နိုင်ငံရေး

အကြမ်းဖက်စစ်အုပ်စုကိုပိတ်ဆို့ဒဏ်ခတ်တာတွေ တိုးမြှင့်ဖို့ RSF တောင်းဆို

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ နိုင်ငံတကာအနေနဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တိုးမြှင့်ဖို့ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)ကတောင်းဆိုလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေအရေး သတင်းယူနေတဲ့ တိုင်းရင်းသားသတင်းစာဆရာဖက်ဒရယ်ဂျာနယ်အယ်ဒီတာ၊ကဗျာဆရာအေစိုင်းကေဟာ မကြာသေးခင်တုန်းက အကြမ်းဖက်စစ်တပ်ရဲ့ ထိုးစစ်အတွင်း သေဆုံးခဲ့ရကြောင်း RSFက ယမန်နေ့ကသတင်းထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရေးပေါ်အခြေအနေအရ စစ်ဘေးသင့်၄၀၀၀ ဝန်းကျင်ကို ထိုင်းဘက် အားချင်းရွှေ့လိုက်ရ

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ သောင်ရင်းမြစ်ကမ်းဘေး၊ဖလူးလေးရွာ ဗိုလ်စလုံးစစ်ရှောင်စခန်းက စစ်ဘေးဒုက္ခသည်၄၀၀၀ လောက်ကို အကြမ်းဖက် စစ်တပ်ဝင်စီးနင်းမယ်ဆိုတဲ့သတင်းအရ ယမန်နေ့ညကထိုင်းဘက်ခြမ်းဆီ အရေးပေါ် ရွှေ့ပြောင်းလိုက်ရတယ် လို့ Delta News Agencyရဲ့ မြေပြင်ကင်းထောက်က သတင်းပေးပို့ပါတယ်။ ‘စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်တပ်နဲ့လည်းနီးလာတယ်။ကန့်ထဲဝင်ဖမ်းမယ်ဆိုတဲ့သတင်းတွေလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တစ်လကျော်အတွင်း ပြည်သူ၄၆ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခံရ

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ နိုဝင်ဘာနှောင်းပိုင်းနဲ့ဒီဇင်ဘာလအတွင်း မြန်မာတစ်ဝန်းက အပြစ်မဲ့ပြည်သူ အနည်းဆုံး၄၆ဦး အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ရဲ့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။ ယင်းမာပင်မြို့နယ်၊ဒုန်းတောကျေးရွာမှာ၁၁ဦးနဲ့ကယား(ကရင်နီ)ပြည်နယ်၊ဖရူဆိုမြို့နယ်၊မိုဆိုကျေးရွာအနီးမှာ ၃၅ဦးတို့ကိုအကြမ်းဖက်စစ်အုပ်စုက အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီးအဲဒီသတ်ဖြတ်ခံရမှုမှာ ကလေးသူ ငယ်၊အမျိုးသမီး၊သက်ကြီးရွယ်အိုနဲ့နိုင်ငံတကာNGOဝန်ထမ်းတွေပါဝင်ခဲ့တယ်လို့ ယမန်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နှစ်သစ်ကူးကာလမှာ အပစ်ရပ်ဖို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တောင်းဆို

၂၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ နှစ်သစ်ကူးကာလမှာအပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာကတောင်းဆိုလိုက်ပါတယ်။ ကရင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာအကြမ်းဖက် မှုတွေဆက်လက် ဖြစ်ပွား နေခြင်းကြောင့် အလွန်စိုးရိမ် ပူပန်မိကြောင်းလည်း ဒေါက်တာနိုလင်းဟေဇာက ဒီဇင်ဘာ ၂၇ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့ဒီမိုကရေစီအရေးကို တွန်းအားပေးမယ့် NDAA ဥပဒေ သမ္မတဘိုင်ဒန် လက်မှတ်ရေးထိုးအတည်ပြု

၂၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မြန်မာ့ဒီမိုကရေစီအရေးကို တွန်းအားပေးပံ့ပိုးမှုတွေပြဌာန်းထားတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေNDAA ကို ဒေသစံတော်ချိန်ဒီဇင်ဘာ၂၇ရက်နေ့မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီဖြစ်ကြောင်းအိမ်ဖြူတော်ကထုတ်ပြန်ပါတယ်။ NDAA ဥပဒေအရ ၂၀၂၂ ဘဏ္ဏာနှစ်မှာ အမေရိကန်ကာကွယ်ရေးဌာနအတွက် ကန်ဒေါ်လာ ဘီလီယံ ၇၄၀ သုံးစွဲခွင့်ပြုထားပြီး ဒီဥပဒေမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာပြည်သူတို့ရဲ့ အသက်အိုးအိမ်ကို အမြန်ဆုံးကယ်တင်ပေးဖို့ လုံခြုံရေးကောင်စီထံသံအမတ်ကြီးဦးကျော်မိုးထွန်းစာပေးပို့တောင်းဆို

၂၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကုလလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာပြည်သူ တွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အမြန်ဆုံးကယ်တင်ပေးစေလိုကြောင်းသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်က ကယားပြည်နယ်အတွင်း အရပ်သားပြည်သူတွေကို မီးရှို့သတ်ဖြတ်မှုအပေါ် အရေးယူပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ NUG အစိုးရရဲ့ ကုလအမြဲတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းက စာရေးသားပေးပို့တောင်းဆိုရာမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံးအရေးယူဖို့ ကမ္ဘာ့နိုင်ငံကြီးတွေကို ညီနောင်မဟာမိတ်၃ဖွဲ့ ပန်ကြား

၂၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကမ္ဘာ့ နိုင်ငံကြီးတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ် မှုနဲ့လူသားမျိုးနွယ် အပေါ် ပြစ်မှုကျူးလွန် နေခြင်းကို အမြန်ဆုံး ထိရောက်စွာ အရေးယူနိုင်ဖို့ ဝိုင်းဝန်း ကြိုးပမ်း သင့်ကြောင်းညီနောင်မဟာမိတ်၃ဖွဲ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုလက်အောက်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်နဲ့အတူ KNUထံ ထွက်ပြေးခိုလှုံ

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ KNU မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေ ဒွယ်လိုးမြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ စစ်အုပ်စုလက်အောက်ခံ ခမရ ၄၀၇က ဒုတပ်ကြပ်တစ်ဦးဟာ အကြမ်းဖက်စစ်အုပ်စုကို စွန့်ခွာပြီး လက်နက်တွေနဲ့အတူ KNU တပ်မဟာ(၅)ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မြို့မှာ အဝိုင်းပတ်က အလံနက်ကို လာဖြုတ်တဲ့ စစ်အုပ်စု မိုင်းထိ

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ မြို့လယ်အဝိုင်းပတ်မှာ လွှင့်ထူထားတဲ့ အလံနက်ကို လာဖြုတ်တဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက်နေ့ မနက်၉နာရီခန့်မှာ မြို့လယ်အဝိုင်းပတ်မှာ ထောင်ထားတဲ့ အလံနက်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးခရိုင် တရားရုံးမှာ ဗုံးပေါက်

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၆၅လမ်းနဲ့ ၃၄လမ်းမှာရှိတဲ့ မန္တလေးခရိုင် တရားရုံးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး အဆောက်အဦးအတွင်းပိုင်းနဲ့ မှန်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၇ရက်နေ့ မနက် ၁၀နာရီခန့်မှာ [ဆက်လက်ဖတ်ရှုရန်]