ဒေသအလိုက် သတင်းကဏ္ဍ

ထိရောက်တဲ့တရားစီရင်ရေးမရှိရင် ရေရှည်တည်တံ့တဲ့ ပြန်လည်သင့်မြတ်ရေး မဖြစ်နိုင်

ပြစ်မှုကျူးလွန်သူတွေအပေါ် တရားစီရင်ရာမှာ ထိရောက်မှုမရှိပါက တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ပြန်လည် သင့်မြတ်ရေးမဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးက ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။ ပြစ်မှုကျူးလွန်သူတွေ လွတ်ငြိမ်းချမ်းသာခွင့်ရနေမှုကို တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂအခြေခံမူထဲမှာ အဲဒီ လိုဖော်ပြထားကြောင်း ဒိန်းမတ်သံရုံးကဆိုပါတယ်။ ဒီနေ့ကျရောက်တဲ့ ပဋိပက္ခအတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပူတာအိုကနေဆင်းလာတဲ့စစ်ယာဉ်တန်း မြစ်ဆုံမှာ မိုင်း ၁၆လုံးနဲ့ တိုက်ခိုက်ခံရ

ကချင်ပြည်နယ်၊ ပူတာအိုမြို့ကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ယာဉ်တန်းကို မြစ်ဆုံ ၊တန်ဖဲကျေးရွာနဲ့ ကျိန်ခရန်ကျေးရွာကြား မှာ မိုင်း၁၆လုံးနဲ့တိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း သိရပါတယ်။ ဇွန်လ ၁၈ ရက်နေ့ မနက် ၇ နာရီလောက်မှာ ကချင်လွတ်လပ်ရေးတပ်မတောF(KIA)နဲ့ ကချင်ဒေသကာကွယ်ရေးတပ်(KPDF) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ ဦးအောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” စာသားကိုင်ဆောင်ချီတက်

ဒီနေ့ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၇၇)နှစ်ပြည့်မွေးနေ့မှာ “ဦးဆောင်ဆန်းသမီး နေကောင်းကျန်းမာပါစေ” စာသားနဲ့အတူ “ဖမ်းဆီးထားသော နိုင်/ကျဉ်းများ ချက်ချင်းလွှတ်” စတဲ့ ကြွေးကြော်သံတွေနဲ့ ဟစ်ကြွေးပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြတာပါ။ အဆိုပါသပိတ်လှုပ်ရှားမှုမှာအကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ခံ နိုင်ငံရေးအကျဉ်းသား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မှာ ` လွတ်လပ်တဲ့ဘဝသစ်အတွက် တိုက်ပွဲကိုဆက်ဝင်ကြ”ဘန်နာချိတ်ဆွဲ

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် (၇၇)နှစ်မြောက် မွေးနေ့ရက်မြတ်မှာ ထား၀ယ်သပိတ်အင်အား စုတွေ စုပေါင်းပြီး“လွတ်လပ်တဲ့ဘဝအသစ်အတွက် တိုက်ပွဲကိုဆက်ဝင်ကြ” ဘန်နာကို ထား၀ယ်မြို့ အဓိကလမ်းမကြီး တနေရာမှာ ချိတ်ဆွဲပြီး တော်လှန်ရေးသီချင်းတွေဖွင့်ကာ စာရွက်များဖြန့်ဝေခဲ့တာပါ။ ထား၀ယ်ခရိုင်အတွင်း လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ၊အရှေ့တောနယ်မြေများတွင် ဖက်ဆစ်စစ်တပ်မှ အပြစ်မဲ့ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းကို တစ်ပတ်တာမသုံးကြဖို့ ထုတ်ပြန်

စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းကို တစ်ပတ်တာလုံးဝအသုံးမပြုကြဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစု၆ဖွဲ့က မေတ္တာရပ်ခံကြောင်း အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်သား၊ရဲ၊သွေးသောက်နဲ့ ပျူစောထီးတို့ဟာ ပြည်သူ့ကားတွေကို ပြန်ပေးဆွဲပြီး တိုက်ပွဲဖြစ်ပွား ရာနေရာတွေဆီ လူအင်အားနဲ့လက်နက်အင်အားဖြည့်တင်းနေတာကြောင့် ဇွန်၁၉ရက်နေ့(ဒီနေ့)ကနေ ဇွန်လ ၂၅ရက်နေ့အထိ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းကို အသုံးမပြုကြဖို့ မေတ္တာရပ်ခံခြင်းဖြစ်ကြောင်းPHOENIX(SGG) ကထုတ်ပြန်ပါတယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နယ်သာလန်ဆရာတော်ကျောင်းမှာ ဒေါ်အောင်ဆန်းစုကြည် (၇၇) နှစ်မြောက်မွေးနေ့ဆွမ်းကပ်လှူဒါန်း

မနေ့က ဇွန်လ ၁၈ ရက်နေ့မှာ နယ်သာလန်နိုင်ငံ ဘရေဒါမြို့ရှိ (နယ်သာလန်ဆရာတော်)ကျောင်းမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇) နှစ်မြောက်မွေးနေ့ ကို ဆွမ်းကပ်လှူဒါန်းခြင်း နဲ့ ဝဝစား များများလှူ အစီအစဥ်တွေ ပြုလုပ်ခဲ့ကြပါတယ်။ နယ်သာလန်ရောက်မြန်မာနိုင်ငံသားတွေစုပေါင်းပြီး မွေးနေ့အတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာ အကြမ်းဖက်တပ် ရှေ့ထွက်ပြောင်းနဲ့ တိုက်ခိုက်ခံရ၊ ၅ဦးသေတယ်လို့ပြော

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သင်တောရွာကနေ ထွက်လာတဲ့ အကြမ်းဖက်တပ်ကို ရှေ့ထွက်ပြောင်းတွေနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်သား၅ဦးသေဆုံးခဲ့တယ်လို့ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစု(YRPA)က ဒီ ကနေ့ထုတ်ပြန်ပါတယ်။ ဇွန်၁၈ရက်နေ့၊မနက်၇နာရီလောက်မှာ တောင်ခင်ရန်းရွာမှာ ညအိပ်ပြီး မြောက်ဘက်ကို ထွက်လာတဲ့ အကြမ်းဖက်စစ်သား၂၀၀ကျော်တို့ကို သင်တောရွာအထွက်မှာ PDF-(701)Gangaw Battalion [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာတပ်စွဲထားတဲ့စစ်တပ်ကိုတိုက်ခိုက်၊၄ဦးသေကြောင်းထုတ်ပြန်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက ဒေါင့်အင်းကုန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၄ဦးသေဆုံးခဲ့ကြောင်း Yedashe-PDF 2 က ဒီကနေ့ထုတ်ပြန်ပါတယ်။ ဒေါင့်အင်းကုန်းရွာမှာ အကြမ်းဖက်စစ်သားအင်အား၅၀လောက်တပ်စွဲထားပြီး ဇွန်၁၅ရက်နေ့ ညနေ၆နာရီ လောက်မှာ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး ရှားလော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့က မူးယစ်ဆေးရောင်းနေတဲ့အိမ်ကို သေနတ်သမားတွေက ခြိမ်းခြောက်ငွေတောင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ သေနတ်သမားနှစ်ဦးက အိမ်တစ်အိမ်ကို လက်နက်ပြခြိမ်းခြောက်ပြီး ငွေ ၁၅သိန်းတောင်းယူခဲ့တယ်လို့ မြို့ခံတွေက DNA ကို ပြောပါတယ်။ ဇွန်လ ၁၅ ရက်နေ့က ကလေးမြို့နယ် မြောက်ပိုင်းရွာတစ်ရွာမှာ Mask တပ်ထားတဲ့ လူနှစ်ယောက်ဟာ သေနတ်အတို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုတပ်တွေကြောင့် ဂန့်ဂေါ – ကလေး ကားလမ်းဘေးက ပြည်သူတွေ နေအိမ်စွန့်ခွာထွက်ပြေး

ဒီနေ့ ဇွန်လ ၁၈ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းတွေချီလာတာကြောင့် ဂန့်ဂေါ- ကလေး ကားမကြီးဘေးက ပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာရှောင်နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ကားလမ်းဘေးအိမ်တွေဆို ခြောက်ကပ်လို့ လူမနေကြတော့ဘူးလေ။ အခုထိုးလာတဲ့ စစ်ကြောင်းက တော်တော်ရက်စက်ကြမ်းကြုတ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]