တစ်လကျော်အတွင်း ပြည်သူ၄၆ဦးထက်မနည်း မီးရှို့သတ်ဖြတ်ခံရ

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။

နိုဝင်ဘာနှောင်းပိုင်းနဲ့ဒီဇင်ဘာလအတွင်း မြန်မာတစ်ဝန်းက အပြစ်မဲ့ပြည်သူ အနည်းဆုံး၄၆ဦး အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)ရဲ့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

ယင်းမာပင်မြို့နယ်၊ဒုန်းတောကျေးရွာမှာ၁၁ဦးနဲ့ကယား(ကရင်နီ)ပြည်နယ်၊ဖရူဆိုမြို့နယ်၊မိုဆိုကျေးရွာအနီးမှာ ၃၅ဦးတို့ကိုအကြမ်းဖက်စစ်အုပ်စုက အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီးအဲဒီသတ်ဖြတ်ခံရမှုမှာ ကလေးသူ ငယ်၊အမျိုးသမီး၊သက်ကြီးရွယ်အိုနဲ့နိုင်ငံတကာNGOဝန်ထမ်းတွေပါဝင်ခဲ့တယ်လို့ ယမန်နေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေအနေနဲ့မြန်မာအပြစ် မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ၊လူမျိုးသုန်းသတ်ဖြတ်မှုတွေ အကြိမ်ကြိမ်ကျူးလွန်နေတဲ့စစ်အုပ်စုကို အကြမ်းဖက်အဖွဲ့အ ဖြစ်သတ်မှတ်ပေးဖို့၊နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့စစ်အုပ်စုကို နိုင်ငံတကာခုံရုံးအသီးသီးမှာ ထိရောက် တဲ့ အရေးယူမှုဆောင်ရွက်ပေးဖို့၊ကုလလုံခြုံရေးကောင်စီအနေနဲ့လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ရေးနဲ့စစ် အုပ်စုကိုလက်နက်တင်ပို့မှုပိတ်ဆို့ဖို့နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ဘေးဒု က္ခသည်တွေကိုထိရောက်လျင်မြန်တဲ့ လူသားချင်းစာနာမှုအကူအညီပေးဖို့တောင်းဆိုကြောင်းထုတ်ပြန်ထားပါ တယ်။