မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်လို့ ရေးခဲ့တဲ့ အိပ်ဖွင့်ပေးစာအတွက် HRW တောင်းပန်

မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်လို့ ရေးခဲ့တဲ့ အိပ်ဖွင့်ပေးစာအတွက် HRW တောင်းပန်

မြန်မာနိုင်ငံက ကလေးငယ်တွေ ပညာသင်ကြားခွင့်နဲ့ ပတ်သတ်ပြီး နိုင်ငံတကာ NGO အဖွဲ့အစည်းတွေ ပူးပေါင်းကာ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ပေးပို့တဲ့ အိတ်ဖွင့်ပေးစာတစောင်မှာ မင်းအောင်လှိုင်ကို ဝန်ကြီးချုပ်အဖြစ် ညွှန်းဆိုရေးသားခဲ့တဲ့အတွက် တောင်းပန်ကြောင်း လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ထဲမှာ ပါဝင်တဲ့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်အဖွဲ့ HRW က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံလုံးဆီကို အဲဒီစာကို ပေးပို့ခဲ့တာဖြစ်ပြီး မင်းအောင်လှိုင်ကို Prime Ministerနဲ့ Your Excellency အဖြစ် အသုံးအနှုန်းတွေ…

Read More
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပြောင်းရွှေ့မှု HRW ဝေဖန်

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပြောင်းရွှေ့မှု HRW ဝေဖန်

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဇွန်၂၂ရက်နေ့က နေပြည်တော်အချုပ်ထောင်ဆီ ပြောင်းရွှေ့လိုက် တာဟာ နိုင်ငံရေးအတိုက်အခံတွေအပေါ် ခြိမ်းခြောက်ဖို့ ကြိုးပမ်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ (HRW) က ဝေဖန်လိုက်ပါတယ်။ ဒီလုပ်ရပ်ကြောင့် စစ်အုပ်စုကို ဆန့်ကျင်မှုတွေ ပိုပြင်းထန်လာနိုင်တယ်လို့လည်း HRW အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က AFP သတင်းဌာနကို ပြောဆိုခဲ့တာပါ။ အဲဒီလိုထောင်ထဲ ပြောင်းရွှေ့လိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဓာတ်ရေးရာအရ ပြိုလဲသွားအောင် တိုက်စစ်ဆင်ဖို့…

Read More
အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ် စွန့်လွှတ်ရေး အာဆီယံကို တိုက်တွန်းဖို့ HRW တောင်းဆို

အလုပ်မဖြစ်တဲ့ ဘုံသဘောတူညီချက် ၅ ရပ် စွန့်လွှတ်ရေး အာဆီယံကို တိုက်တွန်းဖို့ HRW တောင်းဆို

အလုပ်မဖြစ်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် စွန့်လွှတ်ရေး အာဆီယံကိုတိုက်တွန်းဖို့ အမေရိကန် သမ္မတဘိုင်ဒန်ကို လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။ မေလ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့ ဝါရှင်တန်မြို့မှာကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမတိုင်မီ HRW က သမ္မတ ဘိုင်ဒန်ကို စာပေးပို့တောင်းဆို လိုက်ခြင်းဖြစ်ပါတယ်။ အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ မြန်မာ့အရေးကို အလေးထားဆွေးနွေးဖို့ လည်း HRW…

Read More
စစ်အုပ်စုဝင်ငွေကို ပိတ်ဆို့ဖို့ မြန်မာပြည်သူတွေ ဘယ်လောက် ထပ်အသတ်ခံပြရဦးမှာလဲ လို့ HRW မေးခွန်းထုတ်

စစ်အုပ်စုဝင်ငွေကို ပိတ်ဆို့ဖို့ မြန်မာပြည်သူတွေ ဘယ်လောက် ထပ်အသတ်ခံပြရဦးမှာလဲ လို့ HRW မေးခွန်းထုတ်

အကြမ်းဖက်စစ်အုပ်စုကိုဝင်ငွေနဲ့ လက်နက်ပိတ်ဆို့ဖို့နောက်ထပ် မြန်မာပြည်သူတွေ ဘယ်လောက် အသတ်ခံ၊ ဖမ်းဆီးခံ၊ နှိပ်စက်ခံပြရဦးမှာလဲလို့ ကမ္ဘာပေါ်မှာ သြဇာရှိတဲ့အစိုးရတွေကို HRW အာရှရေးရာညွှန်ကြားရေးမှူး Brad Adams ကမေးခွန်းထုတ်လိုက်ပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ကြေညာချက်ထုတ်ပြန်ရာမှာ သူကအဲဒီလို မေးခွန်းထုတ်ထားခြင်းဖြစ်ပါတယ်။ မြန်မာစစ်အုပ်စုကို နိုင်ငံခြားဝင်ငွေမရအောင် အတူတကွ ဝိုင်းဝန်းပိတ်ဆို့ အရေးယူဖို့ လည်း HRW ရဲ့ ကြေညာချက်မှာတိုက်တွန်းထားပါတယ်။ စစ်အုပ်စုကို အထောက်အပံဖြစ်စေတဲ့ ရေနံနဲ့…

Read More
ကယ်ဆယ်ရေး အထောက်အပံ့တွေ မပေးနိုင်အောင် အကြမ်းဖက်စစ်အုပ်စု ပိတ်ပင်နေတယ်လို့ HRW ထုတ်ပြန်

ကယ်ဆယ်ရေး အထောက်အပံ့တွေ မပေးနိုင်အောင် အကြမ်းဖက်စစ်အုပ်စု ပိတ်ပင်နေတယ်လို့ HRW ထုတ်ပြန်

၁၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။ သန်းနဲ့ချီတဲ့ရွှေ့ပြောင်း နေထိုင်သူတွေနဲ့ အန္တရာယ် တွေရင်ဆိုင်နေရသူတွေ ဆီ လူသားချင်း စာနာ မှု ကယ်ဆယ်ရေးအထောက်အပံ့တွေ မပေးနိုင်အောင်အကြမ်းဖက်စစ်အုပ်စု က ပိတ်ပင်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch)က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း စစ်အုပ်စုဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းတွေကို လမ်းအသုံးပြုခွင့် ပိတ်ပင်ခဲ့သလို အထောက်အပံ့ ယာဉ်တန်းတွေကိုလည်း ပိတ်ပင်ခဲ့ကြောင်း စစ်ရေးအတွက် မဟုတ်တဲ့ အထောက်အပံ့ တွေကို ဖျက်ဆီးပြီး…

Read More
စွမ်းအင်ကုမ္ပဏီကြီးတွေ စစ်အုပ်စုကို ငွေပေးသွင်းတာရပ်ဖို့  HRW တောင်းဆို

စွမ်းအင်ကုမ္ပဏီကြီးတွေ စစ်အုပ်စုကို ငွေပေးသွင်းတာရပ်ဖို့  HRW တောင်းဆို

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ မြန်မာ့စွမ်းအင်နဲ့သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းမှာ အဓိကရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီကြီးတွေကို အကြမ်း ဖက်စစ်အုပ်စုထံ ငွေကြေးပေးသွင်းတာရပ်ဆိုင်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) ကစာရေး သားပေးပို့တောင်းဆိုထားတယ်လို့ သိရပါတယ်။ အဲဒီလုပ်ငန်းတွေရဲ့ဝင်ငွေဟာ အကြမ်းဖက်စစ်အုပ်စုအာဏာတည်မြဲရေးအတွက် လုပ်ပေးနေလို့ HRW က  တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ပြန်ကြားစာမရသေးဘူးလို့ HRW ကနိုဝင်ဘာ၁၉ရက်မှာ ထုတ်ပြန်ပါတယ်။ Total Energies, Chevron, PTT နဲ့ သူ့ ရဲ့လက်ခွဲ PTTEP နဲ့ POSCO…

Read More