ပုသိမ်ကိုဗစ်လူနာသစ်၁၈ဦးတိုး

၇၊ ဇန်နဝါရီ၊ ၂၀၂၁။

ပုသိမ်မြို့မှာဒီနေ့(၁၈)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။

နန္ဒဆောင်ကွာရန်တင်းမှာအသွားအလာကန့်သတ်ထားတဲ့သစ္စာလမ်းကအသက်(၃၀)အရွယ်အမျိုးသမီး၊ တဂေါင်းဘုရားလမ်းကြားမှာနေထိုင်တဲ့အသက်(၄၂)နဲ့ (၃၂)နှစ်အရွယ်အမျိုးသား(၂)ဦး၊ အသက်(၃၇)နှစ်၊(၁၆)နှစ်နဲ့ (၃၉)နှစ်အရွယ်အမျိုးသမီး(၃)ဦးတို့ကို ဒုတိယအကြိမ်စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။

ရွေဘုံသာကမ်းနားလမ်းက ရောဂါရှိသူနဲ့ထိတွေ့မိတဲ့ အသက်(၄၀)နှစ်၊(၂၇)နှစ်၊(၄၈)နှစ်နဲ့(၃၅)နှစ်အရွယ်အမျိုးသားလေးဦး၊ တစ်နှစ်နဲ့လေးလအရွယ်ကလေးငယ်တစ်ဦး၊ ရွှေဘုံသာဘုရား နောက်လမ်းကအသက်(၄၂)အရွယ်ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးမှာပါ ရောဂါစစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ရောဂါရှိသူနဲ့ထိတွေ့သူများဖြစ်တဲ​ြကင်မလင်းကျွန်းစံပြ(၃)လမ်းက အသက်(၄၆)နှစ်နဲ့(၁၅)နှစ်အရွယ်အမျိုးသမီးနစ်ဦး၊ လယ်တီ(၂)လမ်းက အသက်(၄၅)နှစ်၊(၇၂)နှစ်အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်(၁၃)နှစ်အရွယ်အမျိုးသားတို့မှာရောဂါတွေ့ခဲ့ပါတယ်။

ကင်မလင်းကျွန်းခတ္တာ(၆)လမ်းမှာနေထိုင်တဲ့ ကား၀ပ်ရှော့လုပ်ငန်းလုပ်ကိုင်တဲ့လအသက်(၄၁)နှစ်အရွယ်အမျိုးသားတစ်ဦးဟာ အနံပျောက်နေတာ(၂)ရက်ရှိတာကြောင့်သာသနာ့ဗိမာန်Fever Clinicကိုလာရောက်ပြသရာကရောဂါတွေ့ခဲ့ပါတယ်။

လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၇၉၁)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၆၆၃)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။