မင်းအောင်လှိုင်စိတ်မချတဲ့အရာရှိကြီးတချို့ ပါစောင့်ကြည့်ခံနေရ

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မင်းအောင်လှိုင်ယုံကြည်မှု အပြည့်မရှိတဲ့  အကြမ်းဖက်တပ်ထဲက အကြီးတန်းအရာရှိတချို့ကို တင်းကျပ်တဲ့စောင့်ကြည့်မှုမျိုးနဲ့ ထိန်းချုပ်ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။

တစ်ကမ္ဘာလုံးက မင်းအောင်လှိုင်ကိုလက်မခံကြောင်းသိရှိကြခြင်း၊တစ်နှစ်ပြည့်တော့မယ့်အချိန်ရောက်တဲ့အ ထိတိုင် မြို့တွင်းတော်လှန်ရေးအင်အားစုတွေကို ထိန်းချုပ်နိုင်စွမ်းမရှိခြင်း၊ဒေသခံပြောက်ကျားတပ်တွေရဲ့ မိုင်း ဆွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်တွင်း နေ့စဉ်သေစာရင်းအတက်ပြနေခြင်း၊မင်းအောင်လှိုင်နဲ့အဖွဲ့ ဟာ တိုင်းပြည်စီးပွားရေးကို ကိုင်တွယ်နိုင်စွမ်းလုံးဝမရှိခြင်း၊မြန်မာနိုင်ငံအနှံ့စစ်မျက်နှာတွေတစ်ခုပြီးတစ်ခု ဖွင့်လာရခြင်းစတဲ့ အကြောင်းတွေကြောင့်အကြမ်းဖက်တပ်တွင်းခေါင်းဆောင်တွေကြား သံသယကြီးလာကြ သလို အရာရှိကြီးတွေထဲက CDM လုပ်မှာကို မင်းအောင်လှိုင်နဲ့လက်တစ်ဆုပ်စာက ထိတ်လန့်နေတာကြောင့် စောင့်ကြည့်မှုတွေ တင်းကျပ်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။

‘မင်းအောင်လှိုင်က မြန်မြန်ပွဲပြတ်မလားဆိုပြီး ဆန့်ကျင်တဲ့လူမှန်သမျှကို အကြောက်ကြီးကြောက်လာမလား ဆိုပြီးအစွမ်းကုန်ရက်စက်ခိုင်းတယ်။ပွဲကမပြတ်တဲ့အပြင် ပိုဆိုးလာတယ်။နေ့စဉ်သူတို့တပ်ထဲ အသေအ ပျောက်တွေများလာတော့ ဒီပွဲမှာ သူတို့ မနိုင်ဘူးလို့ ယုံကြည်တဲ့သူတွေ အခိုင်အမာများလာတယ်။ဒီကြားထဲ ဖရူဆိုလူသတ်ပွဲလို ပြည်သူကိုမီးရှို့သတ်ဖြတ်တဲ့ဖြစ်စဉ်မျိုးတွေ ကွက်ကွက်ကွင်းကွင်းပေါ်လာပြီး နိုင်ငံတကာ ကပါ အပြင်းထန်ဆုံးကန့်ကွက်နေကြတော့ ဒီအတိုင်းငြိမ်နေရင် ကိုယ်ပါ အမှုတွဲပါမလားဆိုပြီး ကြောက်တဲ့သူ များလာတယ်’လို့ သူကပြောပါတယ်။

ပြည်သူ့ရင်ခွင်အဖွဲ့ ရဲ့ ပြောကြားချက်အရ အာဏာသိမ်းကာလ ၁၁ လအတွင်း ပြည်သူနဲ့ ပူးပေါင်းလာတဲ့  ရဲတပ်ဖွဲ့ဝင် ၆ဝဝဝ ကျော်နဲ့ စစ်သား အရေအတွက် ၂ဝဝဝ ကျော် ရှိနေပြီလို့သိရပါတယ်။

CDM လုပ်တဲ့သူတွေထဲမှာ ဗိုလ်မှူးအဆင့်ထိပါဝင်ပြီး အရာရှိရာဂဏန်း လောက်ရှိတယ်လို့ သိရပါတယ်။

‘အခုမင်းအောင်လှိုင်နဲ့အပေါင်းအပါတွေက သူတို့ စိတ်မချတဲ့လူတွေရဲ့ မိသားစုဝင်တွေကိုပါ သေချာစောင့် ကြည့်နေတယ်ကြားတယ်။တပ်တွေထဲမှာလည်း မိသားစုတွေကို ဓားစာခံပုံစံမျိုး ကိုယ်ကCDMလုပ်ရင် ကိုယ့်မိသားစု ဒုက္ခရောက်မယ်ဆိုတာမျိုးနဲ့ ခြိမ်းခြောက်ထားတယ်’လို့ သူကဆက်ပြောပါတယ်။

လက်ရှိမျက်မြင်တွေအရ  အကြမ်းဖက်စစ်တပ်အတွင်း မင်းအောင်လှိုင်ကိုမယုံကြည်ဘူးဆိုတဲ့ အက်ကြောင်း ခပ်ကြီးကြီးဖြစ်နေတာသေချာကြောင်းအတည်ပြုပြီးဖြစ်တဲ့ အမေရိကန် NDAAဥပဒေအရ CDM တွေအတွက် အထောက်အပံ့ကောင်းတွေရရှိလာနိုင်တာကြောင့် အဲဒီအထောက်အပံ့အပေါ်အကောင်းဆုံးအသုံးချကာ တပ် နဲ့ရဲ CDM များလာအောင် ဆွဲဆောင်နိုင်ဖို့လိုကြောင်း နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောပါတယ်။

‘NUG နဲ့ ပြည်သူ့ရင်ခွင်အဖွဲ့လိုမျိုးတွေက တပ်တွင်းCDMဆွဲဆောင်နိုင်ဖို့ မဟာဗျူဟာမြောက်အသေးစိတ်ထပ် ပြင်ဆင်ဖို့လိုမယ်ထင်တယ်။အဓိကကတော့ တပ်နဲ့ရဲCDM တွေကို CDMတွေမှာ အနာဂတ်ခိုင်ခိုင်မာမာရှိတဲ့အ ကြောင်းပြနိုင်ဖို့လိုတယ်။ပြီးတော့ သူတို့မိသားစုတွေပါ တစ်ခါတည်းလိုက်လာနိုင်ဖို့ နည်းလမ်းရှာရမယ်’လို့ သူ ကဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကြား CDMများလာခြင်းဟာ အောင်ပွဲဆီသွားနေတဲ့နွေဦးတော်လှန်ရေး ခြေလှမ်းကိုပိုမိုမြန်ဆန်လာစေမယ်လို့လည်းပြောပါတယ်။

‘မင်းအောင်လှိုင်တပ်ထဲ အက်ကြောင်းကြီးနေတာကျွန်တော်တို့မြင်နေရပြီ။အဲဒီအက်ကြောင်းနေရာကို ဆတ်ခနဲ ခပ်ဆတ်ဆတ်တောက်လိုက်နိုင်ဖို့ပဲလိုတယ်’လို့ သူကဆက်ပြောပါတယ်။