နိုင်ငံရေး

မင်းအောင်လှိုင်စိတ်မချတဲ့အရာရှိကြီးတချို့ ပါစောင့်ကြည့်ခံနေရ

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မင်းအောင်လှိုင်ယုံကြည်မှု အပြည့်မရှိတဲ့  အကြမ်းဖက်တပ်ထဲက အကြီးတန်းအရာရှိတချို့ကို တင်းကျပ်တဲ့စောင့်ကြည့်မှုမျိုးနဲ့ ထိန်းချုပ်ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။ တစ်ကမ္ဘာလုံးက မင်းအောင်လှိုင်ကိုလက်မခံကြောင်းသိရှိကြခြင်း၊တစ်နှစ်ပြည့်တော့မယ့်အချိန်ရောက်တဲ့အ ထိတိုင် မြို့တွင်းတော်လှန်ရေးအင်အားစုတွေကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်း၊ဒေသခံပြောက်ကျားတပ်တွေရဲ့ မိုင်း ဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်တွင်း နေ့စဉ်သေစာရင်းအတက်ပြနေခြင်း၊မင်းအောင်လှိုင်နဲ့အဖွဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆို မြို့မရဲစခန်းဘေးမှာ စခန်းချထားတဲ့ စစ်အုပ်စု အတိုက်ခံရပြီး ၅ဦးသေ

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် မြို့မရဲစခန်းနဲ့ ကပ်လျပ် ဘုရားစေတီဝိုင်းထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို ကရင်နီတပ်မတော် KA၊ KNDF၊ PDFတို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စုက ၅ဦးသေဆုံးသွားခဲ့တယ်လို့ KNDFက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေးကေ့ကော်၁ရပ်ကွက်ထဲကအိမ်တွေကို အကြမ်းဖက်စစ်တပ် ဖောက်ထွင်းလုယက်

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မြဝတီမြို့နယ်၊လေးကေ့ကော်၁ရပ်ကွက်ထဲက အိမ်တွေကို အကြမ်းဖက်စစ်တပ်က ဖောက်ထွင်းလုယက်သွား တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ယမန်နေ့၁၀နာရီကျော်လောက်က လေးကေ့ကော်၁ရက်ကွက်ထဲကိုဝင်လာပြီးအိမ် တွေကိုဖောက်ထွင်းလုယက်ခဲ့ရာ PDF တပ်ဖွဲ့တွေက ၆ရပ်ကွက်ကနေ ပစ်ခတ်တဲ့အခါကျမှ ပြန်ဆုတ်သွား တယ်လို့ Delta News [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မွန်မြို့တချို့က တရားမဝင်အာဏာပိုင်တွေ အကြီးအကျယ်အဂတိလိုက်စားနေ

၃၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်အတွင်း ဒေသခံပြောက်ကျားတပ်ဖွဲ့အားနည်းတဲ့မြို့တွေမှာ လောင်းကစားဝိုင်း၊မူးယစ်ဆေး ဝါး အရောင်းအဝယ် နဲ့ စစ်အုပ်စုလက်အောက်ခံ အာဏာပိုင်တွေ အကြီးအကျယ် အဂတိလိုက်စားခွင့်ရနေတယ် လို့ သိရပါတယ်။ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ချောင်းဆုံ၊ကျိုက်ထို၊ကျိုက်မရော၊မုဒုံစတဲ့ ခုခံတော်လှန်စစ်အားနည်းတဲ့ မြို့ တွေမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်မှာ ရဲမိန်းမတွေကို ယူနီဖောင်းဝတ်ခိုင်းပြီး သေနတ်ပစ်သင်နေ

၃၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ရဲမိန်းမ စစ်သားမိန်းမတွေကို ယူနီဖောင်းတွေ ဝတ်ခိုင်းပြီး သေနတ်ပစ်သင်နေတယ်လို့ အရာတော်မြို့နယ်အတွင်း နွေဦးတော်လှန်ရေးသတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ အရာတော်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၃၀ရက်နေ့ မနက်ပိုင်းမှာ အရာတော်ရဲစခန်းအတွင်းကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းအောင်လှိုင်ရဲ့အဆုံးစွန် မိုက်တွင်းနက်လမ်းကြောင့် အငြိမ်းစားဗိုလ်ချုပ်တွေ ကြောက်လန့်လာ

၃၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မင်းအောင်လှိုင်ရဲ့ အာဏာတည်မြဲရေးလမ်းကို မျက်လုံးစုံမှိတ်ရွေးချယ်ခြင်းကြောင့် အငြိမ်းစားစစ်ဗိုလ်ချုပ် တွေကြား စိုးရိမ်ကြောက်လန့်မှုတေွ ဖြစ်ပေါ်နေပြီလို့ Delta News Agencyရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။ ဖရူဆိုလူသတ်ပွဲလို ဘယ်သူကမှခွင့်လွှတ်လို့မရတဲ့ သတ်ဖြတ်မှုတွေနဲ့ ပြည်သူကိုအပြင်းထန်ဆုံးအကြောက်တ ရားပေးဖို့သာလုပ်ဆောင်နေမှုဟာ သူ့အာဏာတည်မြဲရေးတစ်ခုတည်းကိုသာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရေးယူမှုကင်းတဲ့ကုလလုပ်ရပ်ဟာ မြန်မာကို ကျရှုံးနိုင်ငံဖြစ်အောင် တွန်းပို့နေတယ်လို့ပြော

၃၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုအပေါ် ထိရောက်တဲ့အရေးယူမှုမရှိတဲ့ ကုလသမဂ္ဂရဲ့လုပ်ရပ်ဟာ မြန်မာနိုင်ငံကို ကျရှုံး နိုင်ငံဖြစ်အောင် တွန်းပို့နေသလိုဖြစ်နေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ ဖရူဆိုလူသတ်ပွဲနဲ့ပတ်သက်ပြီး ဒီဇင်ဘာ၂၉ရက်နေ့မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကန့်ကွက်ရှုတ်ချ ကြောင်းထုတ်ပြန်တဲ့အပေါ် နိုင်ငံရေးသုံးသပ်သူတွေက အဲဒီလို မှတ်ချက်ပြုကြတာပါ။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုလက်အောက်ခံနယ်ခြားစောင့်တပ် ထိုင်းဘက်ခြမ်းရောက်စစ်ဘေးသင့်တွေကို သွားစစ်

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မုတ်သုန်ဦးစီးတဲ့အဖွဲ့ဟာ ဖလူး လေးရွာနဲ့မျက်နှာချင်းဆိုင် ထိုင်းဘက်ကမ်းအထိ သွားရောက်ပြီး စစ်ဘေးဒုက္ခသည်တွေကို သွားရောက်စစ် ဆေးခဲ့တယ်လို့ Delta News Agency ရဲ့မြေပြင်ကင်းထောက်ကသတင်းပေးပို့ပါတယ်။ ဒီနေ့မနက်၁၁နာရီလောက်မှာ မြဝတီမြို့နယ်၊ဖလူးလေးရွာရှိ ဗိုလ်စလုံးစစ်ရှောင်စခန်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကမ္ဘာကျော်အဝတ်အထည်ကုမ္ပဏီ၂၀ကျော် မြန်မာမှာအထည်ချုပ်ဖို့ အပ်နှံတာရပ်

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မကြာသေးခင်ကပဲ ကမ္ဘာကျော် အဝတ်အထည် ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၂၀ ကျော် ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အပ်နှံနေတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ISP-Myanmarက ထုတ်ပြန်ပါတယ်။ အဲဒီကုမ္ပဏီ၂၀ကျော်ထဲမှာဆွီဒင်နိုင်ငံက H&M၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေးကေ့ကော်တိုက်ပွဲအတွက် လိုအပ်တဲ့လက်နက်ခဲယမ်းNUG တောက်လျှောက်ဖြည့်တင်းနေ

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ လေးကေ့ကော်တိုက်ပွဲအတွက်လိုအပ်တဲ့ လက်နက်ခဲ ယမ်းဖြည့်တင်းမှုကို မဟာမိတ်တွေနဲ့ပူးပေါင်းပြီး တောက်လျှောက်ဆောင်ရွက်နေတယ်လို့ NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။ “NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတခုအပေါ်မှာ သဘောတူညီချက် ဖောက်ဖျက်ကျူး လွန်မှုပဲပေါ့။ KNU/KNLA အနေနဲ့ ကျနော်တို့မြင်သလောက် စစ်ကောင်စီရဲ့ ကျူးကျော်မှုကို [ဆက်လက်ဖတ်ရှုရန်]