ဒေသအလိုက် သတင်းကဏ္ဍ

ကန့်ဘလူနယ်ထဲက ရွာတွေမှာ လူနေအိမ်တွေထဲ မြေမြှပ်မိုင်းတွေတွေ့လို့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေ

အခုနိုဝင်ဘာလထဲမှာပဲ စစ်ကောင်စီက စစ်ကြောင်းထိုးတာတွေနဲ့ နေအိမ်မီးရှို့တာတွေဆက်တိုက်ဖြစ်နေတဲ့ ကန့်ဘလူနယ်ထဲက ကျေးရွာတွေမှာ လူနေအိမ်ခြံဝန်းတွေထဲမြေမြှုပ်မိုင်းတွေ မကြာခဏတွေ့နေတာကြောင့် စိုးရိမ်ပူပန်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာကနေပြန်ထွက်လို့ ဒေသခံတွေ ကျေးရွာတွေထဲ ပြန်ဝင်ချိန်မှာ အခုလိုခြံဝန်းတွေထဲ မိုင်းတွေတွေ့ရတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါနယ်ထဲ တိုက်ပွဲကပြန်လာတဲ့ စစ်တပ်က ရှုံးရှိကျေးရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ နေအိမ်တလုံးကို မီးရှို့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ စစ်ကြောင်းလှည့်နေတဲ့ စစ်တပ်ဟာ ဒီကနေ့နေ့လယ်ပိုင်းမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ််ခဲ့ပြီး ဂန့်ဂေါမြို့ဘက်အပြန်မှာ ရှုံးရှိကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို နေအိမ်တလုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ဂန့်ဂေါမြို့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုရပ်ဖို့ ဆန္ဒပြခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့ခံပြည်သူတွေဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ” ရပ်” ဆိုတဲ့စာတန်းကိုင်ဆောင်ပြီး နိုဝင်ဘာ (၂၆) ရက်ဒီကနေ့မှာ ဆန္ဒပြခဲ့ကြတယ်လို့ သပိတ်အင်အားစုတွေဆီက သိရပါတယ်။ ” အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ မနေ့က ဟောပြောပွဲတွေလုပ်တယ်၊ ဒီနေ့လမ်းပေါ်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းပြည်နယ် မတူပီမှာ စပါးထွက်နှုန်းကျဆင်းလာ

ချင်းပြည်နယ် မတူပီမြို့ဒေသတဝိုက် ကျေးရွာတချို့မှာ ရာသီဥတုဒဏ်နဲ့ စစ်ဘေးအခြေအနေတွေ ကြောင့် စပါးထွက်နှုန်း သိသိသာသာ ကျဆင်းလာတယ်လို့ ဒေသခံတောင်သူတွေက DNA ကိုပြော ပါတယ်။ “ဒီနှစ်တော့ စပါးထွက်နှုန်းတော်တော်ကျတယ်၊ အရင်က (၂၅) အိတ်လောက်ထွက်တဲ့ဟာကို ဒီနှစ် (၁၄) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်းမြို့နယ် ဝါးရင်းချိုင်ရွာက မီးဘေးသင့်ပြည်သူတွေ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့တဲ့ ထီးလင်းမြို့နယ် ဝါးရင်းချိုင်ကျေးရွာက ပြည်သူသုံးရာကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ ဝါးရင်းချိုင်ရွာသားတဦးက DNA ကိုပြောပါတယ်။ “ဆန်အသစ်မပေါ်ခင်ဆန်ရယ်၊ မီးဖိချောင်သုံးပစ္စည်း ဆီး၊ ဆား၊ ငါးပိစသည်အားဖြင့်လိုတယ်၊ လောလောဆယ် မီးမလောင်ဘဲကျန်ခဲ့တဲ့အိမ်က ဆန်ဆီဆားတွေကို မျှဝေစားနေရတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇလွန်မြို့ စိုက်ပျိုးရေးဘဏ်ခွဲရှေ့မှာ ပေါက်ကွဲမှုဖြစ်

ဧရာ၀တီတိုင်း၊ ဇလွန်မြို့၊ လမ်းမတော် မြောက်ရပ်ကွက်က လယ်ယာစိုက်ပျိုးရေးဘဏ်ခွဲရှေ့မှာ နိုဝင်ဘာ (၂၅) ရက် မနက် ၆ နာရီကျော်က ဗုံးတလုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ “အသံကအတော် ကျယ်တယ်၊ ရပ်ကွက်ထဲကအချို့အိမ်တွေ တုန်တောင်သွားတယ်၊အဆောက်အဦး လည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာ-စစ်ကိုင်းလမ်းမှာ စစ်ကောင်စီယာဉ်တန်း တရက်တည်း အကြိမ်နှစ်ဆယ် ဝန်းကျင် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ စစ်ကိုင်းမြို့ကိုသွားတဲ့ လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးတပ်တွေက နိုဝင်ဘာ (၂၅) ရက်တရက်တည်းမှာပဲ အကြိမ် (၂၀) ဝန်းကျင်အထိ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။ မုံရွာကနေစစ်ကိုင်းကို ကြေးနီတွေ သယ်လာတဲ့ ကားဆယ်စီးပါ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့ ညောပြင်ရွာကိုစစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်က ရွာခံနှစ်ဦးကို ပစ်သတ်ခဲ့တယ်လို့ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညောပြင်ရွာကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ (၂၅) ရက် မနက်ပိုင်းမှာ စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာသားနှစ်ဦးကို သတ်ဖြတ်သွားခဲ့တယ်လို့ လောင်းလုံး ဒေသခံတွေနဲ့ မြို့ခံတော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။ “ပစ်သတ်ခံရတဲ့လူဆိုရင် စစ်ကြောင်းထိုးဝင်လာတဲ့အခါမှာ သူကပုန်းနေတယ်လို့ပြောတယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူး-ကလေး လမ်းပေါ်က ခရိုနီကုမ္ပဏီပိုင် အဆောက်အအုံတွေကို စစ်တပ်က မီးရှို့ဖျက်ဆီး

အိန္ဒိယဘက်က စစ်လက်နက်ပစ္စည်းတွေကို သယ်ဆောင်ပြီး လုံခြုံရေးအင်အား အများအပြားနဲ့ တမူးကနေ ကလေးမြို့ကို လာနေတဲ့စစ်ကောင်စီယာဥ်တန်းဟာ ကလေး – တမူးလမ်းဘေး၊ ၅၅ မိုင်အနီးက တင်ဝင်း ထွန်း စိုက်ပျိုးရေးကုမ္မဏီပိုင်ခြံထဲက ဘန်ဂလိုတွေကို နိုဝင်ဘာလ (၂၅) ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက တလအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ် ခြောက်ဆယ်နီးပါးလုပ်ခဲ့ပြီး အရပ်သားတွေအပါအဝင် တရာကျော်သေဆုံး

စစ်ကောင်စီကအခုနှစ် အောက်တိုဘာလ တလတည်းအတွင်း လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှု (၅၇) ထက် မနည်းလုပ်ခဲ့ပြီး အရပ်သားတွေအပါအဝင် တရာကျော်သေဆုံးခဲ့တယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP-Myanmar ရဲ့ သုတေသန စာတမ်းတရပ်က ဆိုပါတယ်။ စစ်ကောင်စီဟာ အောက်တိုဘာလအတွင်း ကချင်ပြည်နယ် ၊စစ်ကိုင်းတိုင်း၊ [ဆက်လက်ဖတ်ရှုရန်]