နိုင်ငံတကာရေးရာ

ပထမဆုံး ကိုဗစ်ရောဂါစတွေ့တဲ့ မြောက်ကိုရီးယားမှာ လော့ဒေါင်းချပြီ 

မြောက်ကိုရီးယားနိုင်ငံမှာ ပထမဆုံး ကိုဗစ်ရောဂါကူးစက်မှု တွေ့ရှိတယ်လို့ ဒီကနေ့ မေလ၁၂ရက်နေ့က ထုတ်ပြန်အပြီးမှာတော့ ခေါင်းဆောင်ကင်ဂျုံအန်းက နိုင်ငံတဝှန်းမြို့တွေအားလုံးကို ပိတ်ဆို့ထားဖို့ အမိန့်ထုတ်လိုက်ပါတယ်။ မြို့တော်ပြုံယမ်းမှာ အိုမီခရွန်မျိုးကွဲကူးစက်မှုတခု တွေ့ရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ပြောပေမယ့် ကူးစက်မှုအရေအတွက်ကိုတော့ မဖော်ပြခဲ့ပါဘူး။ ခေါင်းဆောင်ကင်ဂျုံအန်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အစ္စရေးလ်စစ်ဆင်ရေးအတွင်း သတင်းသမားအသတ်ခံရမှု စုံစမ်းစစ်ဆေးဖို့ ကုလအရာရှိတွေတောင်းဆို

လူသိများတဲ့ Al Jazeera သတင်းထောက် Shireen Abu Akleh အသတ်ခံရမှုနဲ့ပတ်သက်ပြီး  စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂအကြီးတန်းအရာရှိတွေက မေလ ၁၁ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ပါလက်စတိုင်း-အမေရိကန် သတင်းသမား  Shireen Abu [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

သြဂုတ်လမှာ နယူးဇီလန်နယ်စပ်တွေကို ပြန်ဖွင့်မယ်လို့ ဝန်ကြီးချုပ်ပြော

သြဂုတ်လမှာ နယူးဇီလန်နယ်နမိတ်တွေကို အပြည့်အဝပြန်လည်ဖွင့်မယ်လို့ ဝန်ကြီးချုပ် Jacinda Ardern က မေလ ၁၁ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အပြင်းထန်ဆုံးကိုဗစ်-၁၉ တိုက်ဖျက်ရေးဆိုင်ရာ နယ်စပ်ကန့်သတ်ချက်တွေထဲက တစ်ခုကို အဆုံးသတ် လိုက်တာပါ။  “နယူးဇီလန်ဟာ ဝယ်လိုအားရှိနေပြီဖြစ်ပြီး စီးပွားရေးအတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တာလီဘန်တွေရဲ့ ဝတ်စားဆင်ယင်မှုဆိုင်ရာအမိန့်သစ်ကို  အာဖဂန်အမျိုးသမီးတွေ ကန့်ကွက်ဆန္ဒပြ

လူမြင်ကွင်းမှာ အမျိုးသမီးတွေရဲ့ မျက်နှာနဲ့ခန္ဓာကိုယ်ကို အပြည့်အ၀ဖုံးအုပ်ထားရမယ်ဆိုတဲ့ တာလီဘန်တွေရဲ့ အမိန့်အပေါ် မေလ ၁၀ ရက်နေ့က အာဖဂန်နစ္စတန်မြို့တော်မှာ များပြားလှတဲ့အမျိုးသမီးတွေ စုဝေးပြီး ဆန့်ကျင်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ အာဖဂန်နစ္စတန်ရဲ့ထိပ်တန်းခေါင်းဆောင်၊တာလီဘန်အကြီးအကဲ Hibatullah Akhundzada က အမျိုးသမီးတွေကို ရိုးရာအရ  Burqa [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကထိပ်သီးအစည်းအဝေးကို သပိတ်မှောက်မယ်လို့ မက္ကဆီကိုသမ္မတ ခြိမ်းခြောက်

မက္ကဆီကိုသမ္မတ López Obrador က လာမယ့်လမှာ ကျင်းပမယ့် အမေရိကထိပ်သီးအစည်းအဝေးကို သပိတ်မှောက်သွားမယ်လို့  ခြိမ်းခြောက်ထားပါတယ်။  အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်အနေနဲ့  ကျူးဘား၊ နီကာရာဂွါနဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို မဖိတ်ဘူးဆိုရင် မက္ကဆီကိုရဲ့ပါဝင်မှုကိုလည်း အတည်ပြုမှာမဟုတ်ဘူးလို့  မေလ ၁၀ရက်နေ့က ပြောခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]

သရော်စာကဏ္ဍ

“ခွေးခေါင်းချိတ်ပြီး ခွေးသားရောင်းမှာနော်”

ဟော လာပြီ လာပြီ ဒေါ်သက်ရီ မဟုတ်ဘူး၊ အခု လာတာ ထမိန်မနိုင် မိအောင်လှိုင်ပါ၊ မိအောင်လှိုင်တယောက် ဈေးဗန်းလေး ခေါင်းပေါ်ရွက်လာတာ၊ ဘာ ရောင်းမှာလဲ မေးပါအုံး၊ ထုံးစံအတိုင်းပေါ့၊ မြန်မာနည်းမြန်မာ့ဟန်၊ မြန်မာ့ဖယ်ဒရယ်ဆိုပဲ၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပေါ် ညတိုက်ပွဲ ဆင်နွှဲ၊ စစ်သား ၇ ဦးသေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ၃ နေရာမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက ညတိုက်ပွဲဆင်နွှဲခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ မေ ၁၀ ရက်နေ့ညပိုင်းက ကလေးမြို့၊ တာဟန်းရပ်ကွက်၊စမ်းမြို့ရပ်ကွက်နဲ့ တောင်ဖီလာရပ်ကွက်တို့မှာ ညတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင် မတရားသိမ်းထားတဲ့ ၁၄/အင်းလျား လေလံ အစုရှယ်ယာ ၂၀၀ အထိ ဝယ်ယူသူရှိ

မင်းအောင်လှိုင် မတရားသိမ်းထားတဲ့ ၁၄/အင်းလျား အိမ်နဲ့ခြံလေလံပွဲမှာ အစုရှယ်ယာ၂၀၀ အထိ ဝယ်ယူသူရှိကြောင်း လေလံအစီအစဉ် ဆောင်ရွက်နေတဲ့ (The End of Dictatorship- EOD) က ထုတ်ပြန်ပါတယ်။ ၁၄/အင်းလျား အစုရှယ်ယာကို PDF ဖွဲ့စည်းခြင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သရက်ချောင်းမှာ ကြံ့ဖွံ့ရုံး၊ အုပ်ကြီးအိမ်နဲ့ Mytel တာဝါတိုင် မီးရှို့ခံရ

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကြံ့ဖွံပ့ါတီရုံး၊ အုပ်ချုပ်ရေးမှူးအိမ်နဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တစ်ခု မီးရှို့ဖျက်ဆီးခံရပြီး ပျူစောထီးခေါင်းဆောင်တစ်ဦးရဲ့ နေအိမ်လည်း သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၁၁ ရက်နေ့ မနက် ၆ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကား ၃ စီး ဆားလင်းကြီးမှာ ပဒေသာမိုင်း ၁၂ လုံးတွဲနဲ့တိုက်ခိုက်ခံရ၊ စစ်သားတွေ အသေအပျောက်များ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်ကနေတက်လာတဲ့ သံပြားကာစစ်ကား ၃ စီးကို ဒေါင်းမင်းအဖွဲ့က ပဒေသာမိုင်း ၁၂ လုံးနဲ့ တိုက်ခိုက်ခဲ့ရာ စစ်သားအသေအပျောက်များခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၈ နာရီလောက်မှ ာမိုင်းဆွဲခံရခြင်းဖြစ်ပြီး အဲဒီကား ၃ [ဆက်လက်ဖတ်ရှုရန်]