စီးပွားရေးပြဿနာကြောင့် ရန်ကုန်မြို့အထည်ဆိုင်ကြီးတွေ အရေးပေါ်အခြေအနေရောက်ရှိနေ

၂၁၊ နိုဝင်ဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံရဲ့ စီးပွားရေး အခြေအနေကြောင့် ရန်ကုန်မြို့တော်တွင်း အဝတ်အထည်ဆိုင်ကြီးတွေဟာ အရေးပေါ်အခြေအနေကို ရောက်ရှိနေပြီလို့ သိရပါတယ်။

ရန်ကုန်မြို့က ဌားရမ်းဖွင့်လှစ်ထားတဲ့ အဝတ်အထည်ဆိုင်တွေဟာ ဆိုင်ခန်းဌားခနဲ့ ဝန်ထမ်းစရိတ် ရဖို့ အထိ ရောင်းအားရဖို့ ခက်ခက်ခဲခဲရုန်းကန်နေရတယ်လို့ ရန်ကုန်၊လှိုင်မြို့နယ်၊ဘူတာရုံလမ်း က အထည်ဆိုင်ပိုင် ရှင်တစ်ဦးကပြောပါတယ်။

‘ဝန်ထမ်းကိုအနည်းဆုံးအနေအထားထိ လျှော့ထားတယ်။ဝန်ထမ်းတွေနေရာမှာ ကိုယ်တိုင် ဝင်လုပ် တယ်။လစာလျှော့ထားတယ်။အဲဒီအနေအထားမှာကို ဆိုင်ခန်းခနဲ့ ဝန်ထမ်းခရဖို့ မလွယ်ဘူးဖြစ်နေတယ်။အမြတ် မရဘဲရှုံးနေတာ ဘာလို့လုပ်နေသလဲဆိုတော့ လုံးဝရပ်လိုက်ရင် တစ်ချိန်ကျရင် အသစ်ပြန်စဖို့ခက်တာရော တစ်နေ့ကောင်းလာနိုး မျှော်လင့်ချက်ကြောင့်ရောပါ။ အဲဒါကြောင့် ဆိုင်ကြီးတွေပိတ်နေပေမဲ့ ကျွန်တော်တို့လို မျှော် လင့်ချက်နဲ့ တောင့်ခံနေကြတဲ့ ဆိုင်တွေ ရှိတယ်’လို့ သူကပြောပါတယ်။

လာမည့်၂၀၂၂ခုနှစ်မှာ ရန်ကုန်မြို့တော်အတွင်း ဌားဖွင့်ထားတဲ့ အဝတ်အထည်ဆိုင်ကြီးတွေဟာ လုပ်ငန်း ချုံ့ပစ်တာ(သို့မဟုတ်)ဆိုင်လုံးဝပိတ်သိမ်းတာတွေ များလာမယ်လို့လည်းသူကပြောပါတယ်။

‘အဓိကပြဿနာက လူတွေအလုပ်မရှိတာများလာတာရော လက်ထဲငွေမရှိတာများလာတာကြောင့်ရော ပါ။တချို့ဆို လက်ထဲငွေမရှိဘူး။ဘဏ်မှာငွေရှိတယ်။အဲလိုလူတွေက ဘဏ်ထဲငွေကလည်း ထုတ်မရတာရော ပြန်ရဖို့မသေချာတာရောကြောင့် Kpay နဲ့ဝယ်ချင်တယ်။’လို့ သူကဆက်ပြောပါတယ်။

တတိယလှိုင်းကိုဗစ်ကာလအတွင်း အွန်လိုင်းကနေ အစားအသောက်မှာတဲ့စနစ်ဟာ အလုပ်ဖြစ်ခဲ့ပြီး ဒီ ဘက်နောက်ပိုင်းမှာလည်း အလုပ်ဖြစ်လာသလိုရှိပေမဲ့ တိုက်ရိုက်ငွေသားချေစနစ်ရဲ့ တွင်ကျယ်မှုဟာ တဖြည်း ဖြည်းမှေးမှိန်လာတယ်လို့ သိရပါတယ်။

‘ပြဿနာက လက်ထဲငွေသားမရှိတော့တာ။Kpay ကျတော့ ဘာပြဿနာပေါ်လာလဲဆိုတော့ ရာခိုင်နှုန်း ပေးရတာပါ။ဥပမာ-ဈေးဝယ်သူက Kpay နဲ့တစ်သောင်းဖိုးဝယ်ရင် တစ်သောင်းအပြင် နောက်ထပ်Kpay ထုတ် ခ၅ရာခိုင်နှုန်းပါ ထပ်ဆောင်းပေးရတယ်။ဒါကြောင့် မဝယ်ချင်ကြပြန်ရော’လို့ သူကဆက်ပြောပါတယ်။

မရမ်းကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်အထည်ဆိုင်တစ်ဆိုင်ကလည်း ဆိုင်ခန်းခရရှိရေးအတွက် အဓိက မျှော်လင့်ပြီးဖွင့်နေရတယ်လို့ဆိုပါတယ်။

‘အာဏာမသိမ်းခင်တုန်းက ကျွန်မဆိုင်ဟာ မိသားစုထမင်းအိုးကိုကောင်းကောင်းထိန်းထားနိုင်တယ်။

အအာဏာသိမ်းတော့ လူတွေက ဒီဘက်ကို အာရုံမကျတော့ဘူး။ပြီးတော့ ကိုဗစ်ဖြစ်လို့ ဆိုင်ပိတ်တယ်။အခုပြန်ဖွင့်တဲ့ အခါကျတော့ ရောင်းအားက ဆိုင်ခန်းခနှုတ်လိုက်ရင် မြတ်တယ်ဆိုရုံပဲ။ ဆိုင်ကြီးတွေကတော့ ဆိုင်ခန်းခလည်းကြီး တော့ မပိတ်တဲ့သူက ချူသံပါအောင်ည ည်းပဲ’လို့ သူကဆိုပါတယ်။

အွန်လိုင်းရောင်းဝယ်မှုမှာ ငွေသားချေလိုသူ နည်းပြီး Kpay နဲ့ငွေချေလိုသူများတဲ့အတွက် သိပ်အလုပ်မ ဖြစ်ဘူးလို့ ဆိုပါတယ်။

‘Kpay ကျတော့ ကိုယ်ကငွေသားပြန်ထုတ်ရင် ၅ရာခိုင်နှုန်းပေးရတော့မကိုက်ဘူး။ဝယ်တဲ့သူကို အထည်တန်ဖိုးအပြင် ၅ရာခိုင်နှုန်းထပ်ဆောင်းခိုင်းရင်လည်း မဝယ်ချင်ကြဘူး’လို့ သူက ဆက်ပြောပါတယ်။

ငွေကြေးဝန်ဆောင်မှုကုမ္ပဏီက အကြီးတန်းအရာရှိတစ်ဦးက ဝန်ထမ်းတွေအနေနဲ့ ကိုဗစ်ကြောင့် လစာ လျှော့ချခံထားရတဲ့အပြင် လစာပေးရာမှာလည်း ငွေသားနည်းနည်းနဲ့ ATMကတ်ထဲ များများ ထည့်ပေးတာ ကြောင့် အဆင်မပြေဘူးလို့ ဆိုပါတယ်။

‘ကုမ္ပဏီတွေကိုက ငွေသားသိပ်မရှိကြဘူး။ဘဏ်ထဲငွေထည့်ပေးတော့ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ရာခိုင် နှုန်းပေးပြီး ထပ်ထုတ်ရတယ်’လို့ သူကပြောပါတယ်။