စွမ်းအင်ကုမ္ပဏီကြီးတွေ စစ်အုပ်စုကို ငွေပေးသွင်းတာရပ်ဖို့  HRW တောင်းဆို

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

မြန်မာ့စွမ်းအင်နဲ့သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းမှာ အဓိကရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီကြီးတွေကို အကြမ်း ဖက်စစ်အုပ်စုထံ ငွေကြေးပေးသွင်းတာရပ်ဆိုင်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ကစာရေး သားပေးပို့တောင်းဆိုထားတယ်လို့ သိရပါတယ်။

အဲဒီလုပ်ငန်းတွေရဲ့ဝင်ငွေဟာ အကြမ်းဖက်စစ်အုပ်စုအာဏာတည်မြဲရေးအတွက် လုပ်ပေးနေလို့ HRW က  တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ပြန်ကြားစာမရသေးဘူးလို့ HRW ကနိုဝင်ဘာ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။

Total Energies, Chevron, PTT နဲ့ သူ့ ရဲ့လက်ခွဲ PTTEP နဲ့ POSCO တို့ ဟာ မြန်မာ့စွမ်းအင်နဲ့ သဘာဝအရင်းအမြစ် ထုတ်လုပ်ရေးမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

‘အမေရိကန်အစိုးရကလုပ်နေတဲ့ စင်ကာပူဘဏ်မှာရှိတဲ့ စစ်အုပ်စုဝင်တွေရဲ့ငွေတွေနဲ့ အခုHRWတောင်းဆိုလိုက်တဲ့ စွမ်းအင်နဲ့သဘောဝဓာတ်ငွေ့ဝင်ငွေကို မင်းအောင်လှိုင်တို့အုပ်စုဆီ စီးမလာဘူးဆိုရင် သူတို့ရူးခါသွားမှာသေချာ တယ်။မြန်မြန်လုပ်နိုင်လေကောင်းလေပဲ။အရင်သန်းရွှေလက်ထက်တုန်းကလည်း စွမ်းအင်ဝင်ငွေတွေက သူတို့အ သက်ဆက်ဖို့ ပင်မသွေးကြောတစ်ခုလို အထောက်အကူပြုခဲ့တာ’လို့ ရန်ကုန်အခြေစိုက်မြန်မာ့အရေးလေ့လာသုံး သပ်သူတစ်ဦးကပြောပါတယ်။

အထူးသဖြင့် သတ္တုထုတ်လုပ်ရေးနဲ့ သဘာဝဓာတ်ငွေ့ဝင်ငွေတွေဟာ အာဏာသိမ်းစစ်အုပ်စုရဲ့ နိုင်ငံခြား တိုင်းပြည်တွေမှာရှိတဲ့ ဘဏ်စာရင်းတွေထဲ ဝင်နေတယ်လို့ HRW က ဆိုပါတယ်။

HRWက စွမ်းအင်နဲ့သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးကိုရပ်ဆိုင်းဖို့ တောင်းဆိုတာမဟုတ်ဘဲ စစ်အုပ်စုကိုပေးရမယ့် နိုင်ငံခြားငွေတွေကို ရပ်ဆိုင်း ထားဖို့ တောင်းဆိုတာလို့ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက သူတို့ကို  ဆန့်ကျင်ဆန္ဒပြကြသူတွေကို နှိမ်နင်းရာမှာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုစတာတွေနဲ့ ဆက်နွယ်နေတယ်လို့ HRW က ကုမ္ပဏီတွေကို ရေးပို့တဲ့စာထဲမှာ ဖော်ပြထားပါတယ်။