NUCC ဖေ့စ်ဘွတ်ခ်စာမျက်နှာ လွှင့်တင်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာကို ဒီကနေ့ လွှင့်တင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ သတင်းပြန်ကြားရေးနဲ့ လူထုဆက်သွယ်ရေး လုပ်ငန်းတွေ ပိုမိုအားကောင်းစေဖို့ အတွက် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/nucc.federal/ ကို လွှင့်တင်လိုက်ခြင်းဖြစ်ကြောင်း NUCC ကဆိုပါတယ်။
တရားဝင်ဝက်ဘ်ဆိုဒ်ကို မကြာမီ လွှင့်တင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
NUCCဟာ နွေဦးတော်လှန်ရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးအတွက် အရေးပါတဲ့ တပ်ပေါင်းစုပုံစံ အဖွဲ့အစည်းကြီးဖြစ်ပါတယ်။