နိုင်ငံရေး

စီအိုင်အေအကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံပွဲမှာ မြန်မာ့လုံခြုံရေးအခြေအနေ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ဆို

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ အမေရိကန် ဗဟိုထောက်လှမ်းရေး CIA ဒုတိယညွှန်ကြားရေးမှူး David Cohen နဲ့ထိုင်းဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ယူဆရကြောင်း ထိုင်းအစိုးရအိမ်တော်သ တင်းရင်းမြစ်ကဆိုပါတယ်။ CIA အမေရိကန် ဗဟိုထောက်လှမ်းရေးဒုတိယညွှန်ကြားရေးမှူးDavid Cohenဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဆီယံ-တရုတ်အစည်းအဝေးကို မင်းအောင်လှိုင် တက်ရောက်ခွင့်ရ၊မရ သူတို့ဘာပြောကြလဲ

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ မကြာမီကျင်းပတော့မယ့် အာဆီယံ-တရုတ်အစည်းအဝေးကို မင်းအောင်လှိုင် တက်ခွင့်ရ၊မရဆိုတာ နွေဦးတော် လှန်ရေးရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်လို့ နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောကြားလိုက်ပါတယ်။ နိုဝင်ဘာ၂၂ရက်နေ့၊တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် ဦးဆောင်ကျင်းပမယ့်အာဆီယံ-တရုတ်အစည်းအဝေး ကို မင်းအောင်လှိုင်တက်ခွင့်ရ၊မရ ဆိုတာ အရေးကြီးအကြောင်းအရာတစ်ခုလို ဖြစ်နေတဲ့အပေါ် နိုင်ငံရေးဆောင်းပါး ရှင်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဆီယံမူ၅ချက် ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ဂျပန်နဲ့ ကမ္ဘောဒီးယား တိုက်တွန်း

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေသဘောတူချမှတ်ထားတဲ့ မူ၅ချက် ကို အချိန်ကြန့်ကြာမှုမရှိဘဲ အပြည့်အဝအကောင်အထည်ဖော်ဖို့ ဂျပန်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က အကြမ်းဖက်စစ် အုပ်စုကို တိုက်တွန်းလိုက်ပါတယ်။ လာမယ့်၂၀၂၂ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာ၀န်ယူမယ့် ကမ္ဘောဒီးယားနိုင်ငံရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CPJ ပေးတဲ့ သတင်းလွတ်လပ်ခွင့်ဆု DVBအယ်ဒီတာချုပ် ရရှိ

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ သတင်းသမားများအကာအကွယ်ပေးရေးကော်မတီ(CPJ)ကချီးမြှင့်တဲ့ သတင်းလွတ်လပ်ခွင့်ဆုကို နိုင်ငံတကာက သတင်းသမား၃ဦးနဲ့အတူ DVBသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်လည်း ရရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၊နယူယောက်မြို့အခြေစိုက် CPJ ရဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆုကို ဦးအေးချမ်းနိုင်နဲ့အတူ ဘယ်လာရုဇ်၊ ဂွါတီမာလာနဲ့ မိုဇမ်ဘစ်နိုင်ငံတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိပွန်ဥက္ကဌ ဆာဆာကာဝါ  NLD ပါတီနဲ့ တရားဝင်တွေ့ဆုံခဲ့ခြင်းမရှိ

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဂျပန်နိုင်ငံ၊နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ဟာ NLD ပါတီနဲ့ တရားဝင်တွေ့ဆုံခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ နိပွန်ဖောင်ဒေးရှင်ဥက္ကဌ ဆာဆာကာဝါက NLDခေါင်းဆောင်ပိုင်းနဲ့တွေ့ဆုံခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲ မှာပြောကြားခဲ့တဲ့အပေါ် NLD ဗဟိုအလုပ်ကော်မတီ ဦးဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကVOA ကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆောမှာတိုက်ပွဲပြင်းထန်၊အကြမ်းဖက်စစ်တပ် ရဟတ်ယာဉ်နဲ့ ကူပစ်

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဒီနေ့မနက်ပိုင်းမှာ မကွေးတိုင်း၊ဆောမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ပါ ကူပစ်နေတယ်လို့ သိရပါတယ်။ ဆောမြို့နယ်၊တောမရွာနဲ့ကင်းလိမ်ကျေးရွာပတ်ဝန်းကျင်မှာ YDF၊PDF-Saw၊CDF Mindat၊CDF Kanpetlet တို့ပူးပေါင်းပြီးအကြမ်းဖက်စစ်တပ်ကို ခုံခံတော်လှန်တိုက်ပွဲဝင်နေကြတယ်လို့ ဒေသခံပြောက်ကျားရဲဘော်တစ် ဦးကပြောပါတယ်။ ‘ဒီနေ့မနက်ကတည်းက တိုက်နေတာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်သူတွေ နှစ်ဆတိုးအလုပ်လုပ်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ အထိန်းသိမ်းခံနဲ့ ကျဆုံးရဲဘော်တွေကိုယ်စား အသက်ရှင်လွတ်လပ်နေသေးတဲ့ပြည်သူတွေ နှစ်ဆတိုး အလုပ်လုပ် ကြဖို့ NUGအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းလိုက်ပါတယ်။ နိုဝင်ဘာ၁၈ရက်နေ့ည ၈နာရီ၄၄မိနစ်မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သူ့ရဲ့လူမှုကွန်ရက်မှာ အဲဒီလိုရေး သားခဲ့တာပါ။ ယမန်နေ့ညနေပိုင်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်တိုင်းPDF၂၀ကျော်အဖမ်းခံရ၊ဦးဖြိုးဇေယျာသော်သတင်း ရာနှုန်းပြည့်အတည်မပြုနိုင်သေး

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ PDF ရဲဘော်၂၀ကျော်ဖမ်းဆီးခံရတာသေချာပေမဲ့ ဦးဖြိုးဇေယျာသော် ဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုမူရာနှုန်းပြည့်အတည်မပြုနိုင်သေးဘူးလို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ရဲ့ တာဝန် ရှိသူတစ်ဦးက ဒီကနေ့မနက်မှာပြောပါတယ်။ NLDလွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်မှာ နိုဝင်ဘာ ၁၈ရက် ညနေပိုင်းက ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တရုတ်အထူးသံရဲ့ မြန်မာခရီးစဉ် စစ်အုပ်စုကို ဖိအားတိုးစေ

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ တရုတ်အထူးသံတမန်ဆွန်းကော့ရှန်း ရဲ့ ဒုတိယအကြိမ်မြောက်မြန်မာနိုင်ငံခရီးစဉ်ဟာ အကြမ်းဖက်စစ်အုပ် စုကို ဖိအားသာတိုးစေခဲ့တယ်လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကဆိုပါတယ်။ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးသံတမန် ဆွန်းကော့ရှန်းဟာ နိုဝင်ဘာ၁၅ရက်နေ့က အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင်မင်းအောင်လှိုင်၊စစ်အုပ်စုခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်၊ရာပြည့်တို့နဲ့ သီးခြားတွေ့ဆုံခဲ့ ပါတယ်။ ‘တရုတ်ကတော့တရုတ်ပုံစံအတိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ စစ်အုပ်စုယာဉ်တန်းမိုင်းထိ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ဦးခန့်သေ

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။ ကလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ PDF ကလေးတို့ တိုက်ပွဲပြင်းထန်နေပြီး ချင်းဆိုင်ရွာအနီးက စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခု မိုင်းထိကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ဦးခန့် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ [ဆက်လက်ဖတ်ရှုရန်]