ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်မြို့ခံအများစု စစ်ရှောင်နေရချိန်နှစ်လခွဲကျော်အတွင်း မြို့ပေါ်ကနေအိမ်သုံးပုံတပုံလောက်မီးလောင်ပျက်စီး

ဖေဖော်ဝါရီ၊ ၂၁  ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးတဝိုက် စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့  နှစ်ဖက် တိုက် ပွဲကြောင့် မြို့ခံတွေ စစ်ရှောင်နေရတဲ့ နှစ်လခွဲ ကျော်ကာလအတွင်း မြို့ပေါ်က နေအိမ်  သုံးပုံတပုံကျော် မီးလောင်ပျက်စီးသွားပြီလို့ မြို့ခံတွေကပြောပါတယ်၊ “ကုန်ပြီလေ၊ ခဏခဏကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်ပြည်နယ် ထဲကို စက်သုံးဆီ နဲ့ စားနပ်ရိက္ခာ ကုန်စည် ပို့ဆောင်ခွင့်မပြု

ဖေဖော်ဝါရီ၊ ၂၁ စစ်ကောင်စီ က ဧရာဝတီတိုင်း အတွင်းကနေ ရခိုင်ပြည်နယ် ထဲကို စက်သုံးဆီ  ဆန် နဲ့ စားနပ်ရိက္ခာ ကုန်စည် တွေ ပို့ဆောင်ခွင့် ကို ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ ကစပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှားတောမြို့နယ် ရှေ့တန်းစခန်းနှစ်ခုက စစ်ကောင်စီတပ်တွေပြန်ဆုတ်၊ရိက္ခာနဲ့ခဲယမ်းတချို့သိမ်းဆည်း ခဲ့တယ်လို့ KNDFပြော

ဖေဖော်ဝါရီ၊ ၁၇ ကရင်နီပြည် ရှားတောမြို့နယ် ထိုင်း-မြန်မာနယ်စပ်က အရေးပါတဲ့ ရှေ့တန်းတပ်စခန်းနှစ်ခုက စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းက  စခန်းစွန့်တပ်ဆုတ်သွားတာကြောင့် ကရင်နီတပ်ဖွဲ့တွေက ရှင်းလင်းခဲ့တယ်လို့ က ရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။ ရှားတောမြို့နယ်ထဲက သံလွင်မြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ခင်ရန်းကထွက်ပြေးလာသူတွေကိုကယ်ထုတ်ရင်း YPDFတပ်ဖွဲ့ဝင်တဖွဲ့မိုင်းထိ၊ခြေတဖက်ဆုံးရှုံး

ဖေဖော်ဝါရီ ၊ ၁၇ မကွေးတိုင်း ယောဒေသ၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း ပျူစောထီးရွာကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေ ကို ကယ်ထုတ်ရင်းယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က အခြားအဆင့်အရာရှိတဦး မိုင်းထိလို့ ခြေတဖက်ဆုံးရှုံးသွားတယ်လို့ အဲဒီအဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ဥက္ကဌ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မြို့၊ စောမိညိုလမ်းထဲက နေအိမ်တွေဖျက်သိမ်းဖယ်ရှားပေးဖို့ စစ်ကောင်စီက ဖိအားပေးခံဝန်ထိုးခိုင်း

ဖေဖော်ဝါရီ ၊ ၁၇ လူနေအိမ်ငါးဆယ်လောက်အပြင် ဆန်စက်နဲ့ တခြားပွဲရုံ၊မွေးမြူရေးခြံတချို့ပါရှိတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းထဲက နေအိမ်တွေကို ငါးရက်အတွင်းအပြီးဖျက်ဖို့ စစ်ကောင်စီက မနေ့ကဖိအား ပေးခံဝန်ထိုးခိုင်းလိုက်တယ်လို့ အဲ့ဒီလမ်းကနေအိမ်ပိုင်ရှင်တချို့က DNAကိုပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာတာဝန်ရှိသူတွေက စောမိညိုလမ်းမှာနေထိုင်သူတွေကို မနေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာ အနောက်ခြမ်းကျေးရွာတချို့က နေအိမ်တွေကိုစစ်တပ်ကမီးရှို့၊ရိက္ခာတွေကို လည်းသိမ်းယူ

ဖေဖော်ဝါရီ ၊ ၁၇ မန္တလေးမြို့မြောက် မတ္တရာမြို့အနောက်ခြမ်းက ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတချို့ကို စစ်ကောင်စီကမနေ့က မနက်ပိုင်းက စစ်ကြောင်းထိုးကာ ကျေးရွာတချို့က နေအိမ်တွေကို မီးရှို့သွားသလို ဒေသခံတွေရဲ့ရိ က္ခာတွေ ကိုလည်းယူသွားတာ၊ဖျက်ဆီးသွားတာတွေလုပ်ခဲ့တယ်လို့ မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Wetlet Information [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မောင်တောက ဗောဓိကုန်းနယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်

  ဖေဖော်ဝါရီ၊ ၁၇   မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မောင်တောမြို့နယ်တောင်ပိုင်းက ဗောဓိကုန်းစခန်းကို မနေ့က မနက်ခြောက် နာရီ လောက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၄ဦးသေဆုံးတယ်လို့ ရခိုင့်တပ်တော် AA က ထုတ် ပြန် အသိပေးထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါင်မြို့နယ်ဒေသခံအမျိုးသားတဦးကို PDF လို့စွပ်စွဲပြီး စစ်တပ်က ပစ်ခတ်ဖမ်းဆီး

ဖေဖော်ဝါရီ ၁၅ မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရေတွင်းကုန်းရွာက အမျိူးသားတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အဖြစ် စွပ်စွဲ ကာ မနေ့ ညနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက နေအိမ်ကနေ ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ညက ပစ်သံလည်း မကြားရဘူး၊ မနက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမှာတိုက်ပွဲရက်ဆက်ဖြစ်နေ

ဖေဖော်ဝါရီ ၁၅ ရေနက်ဆိပ်ကိမ်းစီမံကိန်းအပါအဝင် တရုတ်စီမံကိန်းကြီးရှိနေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေ ရက်ဆက်ရှိနေပြီး စစ်ကောင်စီတပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံထောင်ချီ ဘေးလွှတ်ရာတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ကျောက်ဖြူမြို့နဲ့ ငါးမိုင်ဝန်းကျင်အကွာ ငှက်ပျောချောင်းရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ရဲတပ်ရင်းဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ရက္ခိုင့်တပ်တော်(AA)တို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်သုံးရာကျော်ကိုပြန်ပို့ပြီ

ဖေဖော်ဝါရီ ၁၅ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းထွက်ပြေးလာတဲ့ နယ်ခြားစောင့်ရဲအပါအဝင်စစ်ကောင်စီ တပ်ဖွဲ့ဝင်၃၃၀ ကို ဒီကနေ့ ဖေဖော်ဝါရီလ ၁၅ရက်မနက်ပိုင်းမှာ ပြန်လည်ပို့ဆောင်ခဲ့တယ်လို့အဲဒီနိုင်ငံအခြေစိုက်သတင်းဌာနတွေကဖော်ပြပါတယ်။ ကော့ဘဇားမှာရှိတဲ့ Inaniရေတပ်ဆိပ်ခံတံတားမှ တစ်ဆင့် စစ်ကောင်စီရေတပ်သင်္ဘောနဲ့ပြန်လည်ပို့ဆောင်တာလို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ကိုကိုးကားပြီး Dhaka Tribune သတင်းဌာနကဖော်ပြထားတာပါ။ ဒါပေမယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို [ဆက်လက်ဖတ်ရှုရန်]