ကျန်းမာရေး

ပုသိမ်ကိုဗစ်လူနာသစ်၃ဦးမှာအထည်ချုပ်ဝန်ထမ်းတစ်ဦးပါဝင်

၈၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၃)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်ငဝန်ကျွန်းသာ(၅)လမ်းမှာနေထိုင်တဲ့ ချိုင်မွန်စပေါ့အထည်ချုပ်စက်ရုံက ဝန်ထမ်းအသက်(၂၉)နှစ်အရွယ်အမျိုးသမီးနဲ့ သူရဲ့အသက်(၁၉)နှစ်အရွယ်ညီမဖြစ်သူတို့ဟာ လွန်ခဲ့တဲ့ သုံးရက်ကဖျားခဲ့ပြီး ဒီနေ့အနံပျောက်နေတာကြောင့် အထက(၅)Fever Clinicမှာလာရောက်စစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။ အထည်ချုပ်၀န်ထမ်းတွေရောဂါတွေ့လို့ lockdownလုပ်ထားတဲ့ ကင်မလင်းကျွန်းငုဝါ(၃)လမ်းအဆောင်မှာနေထိုင်ပြီး ကျောက်ကားမောင်းတဲ့အသက်(၂၄)နှစ်အရွယ်အမျိုးသားကို [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ပုသိမ်ကိုဗစ်လူနာသစ်၁၈ဦးတိုး

၇၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၁၈)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ နန္ဒဆောင်ကွာရန်တင်းမှာအသွားအလာကန့်သတ်ထားတဲ့သစ္စာလမ်းကအသက်(၃၀)အရွယ်အမျိုးသမီး၊ တဂေါင်းဘုရားလမ်းကြားမှာနေထိုင်တဲ့အသက်(၄၂)နဲ့ (၃၂)နှစ်အရွယ်အမျိုးသား(၂)ဦး၊ အသက်(၃၇)နှစ်၊(၁၆)နှစ်နဲ့ (၃၉)နှစ်အရွယ်အမျိုးသမီး(၃)ဦးတို့ကို ဒုတိယအကြိမ်စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ရွေဘုံသာကမ်းနားလမ်းက ရောဂါရှိသူနဲ့ထိတွေ့မိတဲ့ အသက်(၄၀)နှစ်၊(၂၇)နှစ်၊(၄၈)နှစ်နဲ့(၃၅)နှစ်အရွယ်အမျိုးသားလေးဦး၊ တစ်နှစ်နဲ့လေးလအရွယ်ကလေးငယ်တစ်ဦး၊ ရွှေဘုံသာဘုရား နောက်လမ်းကအသက်(၄၂)အရွယ်ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးမှာပါ ရောဂါစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရောဂါရှိသူနဲ့ထိတွေ့သူများဖြစ်တဲ​ြကင်မလင်းကျွန်းစံပြ(၃)လမ်းက အသက်(၄၆)နှစ်နဲ့(၁၅)နှစ်အရွယ်အမျိုးသမီးနစ်ဦး၊ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ပုသိမ်ဆေးရုံကဆရာဝန်နဲ့သူနာပြုတွေ ကိုဗစ်ရောဂါကူးစက်ခံရ

၇၊ဇန်နဝါရီ၊၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၁၀)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်ကမ်းနားလမ်းရွှေဘုံသာ ကမနေ့ကလူနာ(၇၁၀)ရဲ့မြေးဖြစ်သူ(၃)နှစ်အရွယ်မိန်းကလေးနဲ့ မျက်နှာချင်းဆိုင်အိမ်မှာနေထိုင်တဲ့ အသက်(၅၄)နှစ်အရွယ်အမျိုးသမီးတို့ကို စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ပုသိမ်ဆေးရုံ၀န်း သူနာပြုဆောင်မှာနေထိုင်တဲ့ အသက်(၂၅)နှစ်အရွယ်သူနာပြုဆရာမ တစ်ဦးဟာ အနံပျောက်နေတာကြောင့်စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ရောဂါတွေ့ခဲ့တဲ့သူနာပြုဆရာမနဲ့ အဆောင်အတူနေသူများကိုစစ်ဆေးခဲ့ရာFever Clinicမှာတာ၀န်ကျနေတဲ့ အသက်(၂၉)နှစ်အရွယ်အထက်တန်းသူနာပြုဆရာမ၊ အမျိုးသမီးခွဲစိတ်ဆောင်က အသက်(၂၇)နှစ်အရွယ်အထက်တန်းသူနာပြုဆရာမ၊ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ဗြိတိန်နိုင်ငံမှ ကိုဗစ်ဗီဇကွဲအသစ်အကြောင်း ယခုအချိန်အထိ တွေ့ရှိချက်များ

ရေးသားသူ – Aunghein PhoeKhwar ၆ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။ ဗြိတိန်နိုင်ငံမှ ကိုဗစ်ဗီဇကွဲအသစ်အကြောင်း ယခုအချိန်အထိ တွေ့ရှိချက်များ (၁) ကူးစက်နှုန်း ဗြိတိန်ကိုဗစ်ဗီဇကွဲအသစ်သည် မူလကိုဗစ်မျိုးရိုးထက် ပျံ့နှံ့ကူးစက်နိုင်စွမ်း ၇၀% [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ပုသိမ်ကိုဗစ်လူနာ၆ဦးမှာအထည်ချုပ်နဲ့ ဆားစက်ဝန်ထမ်းတွေပါဝင်

၅၊ ဇန်နဝါရီ၊ ၂၀၂၀။ ပုသိမ်မြို့မှာဒီနေ့(၆)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်ဝါးယားချောင်းမှာနေထိုင်တဲ့ အသက်(၁၆)နှစ်အရွယ်ဒေါင်းလောင်းအထည်ချုပ်စက်ရုံက ဝန်ထမ်းအမျိုးသမီးမှာ ရောဂါတွေ့ခဲ့ပါတယ်။ သူဟာ တစ်ပတ်ခန့်ဖျားပြီးအနံပျောက်နေကာ ဒီဇင်ဘာ(၃၁)ထိအလုပ်ဆင်းထားတယ်လို့ သိရပါတယ်။ ရန်ကုန်ရွှေပြည်သာက အိမ်တစ်ခုမှာသူနာပြုအကူလုပ်ခဲ့ကာ ပုသိမ်မြို့ကိုပြန်လာပြီး ကွာရန်တင်းဝင်နေတဲ့ ဝါးယားချောင်းကျေးရွာက [ဆက်လက်ဖတ်ရှုရန်]

ဖျာပုံခရိုင်

ဖျာပုံက လင်မယားနှစ်ယောက်ရဲ့နေအိမ်မှာ မူးယစ်ဆေးတွေမိ

၅ ၊ ဇန်နဝါရီလ ၊ ၂၀၂၁ ။ ဖျာပုံမြို့၊ အမှတ်(၁၁)ရပ်ကွက်နေ လင်မယားနှစ်ဦးရဲ့နေအိမ်မှာ WYစာတမ်းပါ ပန်းရောင်ဆေးပြား ၅၀ကျော်နဲ့အတူ ဆက်စပ်ပစ္စည်းတွေကို မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းကနေ သိရပါတယ်။ ဇန်နဝါရီလ ၄ရက်နေ့ ညနေပိုင်းက [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်

ချောင်းသာကမ်းခြေမှာ နိုင်ငံသားအထောက်အထားမဲ့ ဝင်လာသူ ၇ဦးဖမ်းမိ

၄၊ ဇန်နဝါရီ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဒီနေ့ မနက်အစောပိုင်းက ရခိုင်ပြည်နယ်ကနေ ဝင်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့ ၇ဦးကို ဖမ်းမိခဲ့တယ်လို့တိုင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။ “မသင်္ကာဖွယ် စက်လှေတစ်စီးကိုတွေ့လို့ ဒေသခံတွေက သတင်းပေးတာပါ အဲဒါကို [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

အထည်ချုပ်ဝန်ထမ်း(၅)ဦးနဲ့ ဈေးသည်အိမ်ယာဝန်ထမ်းတွေပါဝင်တဲ့ ပုသိမ်ကိုဗစ်လူနာ(၁၂)ဦး

၂၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၁၄)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ ပုသိမ်မြို့ စကားဝါလမ်းမှာနေထိုင်တဲ့ အသက်(၅၈)နှစ်အရွယ်အမျိုးသမီးမှာရောဂါတွေ့ခဲ့ပါတယ်။ သူဟာကွမ်းခြံဈေးမှာကြက်သားရောင်းသူဖြစ်သူ ဖြစ်ပြီး ရောဂါတွေ့သူနဲ့ထိတွေ့မိလို့ ကွာရန်တင်း၀င်ရောက်နေသူဖြစ်ပါတယ်။ သာသနာ့ဗိမာန်က Fever Clinicကို အနံပျောက်လို့လာပြတဲ့င၀န်ကျွန်းသာ(၁၀)လမ်းက အသက်(၅၅)နှစ်အရွယ်အမျိုးသမီးနဲ့ဒုံး၀န်းတိုးချဲ့ (၃)လမ်းက ဘူတာဈေးက ကြက်သားရောင်းခဲ့သူ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ပုသိမ်မှာမိသားစုလိုက် ကူးစက်မှုတွေနဲ့ ကိုဗစ်လူနာသစ်(၁၄)ဦးတွေ့

၁၊ ဇန်နဝါရီ၊၂ ၀၂၁ ။ ပုသိမ်မြို့မှာ ဒီနေ့(၁၄)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ပုသိမ်သစ္စာလမ်းက မနေ့ကလူနာ(၆၅၅)ရဲ့ အသက်(၁၂)နှစ်အရွယ်သား၊(၆၁)နှစ်အရွယ်မိခင်၊(၆၃)နှစ်အရွယ်ယောက္ခမ၊ လူနာ(၆၅၆)ရဲ့ခင်ပွန်းဖြစ်သူအသက်(၅၉)နှစ်ရှိ သစ်လုပ်ငန်းလက်ထောက်မန်နေဂျာ၊အသက်(၃၂)နှစ်အရွယ်သမီး၊ အသက်(၉)နှစ်အရွယ်မြေးဖြစ်သူအပါအဝင် မိသားစုတွေမှာ ကိုဗစ်ရောဂါတွေ့ခဲ့ပါတယ်။ ရွှေဘုံသာကမ်းနားလမ်းက နတ်ကနားစီးလုပ်ကိုင်တဲ့အသက်(၆၂)အရွယ်အမျိုးသားနဲ့ သူရဲ့အသက်(၅၄)နှစ်အရွယ်ညီမတို့ဟာ [ဆက်လက်ဖတ်ရှုရန်]