ဒေသအလိုက် သတင်းကဏ္ဍ

တောင်ဥက္ကလာပမှာ လူငယ်နှစ်ဦးကို စစ်ကား ၁၅ စီးနဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ဝင်ဖမ်း

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်မှာ မနေ့က လူငယ်နှစ်ဦးကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကား ၁၅စီးနဲ့ လာရောက်ပြီး အိမ်ပေါ်တက် အကြမ်းဖက် ဖမ်းဆီးသွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။ မနေ့က ဇန်နဝါရီလ ၂၈ရက်နေ့ ည ၈နာရီကျော်က တောင်ဥက္ကလာပမြို့နယ်၊ ၇ရပ်ကွက်ထဲက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သြစတြီးယားမှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ဦးအောင်မျိုးမင်း တက်ရောက် ၊ စစ်အုပ်စုက ကန့်ကွက်စာပို့

သြစတြီးယားနိုင်ငံမှာ မနေ့က ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ “MYANMAR TODAY: THE END OR BEGINNING OF DEMOCRACY?” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းစစ်ရှောင်စခန်းပိတ်၊အိမ်ပြန်မရသေးသူ ၁၀၀၀လောက်ကို ဖလူးလေးစခန်းက ပြန်လက်ခံထား

ထိုင်းနိုင်ငံထဲက နွာခြံစစ်ရှောင်စခန်းကို ပိတ်သိမ်းလိုက်ပြီဖြစ်တာကြောင့် အိမ်ပြန်လို့မရသေးသူ ၁၀၀၀ ဝန်းကျင်လောက်ကို ဖလူးလေး စခန်းက ပြန်လက်ခံထားတယ်လို့ သိရပါတယ်။ မြဝတီမြို့နယ်၊ ဖလူးလေးရွာနဲ့ မျက်နှာချင်းဆိုင် သောင်ရင်းမြစ် ဟိုဘက်ကမ်းမှာရှိတဲ့ ထိုင်း၊နွားခြံ စစ်ရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေက ပိတ်သိမ်းလိုက်တာကြောင့် အဲဒီစခန်းရောက်နေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုတစ်ကမ္ဘာလုံးက ရှုတ်ချခဲ့ပေမယ့်ထိရောက်တဲ့ အရေးယူမှုမရှိ

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စနစ်တကျကျူးလွန်ခဲ့တာနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးက ပြစ်တင်ရှုတ်ချခဲ့ကြပေမယ့်ထိရောက်တဲ့ အရေးယူဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet ကဝေဖန်လိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ကြီးမားတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

၂၀၂၁ မှာနိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခကြောင့်ပြည်သူသေဆုံးမှု နှစ်၃၀ကျော်အတွင်း အများဆုံးစံချိန်တင်

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ခုနှစ်မှာနိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခကြောင့် အ ရပ်သားပြည်သူသေဆုံးမှုဟာ နှစ်ပေါင်း၃၀ကျော်အတွင်း အများဆုံးအဖြစ်စံချိန်တင်ခဲ့တယ်လို့ ISP-Myanmar ကဖော်ပြပါတယ်။ ၂၀၂၁ခုနှစ်အတွင်း နိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သား၃၅၉၈ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ မီဒီယာနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေကို အခြေပြုပြီး ISP-Myanmar က မှတ်တမ်းပြုစုခဲ့မှုအရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းမြို့ပေါ်က CDM ရဲတပ်ကြပ်ကြီးရဲ့ နေအိမ်ကို ချိပ်ပိတ်

စစ်ကိုင်းမြို့ပေါ်က CDM ယာဉ်ထိန်းရဲတပ်ကြပ်ကြီးရဲ့အိမ်ကို အကြမ်းဖက်စစ်အုပ်စုက ချိတ်ပိတ် လိုက်တယ်လို့ သိရပါတယ်။ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်၊ လေးကျွန်းမြေရပ်မှာရှိတဲ့ CDM ယာဉ်ထိန်းရဲတပ်ကြပ်ကြီး မျိုးဝင်းရဲ့ နေအိမ်နဲ့ခြံကို ယမန်နေ့က စစ်အုပ်စုဝင်တွေ လာရောက်ချိပ်ပိတ်ခြင်းဖြစ်တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီကနေ့ လွိုင်ကော်တိုက်ပွဲအတွင်း စစ်အုပ်စုကအထိနာပြီးနောက် လေယာဉ်တွေနဲ့ ဗုံးကြဲ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။ ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်မြို့နယ် ကျောင်းကုန်းကျေးရွာနဲ့ ကုန်းဆွတ်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုကို လွိုင်ကော်PDFနဲ့ KNDFတို့က ခုခံတိုက်ခိုက်ခဲ့ကြပြီး စစ်အုပ်စုက သေဆုံးသူတွေ များပြားခဲ့တယ်လို့ လွိုင်ကော်PDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။             ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့ ညနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ စစ်အုပ်စုရဲ့ သတင်းပေးလို့ နာမည်ကြီးနေသူတစ်ဦး သေနတ်နဲ့ သုံးချက်အပစ်ခံရ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။    မန္တလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးလုပ်ကိုင်နေတယ်လို့ နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ်နဲ့ သုံးချက်အပစ်ခံရပြီး ဆေးရုံပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။             ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့ ညနေပိုင်းမှာ မဟာအောင်မြေမြိုကနယ် ၉၂လမ်းနဲ့ ၄၁လမ်းအနီးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ရစ်ရဲစခန်းကထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ၄ဦးသေ ၂၀ကျော် ဒဏ်ရာရ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။   စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကနေထွက်လာပြီး စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု မိုင်းထိပြီး ၄ဦး ပွဲချင်းပြီး သေဆုံးကာ ၂၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က ဒီကနေ ဇန်နဝါရီလ ၂၈ရက်​နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ကျောက်ရစ်ရဲစခန်းကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ဖြစ်နေပြီဆိုတဲ့ အသိသတိနဲ့ သွားလာနေထိုင်ကြဖို့ အရာတော်တော်လှန်ရေးအင်အား သတိပေး

၂၈၊ ဇန်နဝါရီလ၊၂၀၂၂။   ပြည်သူတွေအနေနဲ့ စစ်ဖြစ်နေပြီဆိုတဲ့ အသိသတိနဲ့ နေထိုင်သွားလာကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စု ဖြတ်သန်းသွားလာတဲ့ လမ်းမကြီးတွေဘေးမှာ နေထိုင်ခြင်းတွေ မလုပ်ဆောင်ဖို့ အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။ စစ်ဆင်ရေးတွေမှ​ [ဆက်လက်ဖတ်ရှုရန်]