ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လိုင်ဇာမှာကလေးတဦးအပါသုံးဦးသေဆုံး။ ဒဏ်ရာရသူများလည်းရှိနေ

မတ်၊ ၇ လိုင်ဇာမြို့အနီးဝန်းကျင်နဲ့ မြစ်ကြီးနား – ဗန်းမော်ကားလမ်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ပူးပေါင်းတပ်တွေကထိုးစစ်ဆင်တိုက်ခိုက်နေလို့ တိုက်ပွဲ ပြင်းထန်နေပြီးစစ်ကောင်စီလက်နက်ကြီးပစ်ခတ်မူကြောင့်ကလေးငယ်တဦးအပါအဝင်သုံးဦးအနည်းဆုံးသေဆုံးခဲ့တယ်လို့သိရပါတယ်။ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီရဲ့ခယာတောင် နဲ့ဘွမ်ရဲတောင်တပ်စခန်း။ မိုးမောက်မြို့နယ်ရှိ နွမ်လန်း၊ ဒေါ့ဖုန်းယန်ဒေသ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ်တပ်စခန်းနှင့် အင်လုန်ခတပ်စခန်း၊  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မလေးရှားက Calling Visaကျထားတဲ့ပြည်ပလုပ်သားတွေကို မေလကုန်ထိပဲဝင်ခွင့်ပေးတော့မယ်

မတ်၊ ၆ မလေးရှားအစိုးရက calling Visa ကျထားတဲ့ မြန်မာအပါအဝင်နိုင်ငံခြားသားအလုပ်သမားတွေကို လာမယ့် မေလ ၃၁ရက် နောက်ဆုံးထားခေါ်ယူဖို့အဲ့ဒီနိုင်ငံအတွင်းက လုပ်ငန်းရှင်တွေကိုညွန်ကြားထားတယ်လို့ စစ်ကောင်စီရဲ့ အလုပ် သမားညွှန်ကြားရေးဦးစီးဌာနက အသိပေးဖော်ပြပါတယ်။ မလေးရှားအစိုးရအနေနဲ့ နိူင်ငံခြားသားလုပ်သားခေါ်ယူခွင့်ခွင့်ပြုချက်(KSM Approval)ကို ပြီးခဲ့တဲ့နှစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်ကော်တက္ကသိုလ်ပါချုပ်၊ ဒုပါချုပ်အပါအဝင် ငါးဦးကို ကရင်နီတရားရေးကထောင်ဒဏ်နှစ်နှစ်စီနဲ့ငွေဒဏ်တွေချမှတ်

မတ်၊ ၆ ကရင်နီပြည်(ကယား) လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ငါးဦးကို မတရားအသင်းဆက်သွယ်မှုပုဒ်မနဲ့ ထောင် ဒဏ်နှစ်နှစ်အပြင် ငွေဒဏ်ကျပ်ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်လိုက်တယ်လို့ ကရင်နီပြည်(ကယား) ပြည်နယ်တရားသူကြီးချုပ် ခူးပိုးရယ်က DNA ကို ပြောပါတယ်။ “စစ်ဆေးပေါ်ပေါက်ချက်အရနဲ့ ကာယကံရှင်တွေရဲ့ ဝန်ခံထွက်ဆိုချက်အရ မတရားအသင်းဆက်သွယ်မှုအက်ဥပဒေအရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်တောင်ပိုင်းထိုးစစ် AAစတင်

မတ်၊ ၆ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့တွေကို ဆက်တိုက်သိမ်းယူနေတဲ့ ရက္ခိုင့်တပ်တော်(AA)က တောင်ပိုင်းဒေသမှာပါ စစ်ရေးအရှိန်မြင့်တင်လိုက်တာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်နဲ့ သံတွဲမြို့နယ်အစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို AAက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်သားသုံးဆယ်၀န်းကျင် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒီကနေ့ မတ်လ ၆ရက်မနက်အစောပိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမှာ ထွက်ပေါက်ပိတ်နေတဲ့စစ်ကောင်စီက ဒေသခံတွေကို ဓါးစာခံလုပ် ခံစစ်ပြင်နေ

  မတ်၊ ၆ စစ်ကောင်စီက ရက္ခိုင့်တပ်တော်(AA)ရဲ့ ဝိုင်းဝန်းပိတ်ဆို့ခြင်းကိုခံနေရပြီဖြစ်တဲ့ ပြည်နယ်မြို့တော်စစ်တွေမှာ ဒေသခံဝန်ထမ်းတွေနဲ့ ပြည်သူတွေကို မြို့ပြင်ထွက်ခွင့်မပြုဘဲ ဓါးစာခံလုပ်ကာ ခံစစ်အနေအထားပြင်ဆင်နေတယ်လို့ ဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်တွေမြို့ပေါ်ရှိ ဒေသခံဌာနဆိုင်ရာရုံးဝန်ထမ်းတွေကို ပုံမှန်ရုံးတက်ခိုင်းပြီး မြို့ခံတွေကိုလည်း ထွက်ပြေးတိမ်းရှောင်လို့မရအောင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မောင်တောမြို့အနီးရောက်ရှိလာတဲ့ AAထိုးစစ်ကြောင့်စစ်တပ်ကပြည်သူ့ဆေးရုံကိုပိတ်ခိုင်းပြီးတပ်စွဲခံစစ်ပြင်

မတ်၊ ၅ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ပေါ်မှာရှိတဲ့ ခရိုင်ပြည်သူ့ဆေးရုံနဲ့ ပုဂ္ဂလိကဆေးခန်းတွေအားလုံးကို စစ်ကောင်စီက ပိတ်ခိုင်းပြီး ဆေးရုံဝင်းထဲမှာ စခန်းချနေယူထားတာကြောင့်တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ မောင်တောမြို့လယ် ပြည်သူ့ဆေးရုံမှာရှိတဲ့ လူနာတွေနဲ့ ဆေးရုံဝန်ထမ်းတွေအားလုံးကို နေရပ်ပြန်ခိုင်းပြီး စခန်းချနေတာလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သင်္ဃန်းကျွန်းမြို့နယ်မှာ အုပ်စုဖွဲ့လုယက်မူဖြစ်

မတ်၊ ၄ သင်္ဃန်းကျွန်းမြို့နယ်၊သံသုမာလမ်းမ၊ လိုင်စင်ရုံးမှတ်တိုင်အနီးမှာ မနေ့က မတ်လ၃ ရက်ညက အမျိုးသမီးတွေပါဝင်တဲ့ လူဆယ်ဦးလောက်က ဘီယာဆိုင်ကထွက်လာသူ ငါးဦးကိုထိုးကြိတ်ပြီးငွေလုယက်မူဖြစ်သွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မတ်လ ၃ရက် ည ၉နာရီခွဲလောက်က ဘီယာဆိုင်ကထွက်လာတဲ့ သူတွေကို အသင့်စောင့်ဆိုင်းကာ အကြမ်းဖက်လုယက်သွားခဲ့တာလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကောလင်းမြို့အနီးမှာ တိုက်ပွဲဆက်ဖြစ်၊ ရွာတချို့မီးရှို့ခံရပြီး အမျိုးသားသုံးဦးပစ်သတ်ခံရ

မေ ၊ ၂ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလဘုရားကုန်းစခန်း တဝိုက်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေကြား မနေ့က ညနေပိုင်းအထိတိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က ကျေးရွာတချို့ကို မီးရှို့ထားသလို အမျိုးသားသုံးဦးကိုလည်း ပစ်သတ်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါ တယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့ ဝင်ပေါက်လမ်းတွေနဲ့ တံတားတွေကို စစ်တပ်က ဖျက်ဆီးနေ

မတ် ၊ ၂ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တည်ရှိရာ ရခိုင်ပြည်နယ် အလယ်ပိုင်း အမ်းမြို့တွင်းကိုဝင်ရောက်နိုင်တဲ့ ကားလမ်းတွေနဲ့ အဲဒီလမ်းတွေပေါ်မှာရှိတဲ့ တံတားတွေကို စစ်ကောင်စီတပ်က စက်ယန္တရားကြီးတွေနဲ့ လိုက်လံ ဖျက်ဆီးနေတယ်လို့ မျက်မြင်ဒေသခံတွေက ပြောကြပါတယ်။ နပခနဲ့ စစ်ကောင်စီတပ်ရင်းတွေဆီ လာရောက်နိုင်တဲ့ အမ်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက အရပ်ဘက်နေရာတွေကို ပစ်မှတ်ထားနေတာကြောင့် စစ်ရေးသတိရှိဖို့ ပြည်သူတွေကို AA တိုက်တွန်း

ဖေဖော်ဝါရီ ၂၉ တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီက အရပ်ဘက်နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု နေ့စဉ်ရက် ဆက် လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ပေါ့ပေါ့တန်တန်မနေဘဲ စစ်ရေးသတိရှိကြဖို့ ရခိုင့်တပ်တော် ULA/AA က ဒီကနေ့ ထုတ်ပြန်တိုက်တွန်းပါတယ်။ ဒီကနေ့ မနက်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]