စစ်အုပ်စုလက်အောက်ခံနယ်ခြားစောင့်တပ် ထိုင်းဘက်ခြမ်းရောက်စစ်ဘေးသင့်တွေကို သွားစစ်

၂၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ခြားစောင့်တပ်ခေါင်းဆောင် ဗိုလ်မုတ်သုန်ဦးစီးတဲ့အဖွဲ့ဟာ ဖလူး လေးရွာနဲ့မျက်နှာချင်းဆိုင် ထိုင်းဘက်ကမ်းအထိ သွားရောက်ပြီး စစ်ဘေးဒုက္ခသည်တွေကို သွားရောက်စစ် ဆေးခဲ့တယ်လို့ Delta News Agency ရဲ့မြေပြင်ကင်းထောက်ကသတင်းပေးပို့ပါတယ်။

ဒီနေ့မနက်၁၁နာရီလောက်မှာ မြဝတီမြို့နယ်၊ဖလူးလေးရွာရှိ ဗိုလ်စလုံးစစ်ရှောင်စခန်းနဲ့ အဲဒီစစ်ရှောင်စခန်း နဲ့မျက်နှာချင်းဆိုင် သောင်ရင်းမြစ်ဟိုဘက်ကမ်းရောက်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို သွားရောက်စစ်ဆေး ကာ ဓာတ်ပုံရိုက်တာနဲ့ ဗီဒီယိုရိုက်တာတွေလုပ်သွားတယ်လို့ သိရပါတယ်။

‘အဲဒီလိုစစ်ဆေးတာ အချိန်၄နာရီကျော်ကြာပါတယ်။လာစစ်တဲ့သူတွေထဲမှာ BGFယူနီဖောင်းဝတ်ထားတဲ့ စစ် တပ်ကလူတွေပါတယ်လို့သိရတယ်။သူတို့အဓိကစစ်တာကတော့ PDF တွေနဲ့ နိုင်ငံရေးခိုလှုံတွေရှိ၊မရှိလိုက်စစ် တာ ၊လူဖမ်းဆီးမှုတော့မရှိဘူး’လို့ သူကပြောပါတယ်။

ဒီနေ့မနက်၉နာရီနဲ့၁၀နာရီလောက်က ဖလူးလေးရွာထဲမှာ အကြမ်းဖက်စစ်တပ်၊နယ်ခြားစောင့်တပ်နဲ့ ဒေသခံ တိုင်းရင်းသားလက်နက်ကိုင်တွေ အစည်းအဝေးပြုလုပ်ကြပြီး အစည်းအဝေးရလဒ်ကိုတော့ မသိရသေးပါဘူး။

ဖလူးလေးရွာ ဗိုလ်စလုံးစစ်ရှောင်စခန်းက စစ်ဘေးဒုက္ခသည်၄၀၀၀ လောက်ကို အကြမ်းဖက် စစ်တပ်ဝင်စီးနင်းမယ်ဆိုတဲ့သတင်းအရ ယမန်နေ့ညကထိုင်းဘက်ခြမ်းဆီ အရေးပေါ် ရွှေ့ပြောင်းခဲ့ပါတယ်။