တရုတ်-အာဆီယံထိပ်သီးအစည်းအဝေး မှာ မင်းအောင်လှိုင်ကို မတွေ့

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။

တရုတ် – အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခြင်းမရှိဘူးလို့ နီးစပ်တဲ့သတင်းအရင်းအမြစ်နှစ်ခုကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။

နိုဝင်ဘာ၂၂ရက်နေ့၊အာဆီယံစံတော်ချိန် မနက်၉နာရီမှာ အာဆီယံ-တရုတ်ဆက်ဆံရေး နှစ်၃၀ပြည့်အထိမ်းအ မှတ်ထိပ်သီးအစည်းအဝေးကို စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး မင်းအောင်လှိုင်ကိုမဖိတ်လို့ မတက်တာလား၊ဖိတ်လျက် နဲ့မတက်တာလားဆိုတာကိုတော့ Reuters က မဖော်ပြထားပါဘူး။

‘ကျွန်တော်တို့သိရတာက မင်းအောင်လှိုင်ကို မဖိတ်တာပါ။ဒါဟာ ဒုတိယအကြိမ်မြောက် မင်းအောင်လှိုင်အရှိုက် ထိုးခံရခြင်းပါ။အာဆီယံအနေနဲ့ မင်းအောင်လှိုင်နဲ့ပတ်သက်ပြီး လုံးဝမလျှော့ဘူးလို့ ဖော်ပြလိုက်သလို တရုတ်က လည်း မင်းအောင်လှိုင်ကိုလက်မခံဘူးဆိုတဲ့သဘောမို့ မင်းအောင်လှိုင်မရှက်ဘူးဆို ရူးနေလို့ပဲလို့ ပြောရမယ်’လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောပါတယ်။

မင်းအောင်လှိုင်ကို တရုတ်-အာဆီယံထိပ်သီးအစည်းအဝေး ဖိတ်ကြားမယ့်အပေါ် အာဆီယံအဖွဲ့ဝင် အင်ဒိုနီး ရှား၊မလေးရှား၊စင်ကာပူနဲ့ ဘရူးနိုင်းနိုင်ငံတို့က ကန့်ကွက်ခဲ့တယ်လို့သိရပါတယ်။

ကန့်ကွက်တဲ့ နိုင်ငံတွေက အာဆီယံ ထိပ်သီးအစည်းအဝေးတုန်းက ဆုံးဖြတ်ခဲ့တဲ့အတိုင်း မြန်မာနိုင်ငံကို ဖိတ်ကြားတဲ့အခါမှာ နိုင်ငံရေးပိုင်းက မဟုတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ဖိတ်မယ် ဆိုတဲ့ မူအတိုင်းသာ ဆောင်ရွက်ဖို့ လိုလားကြတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ၁၅ရက်နေ့ကတရုတ်အစိုးရရဲ့ အာရှရေးရာအထူးသံတမန်ဆွန်းကော့ရှန်း နေပြည်တော်ကိုရောက်လာပြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ ဘာအကြောင်းဆွေးနွေးခဲ့တယ်ဆိုတာကို နှစ်ဖက်စလုံးက မထုတ်ပြန် ခဲ့ပါဘူး။

ဒါပေမဲ့၊နိုဝင်ဘာ၁၆ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာ့ဘက်အသီးသီးတို့ ညှိနှိုင်းဖြေရှင်းနည်းအမြန်ရှာဖွေဖို့ တရုတ်ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေ မဲ့၊အာရှရေးရာအထူး သံတမန်ဆွန်းကော့ရှန်း ဟာ မင်းအောင်လှိုင်ကို အာဆီယံ-တရုတ်ထိပ်သီးအစည်းအဝေး ဖိတ်ကြားဖို့ ကြိုးပမ်းခဲ့တယ်လို့ ရိုက်တာကဖော်ပြခဲ့ပါတယ်။

နောက်ထပ်ထွက်ပေါ်လာတဲ့သတင်းက တရုတ်အစိုးရကိုယ်တိုင်က မင်းအောင်လှိုင်ကို အာဆီယံ-တရုတ်အစည်းအဝေးတက်ရောက်ဖို့ မဖိတ်ချင်ဘူးလို့ အာဆီယံသံတမန်တစ်ဉီးက ပြောတယ်ဆိုတာပါပဲ။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေသဘောတူချမှတ်ထားတဲ့ မူ၅ချက် ကို အချိန်ကြန့်ကြာမှုမရှိဘဲ အပြည့်အဝအကောင်အထည်ဖော်ဖို့ ဂျပန်နဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ကနိုဝင်ဘာ၁၈ရက် မှာ အကြမ်းဖက်စစ် အုပ်စုကို တိုက်တွန်းလိုက်ပါတယ်။