ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စု ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို အရေးယူနိုင်ရေး NUG ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

ပြည်သူအပေါ်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို ဥပဒေနဲ့အညီ အရေးယူအပြစ်ပေး နိုင်ဖို့ ပြည်သူ့ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။ ပြည်သူတစ်ရပ်လုံး ယုံကြည် လက်ခံတဲ့ ရဲတပ်ဖွဲ့အဖြစ် စတင်အခြေပြုပုံဖော်ကာ ပြည်သူအတွက် တရားဥပဒေနဲ့အညီ ဝန်ဆောင်မှုပေးတဲ့ ရဲတပ်ဖွဲ့ဖြစ်စေဖို့ ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေနဲ့အညီပြည်သူ့ရဲတပ်ဖွဲ့ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တပ်ရွှေ့ပြောင်းတဲ့ စစ်အုပ်စုကို တောကြီးမြွေဟောက်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာနဲ့ကျောက်ပုဇွန်တောင်မှာ တပ်ရွှေ့ပြောင်းတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသပြည်သူ့ကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ တောကြီး မြွေဟောက်တပ်ဖွဲ့(King Cobra Force)အဖွဲ့က ဇွန် ၆ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကား ၃ စီးပျက်စီးပြီး ၁၀ ဦးခန့် ထိခိုက်သေဆုံးနိုင်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲမှာစစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်နေ

ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့အတွင်းကို စစ်အုပ်စုတပ်တွေ ဒီနေ့ဇွန်လ ၇ ရက်နေ့ နံနက် ၇နာရီခန့်မှစပြီး စစ်ကြောင်းထိုးဝင်ရောက်လာနေတယ်လို့ Mobye Rescue Team ကဆိုပါတယ်။ မိုးဗြဲမြို့တွင်းဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်ဟာလက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုများ ရှိနေတာကြောင့် ပြည်သူများအနေနဲ့မလိုအပ်ပဲ နေအိမ်အပြင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်း၊ စင်းစယ်ရွာက အိမ်၁၂လုံးနဲ့ စပါးတင်း၅၀၀ကျော် စစ်တပ်မီးရှို့ဖျက်ဆီး

ကွေးတိုင်း၊ ဂန့်ဂေါကနေ ကျောဘက် ထွက်ခွာလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ထီးလင်းမြို့နယ်၊စင်းစယ်ရွာကလူနေအိမ်၁၂လုံးနဲ့ စပါးတင်း၅၀၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ ဇွန်၆ရက်နေ့က ဂန့်ဂေါကနေ ကျောဘက် ပြန်လည်ထွက်ခွာလာတဲ့ ကား၅၄စီးပါ စစ်တပ်ယာဉ်တန်းဟာ ရေမျက်နီ -ရေပုတ်-စင်းစယ်ကျေးရွာ တွေကိုဖြတ်သန်းထွက်ခွာသွားပြီးနောက် မွန်းလွဲ၂နာရီလောက်မှာ အဲဒီယာဉ်တန်းထဲက စစ်ကား၂စီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယောဒေသ၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ အကြမ်းဖက်စစ်တပ် အင်အားဖြည့်နေ

ဇွန်လ ၆ ရက်နေ့၊ ညနေမှာ စစ်သား၊ ရဲ၊ ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ ခန့်ဟာ တောင်ခင်ရန်းရွာ ရဲစခန်းမှာ ညအိပ်ပြီး ဒီနေ့ ၇ ရက်နေ့မှာတော့ တောင်ဘက်နှမ်းခါးရွာကို ချီတက်သွားပြီလို့ ဒေသခံတစ်ဦးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦး၊ ကျီပို့ကုန်းကွင်းမှာတွေ့တဲ့ ပြည်သူ ၁၅ ဦးကို စစ်တပ်ဖမ်းဆီး၊ လူငယ်တစ်ဦး ပစ်ခတ်ခံရပြီး ဆုံးပါး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျီပို့ကုန်းကွင်းတာဘောင်ပေါ်မှာတွေ့တဲ့ ပြည်သူ ၁၅ ဦးကို ဖမ်းဆီးသွားပြီး လူငယ် ၁ ဦး ပစ်ခတ်ခံရလို့ ဆုံးပါးသွားပါတယ်။ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာနဲ့ ရွှေလှေကျေးရွာနှစ်ရွာကြားရဲ့ အရှေ့ဘက်၊ စိုက်ကွင်းတနေရာဖြစ်တဲ့ ကျီပို့ကုန်းကွင်းတာဘောင်ပေါ်တွေ့တဲ့သူတွေကို စစ်တပ်နဲ့ ပျူစောထီးတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ်ကြောင့် သထုံမြို့နယ်အတွင်းက ဒေသခံ ၃၀၀၀ ကျော်ထွက်ပြေးနေရ

မွန်ပြည်နယ်၊ သထုံမြို့နယ် အခြေစိုက် အကြမ်းဖက်စစ်တပ်ရဲ့ ခမရ(၉) ဝီယော်စခန်း နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့စဥ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ကေအဲန်ယူ ဒူးသထူးသထုံခရိုင်က ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီမိုကရေစီတက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်မယ့် စစ်အုပ်စုရဲ့အစီအစဉ် ကနေဒါသံရုံး ရှုတ်ချ

ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်ဖို့ မြန်မာစစ်အာဏာရှင်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် ကနေဒါနိုင်ငံက ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။ ဒီနေ့(ဇွန်၇ရက်နေ့)မှာ မြန်မာနိုင်ငံဆိုင်ရာကနေဒါသံရုံးကို ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ကွပ်မျက်ခြင်းမပြုလုပ်ဖို့ ကနေဒါနိုင်ငံက မြန်မာစစ်တပ်ကို တိုက်တွန်းလိုက်ကြောင်းလည်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့တရားခွင်ဖြစ်ပေါ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာလွတ်လပ်ခွင့်ရရှိရေးအပါအဝင် လူ့အခွင့်အရေးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲမှာစစ်အုပ်စု စစ်ကြောင်းထိုးဝင်ရောက်နေ

ကရင်နီ(ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့အတွင်းကို စစ်အုပ်စုတပ်တွေ ဒီနေ့ဇွန်လ ၇ ရက်နေ့ နံနက် ၇နာရီခန့်မှစပြီး စစ်ကြောင်းထိုးဝင်ရောက်လာနေတယ်လို့ Mobye Rescue Team ကဆိုပါတယ်။  မိုးဗြဲမြို့တွင်းဝင်ရောက်လာတဲ့ စစ်အုပ်စုတပ်ဟာလက်နက်ကြီး ၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုများ ရှိနေတာကြောင့် ပြည်သူများအနေနဲ့မလိုအပ်ပဲ နေအိမ်အပြင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

Kaung For You ကျောင်းမှာ ကျောင်းသားသုံးသောင်းအထိ လက်ခံမယ်

NUGပညာရေးဝန်ကြီးဌာန လက်အောက်ခံ Kaung For You ကျောင်းမှာ ကျောင်းသားသုံးသောင်းအထိ လက်ခံနိုင်အောင်ကြိုးစားစီစဉ်နေကြောင်း သိရပါတယ်။ အခုပညာသင်နှစ်မှာ ကျောင်းသားတစ်သောင်းကိုသာ လက်ခံသင်ကြားပေးသွားမယ်လို့ကြေညာထားတဲ့ Kaung For Youကို ကျောင်းအပ်ထားတဲ့ ကျောင်းသားအရေအတွက် နှစ်သိန်းနီးပါးရှိနေတဲ့အတွက် ကျောင်း သားပိုမိုလက်ခံနိုင်အောင်အပူတပြင်းကြိုးစားနေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]