မုံရွာ-အမြင့်လမ်းပိုင်းကို ယာယီအရေးပေါ်ပိတ်ထား

စစ်ကိုင်းတိုင်း မုံရွာ-အမြင့်ကားလမ်းပိုင်းကို ဒီကနေ့ မေလ ၁၇ရက်နေ့ ညနေ ၅နာရီကနေ စတင်ပြီး ယာယီပိတ်ထားမယ်လို့ မဟာမိတ်(၁၀)ဖွဲ့က အရေးပေါ်ကြေညာလိုက်ပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေ မြင့်တက်နေပြီး အရေးပေါ်အခြေအနေကြောင့် တစ်ဦးတစ်ယောက်မှ ဖြတ်သန်း မသွားလာဖို့ အရေးပေါ်ကိစ္စရှိပါက သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အကြောင်းကြားပြီးမှ အသုံးပြုကြဖို့အတွက် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ မုံရွာခရိုင်တပ်ရင်း(၃) Lightning PDF.၊Monywa Peregrine PDF ၊Black Wolf Defence force ၊Chaung U Local Defence Force ၊
ချောင်းဦးမြို့နယ် တော်လှန်ရေးတပ် Chaung U Revolution Army ၊Farmers Revolution Force CHU ၊Black Eagle People’s Defence Force ၊Monywa Brave Hearts MBH ၊Dragon Brother’s PDF နဲ့ဗန္ဓုလ-အဖွဲ့တွေက အရေးပေါ် ကြေညာချက်ထုတ်ပြန်လိုက်တာပါ။
လမ်းပိုင်း ပြန်လည် အသုံးပြုနိုင်မဲ့ အခြေအနေကိုလည်း ထပ်မံအသိပေးကြေညာသွားမယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက သာလွန်လက်နက်အင်အားတွေနဲ့ စစ်ရေးလှုပ်ရှားနေပြီး ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။