေး အကျဉ်းသား ၄၆ အနက် အမျိုးသမီး နိုင်ငံရေး အကျဉ်းသား ၃ဦးသာ ပါဝင်တယ် လို့ ပြန် လွတ်လာ တဲ့ နိုင်ငံရေး အကျဉ်းသား တချို့ ရဲ့ပြောပြချက်အရသိရပါတယ်။