ကျန်းမာရေး

ပုသိမ်ကိုဗစ်လူနာသစ်၁၈ဦးတိုး

၇၊ ဇန်နဝါရီ၊ ၂၀၂၁။ ပုသိမ်မြို့မှာဒီနေ့(၁၈)ဦးမှာကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေသိရပါတယ်။ နန္ဒဆောင်ကွာရန်တင်းမှာအသွားအလာကန့်သတ်ထားတဲ့သစ္စာလမ်းကအသက်(၃၀)အရွယ်အမျိုးသမီး၊ တဂေါင်းဘုရားလမ်းကြားမှာနေထိုင်တဲ့အသက်(၄၂)နဲ့ (၃၂)နှစ်အရွယ်အမျိုးသား(၂)ဦး၊ အသက်(၃၇)နှစ်၊(၁၆)နှစ်နဲ့ (၃၉)နှစ်အရွယ်အမျိုးသမီး(၃)ဦးတို့ကို ဒုတိယအကြိမ်စစ်ဆေးရာကရောဂါတွေ့ခဲ့ပါတယ်။ ရွေဘုံသာကမ်းနားလမ်းက ရောဂါရှိသူနဲ့ထိတွေ့မိတဲ့ အသက်(၄၀)နှစ်၊(၂၇)နှစ်၊(၄၈)နှစ်နဲ့(၃၅)နှစ်အရွယ်အမျိုးသားလေးဦး၊ တစ်နှစ်နဲ့လေးလအရွယ်ကလေးငယ်တစ်ဦး၊ ရွှေဘုံသာဘုရား နောက်လမ်းကအသက်(၄၂)အရွယ်ကုန်စုံဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးမှာပါ ရောဂါစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ရောဂါရှိသူနဲ့ထိတွေ့သူများဖြစ်တဲ​ြကင်မလင်းကျွန်းစံပြ(၃)လမ်းက အသက်(၄၆)နှစ်နဲ့(၁၅)နှစ်အရွယ်အမျိုးသမီးနစ်ဦး၊ [ဆက်လက်ဖတ်ရှုရန်]