နိုင်ငံတကာရေးရာ

ပါကစ္စတန်မှာ အပူလှိုင်းဖြတ်ပြီးနောက် လူထောင်ချီ ကာလဝမ်းရောဂါ ဖြစ်ပွားနေ

ပါကစ္စတန်နိုင်ငံမှာ အခုသီတင်းပတ်အတွင်း ပြင်းထန်တဲ့အပူလှိုင်းဒဏ်ကြောင့် သောက်သုံးရေအခက်အခဲ ရင်ဆိုင်နေရသလို မသန့်ရှင်းတဲ့သောက်သုံးရေတွေကြောင့် နိုင်ငံအလယ်ပိုင်းမှာ လူပေါင်းထောင်ချီ ကာလဝမ်းရောဂါဖြစ်ပွားနေကြပါတယ်။   ကာလဝမ်းရောဂါဖြစ်ပွားမှုကို Balochistan ပြည်နယ် ဝေးလံခေါင်သီပြီးတောင်ထူထပ်တဲ့ Pir Koh ဒေသမှာ ဧပြီလ ၁၇ ရက်က စတင်တွေ့ရှိခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်း၊ သလွန်ဖြူရွာကို မနက် ၅နာရီလောက်မှာ အကြမ်းဖက်စစ်တပ်ဝင်စီး

ဒီနေ့မနက်၅နာရီလောက်မှာ စစ်ကိုင်းမြို့နယ် သလွန်ဖြူရွာကို အကြမ်းဖက်စစ်တပ်ရောက်ရှိလာပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်းသိရပါတယ်။ လတ်တလောသတင်းတေွအရ သံပန်းလုပ်ငန်းလုပ်ကိုင်သူတဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းနွေဦး တော်လှန်ရေးစာမျက်နှာစစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။ ‘အခုအချိန်ထိတော့ သတင်းစောင့်နေရတုန်းပဲ။တစ်အိမ်တက်ဆင်း ရှာ ဖွေတာတွေရှိတယ်လို့လည်း ကြား နေရတယ်။ရွာသားဘယ်နှဉီးဖမ်းသွားသလဲဆိုတာ မသိရသေးဘူး’လို့ စစ်ကိုင်းမြို့၊ရွှေမင်းဝံရပ်ကွက်နေ ပြည်သူတစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်ဒဂုံမြို့နယ်မှာ စစ်အုပ်စုခန့် အုပ်ကြီးတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ် အမှတ် ၇၁ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးပြုံးချိုကို အမည်မသိ သေနတ်သမားတစ်ဦးက ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၁၈ရက်နေ့ ညနေ ၅နာရီခွဲလောက်က တောင်ဒဂုံမြို့နယ် ရိုးမရိပ်သာလမ်းမကြီးပေါ်မှာ ပစ်ခတ်ခံခဲ့ရတာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုင်မြို့နယ်ထဲ လုယက်ထားသမျှ စစ်တပ်အထိုင်ချစခန်းဆီ လှည်းတွေနဲ့ ပို့ဆောင်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပိတောက်ကန်ရွာမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဟာ လုယက်ထားသမျှ ပြည်သူပိုင် ပစ္စည်းတွေကို လှည်းတွေနဲ့တင်ကာ အထိုင်ချစခန်းဆီ ဒီနေ့မနက်မှာ ထွက်ခွာသွားကြပြီလို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ လက်ယက်မရွာ၊ ပြင်သာရွာ၊ကျောက်တောရွာ၊ တောင်ကိုင်းရွာ၊ ဖျသီးရွာ၊ သံဘိုရွာ၊ ပေါင်းတည်ရွာ၊ တောရွာနဲ့ ကြည့်ကန်ရွာတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုက NLD အင်္ကျီတွေဝတ်ဆင်ပြီး ပုံဖျက်နေ

အကြမ်းဖက်စစ်အုပ်စုက NLDပါတီ အမှတ်တံဆိပ်ပါ အင်္ကျီတွေဝတ်ဆင်ပြီးတော့ ကျေးရွာတွေကို ဝင်ရောက် ဖျက်ဆီးတိုက်ခိုက်နေတယ်လို့ အရာတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်သတင်းတွေအရ သိရပါတယ်။ မေလ ၁၇ရက်နေ့မှာ နောင်ကြီးအိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အင်အား ၅၀ခန့်နဲ့ ထန်းတောကုန်းကျေးရွာကို ဝင်ရောက်ဖျက်ဆီးဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သေ့ဘောဘိုး စစ်အုပ်စုတပ်စခန်းကို KNLA /KNDO ပူးပေါင်းတပ်တွေ သိမ်းပိုက်

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်အုပ်စုရဲ့ သေ့ဘောဘိုးစခန်းကို ဒီနေ့ မေလ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်တွေက တက်ရောက်သိမ်းပိုက်လိုက်ပြီလို့ သိရပါတယ်။ KNLA/ KNDO ပူးပေါင်းတပ်နှင့် နီးစပ်သူတစ်ဦးက “သုံးနာရီကျော်လောက်မှာ သူတို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာ-အမြင့်လမ်းပိုင်းကို ယာယီအရေးပေါ်ပိတ်ထား

စစ်ကိုင်းတိုင်း မုံရွာ-အမြင့်ကားလမ်းပိုင်းကို ဒီကနေ့ မေလ ၁၇ရက်နေ့ ညနေ ၅နာရီကနေ စတင်ပြီး ယာယီပိတ်ထားမယ်လို့ မဟာမိတ်(၁၀)ဖွဲ့က အရေးပေါ်ကြေညာလိုက်ပါတယ်။ စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်နေပြီး အရေးပေါ်အခြေအနေကြောင့် တစ်ဦးတစ်ယောက်မှ ဖြတ်သန်း မသွားလာဖို့ အရေးပေါ်ကိစ္စရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေကြောင်းတိုက်ခိုက်မှုကြောင့် PDF(Kalay)တပ်ရင်း ၄ ပင်မစခန်း စွန့်လွှတ်ခဲ့ရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကုက္ကိုရွာ အရှေ့ဘက်မှာ အခြေစိုက်ထားတဲ့ PDF(Kalay)တပ်ရင်း ၄ ပင်မစခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် စခန်းစွန့်လွှတ်ခဲ့ရတယ်လို့ PDF(Kalay)က ဒီကနေ့ မေလ ၁၇ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မေလ ၁၄ရက်နေ့မှာ PDF(Kalay)တပ်ရင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦးမှာ ကင်းပုန်းချဖို့ ထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ၅ဦးသေ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ကင်းပုန်းချဖို့ အန်စာတုံးကားတစ်စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ ဒီကနေ့ ၁၇ရက်နေ့ မနက် ၁၀နာရီ၄၅မိနစ်လောက်မှာ အန်စာတုံးကားတစ်စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စုကို နတ်ရေကန်ကျေးရွာနဲ့ ငါးရှန်ကျေးရွာကြားမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘီးလင်းမှာ နယ်ကျွံလာတဲ့ အကြမ်းဖက်စစ်တပ်ကို KNLAပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်၊စစ်သား ၂ဦးသေ

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ဒေါက်ရပ်ရွာအနီး နယ်ကျွံလာတဲ့ အကြမ်းဖက်စစ်တပ်ကို KNLAပူးပေါင်းတပ် ဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးသေဆုံးကာတစ်ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ မေလ၁၇ရက်နေ့၊မနက်၆နာရီကနေ ၁၀နာရီခွဲအထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး KNLAတပ်မဟာ(၁) တပ်ရင်း(၂)၊ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နဲ့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)တို့ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ KNLAပူးပေါင်းတပ်ဖွဲ့ဝင် ၂ဦး [ဆက်လက်ဖတ်ရှုရန်]