မန္တလေးမြို့က KBZဘဏ်ခွဲတစ်ခု ထပ်မံတိုက်ခိုက်ခံရ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။

မန္တလေးမြို့ ကမ္ဘောဇဘဏ် ဘဏ်ခွဲ(၄၀)မှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။


စက်မှုစျေးထိပ် (၆၂)လမ်း ၁၃၃လမ်းနဲ့ ၁၃၄လမ်းမှာရှိတဲ့ ကမ္ဘောဇဘဏ် (၄၀)ကို ဗုံးပစ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Dragon Warriorအဖွဲ့က ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

“စက်မှု(၁) စံပြဈေးနားက KBZ Bank နာ နတ်သီးစားရတာ အဆင်ပြေရဲ့လားဗျ။ အထိအခိုက်တော့မသိရသေးဘူး”လို့ Dragon Warriorက ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုမှာ မှန်အချို့ကွဲသွားပြီး အစောင့်ဝန်ထမ်းတစ်ဦး အနည်းငယ် ဒဏ်ရာရရှိခဲ့တယ်လို့ စစ်အုပ်စုရဲ့ ဝါဒဖြန့်ချိရေး လူမှုကွန်ရက်တွေမှာ ရေးသားထားပါတယ်။

ကမ္ဘောဇဘဏ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ဘဏ်အကောင့်တွေကို စစ်အုပ်စုအလိုကျ ပိတ်ပင်တာတွေကို ဆက်တိုက်လုပ်ဆောင်ခဲ့တာကြောင့် ပိတ်ပင်မှုတွေကို ရပ်ဆိုင်းဖို့အတွက် တော်လှန်ရေး
အင်အားစုတွေက သတိပေးထားပါတယ်။