တစ်လကျော်အတွင်း ပြည်သူ၄၆ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခံရ
၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ နိုဝင်ဘာနှောင်းပိုင်းနဲ့ဒီဇင်ဘာလအတွင်း မြန်မာတစ်ဝန်းက အပြစ်မဲ့ပြည်သူ အနည်းဆုံး၄၆ဦး အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ရဲ့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။ ယင်းမာပင်မြို့နယ်၊ဒုန်းတောကျေးရွာမှာ၁၁ဦးနဲ့ကယား(ကရင်နီ)ပြည်နယ်၊ဖရူဆိုမြို့နယ်၊မိုဆိုကျေးရွာအနီးမှာ ၃၅ဦးတို့ကိုအကြမ်းဖက်စစ်အုပ်စုက အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီးအဲဒီသတ်ဖြတ်ခံရမှုမှာ ကလေးသူ ငယ်၊အမျိုးသမီး၊သက်ကြီးရွယ်အိုနဲ့နိုင်ငံတကာNGOဝန်ထမ်းတွေပါဝင်ခဲ့တယ်လို့ ယမန်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]