ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့နယ်မှာ လူငယ်အမျိုးသမီးတဦး လုယက်သတ်ဖြတ်ခံရ

စက်တင်ဘာ၊ ၁၃ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ အသက်နှစ်ဆယ်လူငယ် အမျိုးသမီးတဦး အလုပ်သွားဖို့ဆိုင်ကယ်နဲ့အိမ်က ထွက် သွားရာက လုယက်သတ်ဖြတ်ခံလိုက်ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက DNA ကိုပြောပါတယ်။ ကလေးမြို့တောင်ဘက် သာစည်ရွာမှာနေထိုင်တဲ့ အသက်နှစ်ဆယ်အရွယ် မကျော့ကျော့ဝင်းဆိုသူဟာ စက်တင် ဘာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လဝက်ကြာ ပျောက်ဆုံးနေတဲ့ မအူပင်က ကလေးနှစ်ဦးရန်ကုန်မှာ ချုပ်နှောင်ခံထားရတာ ဖြစ်နေ

စက်တင်ဘာ၊ ၁၃ ဧရာဝတီတိုင်း မအူပင်မြို့နယ်က ဆယ်ကျော်သက် ယောက်ကျားလေးနှစ်ဦးကို အမည်မသိသူတဦးက ဖမ်းခေါ် သွားကာ ရန်ကုန်မြို့မှာလဝက်ကြာ ချုပ်နှောင်ခံခဲ့ရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေက DNA ကို ပြောပါတယ်။ “သူတို့သတိရတဲ့အချိန်မှာအိမ်တလုံးရဲ့ ဂိုထောင်ထဲမှာ သူတို့ကို ဖမ်းထားတာ၊ နှစ်ယောက်လုံးကိုတိုင်မှာကြိုး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

BNRA တပ်ဖွဲ့တည်ထောင်မှုနဲ့ ပတ်သက်ပြီး ဗိုလ်နဂါးနဲ့ NUG ထုတ်ပြန်ပြောဆိုချက်ကွဲလွဲနေ

စက်တင်ဘာ၊ ၁၂ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)တပ်ဖွဲ့စတင်တည်ထောင်တာနဲ့ပတ်သက်လို့ NUG  ကာကွယ် ရေးဝန်ကြီး၊ယာယီသမ္မတ တို့နဲ့ကြိုတင်ဆွေးနွေးညှိနှိုင်းခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်နဂါးကပြောထားပေမယ့် NUG ဘက် ကတော့ အဲ့ဒီအချက်ကိုပယ်ချလိုက်ပါတယ်။ ဗိုလ်နဂါးနဲ့ NUG ကာကွယ်ရေးဝန်ကြီးဦးရည်မွန်၊ယာယီသမ္မတ ဒူဝါလရှီးလတို့ အွန်လိုင်းကနေတွေ့ဆုံ ဆွေးနွေး ရာမှာစစ်ဒေသအလိုက် COC(Chain [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငါန်းဇွန်မှာ ဒေသခံ ခြောက်ဆယ်ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီးစစ်ဆေး

စက်တင်ဘာ၊ ၁၂ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီတပ်က စက်တင်ဘာလ ၁၁ ရက်က ကျေးရွာနှစ်ရွာက ဒေသခံ ၆၁ ဦးကို ဖမ်းဆီးပြီး စစ်ဆေးမှုတွေပြုလုပ်နေ တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဆီကသိရပါတယ်။ “ လက်ပံသာရွာကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကမ်းနီး ငါးဝင်ခိုးဖမ်းတဲ့ ကမ်းဝေးငါးဖမ်းလှေ ခုနှစ်စီး ပုလော PDF ဖမ်းဆီး

စက်တင်ဘာ၊ ၁၂ တနင်္သာရီတိုင်း၊ ပုလောမြို့ရဲ့ အနောက်ဘက် ပင်လယ်ပြင်မှာ ငါးဖမ်းဥပဒေချိုးဖောက်ပြီး ကမ်းနီး ငါးဝင်ခိုးဖမ်းတဲ့ ကမ်းဝေးငါးဖမ်းလှေ(ဝါလတ်လှေ) ခုနှစ်စ်စီးကို ပထမဆုံးအကြိမ်အဖြစ်ဒီလ ၇ ရက်က ဖမ်းဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းက ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ တိုက်ပွဲဖြစ်ပွားပြီး အရပ်သားတဦးကို စစ်ကောင်စီတပ် ပစ်သတ်

စက်တင်ဘာ၊ ၁၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာမှာ စင်တင်ဘာလ ၁၁ ရက်၊ ဒီကနေ့မနက် ၅ နာရီလောက်က နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ရွာခံတဦးကို စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ ‘’ရွာသားကိုပစ်သတ်တာက ဒီအတိုင်း သူတို့နဲ့တွေ့လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အမြန်လမ်းပေါ်မှာ ရှစ်နာရီအတွင်း ယာဉ်တိုက်မှုနှစ်ခုဖြစ် ၊ နှစ်ဦးသေဆုံး

စက်တင်ဘာ၊ ၁၁ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ ဒီကနေ့ တရက်တည်း ယာဉ်တိုက်မှုနှစ်ခုဖြစ်ကာ အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးသေဆုံးခဲ့ပြီး  ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ မီးသတ်ဌာနထုတ်ပြန်ချက်အရသိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် ၂၁၇/၀  နဲ့ ၂၁၈/၁ကြား နေပြည်တော် ဥတ္တရသီရိမြို့နယ်မှာ ဒီကနေ့ မနက် ရှစ်နာရီခွဲဝန်းကျင်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သာကေတမှာ YBS ကားပေါ်က ပြုတ်ကျပြီး လူငယ်တဦးသေဆုံး၊ တဦးဒဏ်ရာရ

စက်တင်ဘာ၊ ၁၁ ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းပေါ်က အနော်မာထိပ်မှတ်တိုင်အနီး စက်တင်ဘာလ ၁၁ ရက်၊ ဒီကနေ့ မနက် ၇ နာရီခွဲလောက်မှာ YBS ဘတ်စ်ကားပေါ်ကနေ ပြုတ်ကျလို့ လူငယ်တဦး သေဆုံးပြီး နောက်ထပ်တဦးလည်း ဒဏ်ရာရသွားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ပစ်လို့ လူငယ်တဦးသေဆုံး၊ သားအမိနှစ်ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၀ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာထဲကို စစ်ကောင်စီတပ်က စက်တင်ဘာလ ၉ ရက်၊ မနက် ၉ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်လို့ အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်အမျိုးသားတဦးသေဆုံးပြီး တခြား သားအမိနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမြို့ ရုံးပေါင်းစုံရုံး တိုက်ခိုက်ခံရလို့ စစ်သား နှစ်ဦး သေဆုံး၊ သုံးဦးဒဏ်ရာရ

စက်တင်ဘာ ၊ ၁၀ မကွေးတိုင်း ၊ရေစကြိုမြို့အပေါ်ရှိ စစ်ကောင်စီရဲ့ ရုံးပေါင်းစုံရုံးကို စက်တင်ဘာလ ၉ ရက်၊ ည ၇ နာရီလောက်က  ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တယ်လို့ တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]