
ရောင်းချမယ့် အိမ်ခြံမြေ၊တိုက်ခန်းနဲ့ အဆောက်အဦမှာ စည်ပင်နယ်နမိတ် ထဲမှာဆိုရင် ရန်ကုန်တိုင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ ၊ စည်ပင်နယ်နမိတ် ပြင်ပဆိုရင် မြို့ နယ်ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့တို့က တန်ဖိုးသတ်မှတ် ပေးမယ်လို့ အသိပေးထားပါတယ်။
၂၂၊ဩဂုတ်
ရန်ကုန်တိုင်းအတွင်းမှာ အိမ်ခြံမြေ၊အဆောက်အဦ ဝယ် ၊ယူရောင်းချတဲ့အပေါ် စက်တင်ဘာလက စပြီး ကျသင့်အခွန် ပေးဆောင်ထားမှ အမည်ပေါက်ပြောင်းပေးမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနက ကြေညာပါတယ်။
ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်တဲ့ အခွန်စည်းကြပ်မှု ပုံစံအသစ်က ပြင်ပမှာ ဝယ်ယူ၊ရောင်းချ တာတွေအပေါ် ရိုက်ခတ်မှု ရှိနိုင်သလို မသမာမှုတွေ ပေါ်လာနိုင်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတွေက ဆိုပါတယ်။
” ဌာနအတွင်း အကျင့်ပျက် ခြစားမှုကို မထိန်းချုပ်နိုင်ပဲနဲ့တော့ ထိရောက်မှာ မဟုတ်ဘူး။ အမှန်တကယ် အခွန်ဆောင်ရမှာက ၁၀ ကျသင့်မယ်ဆိုရင် ၅ ကျပ်ယူပြီး ၃ ကျပ်နဲ့ စာရင်းသွင်း ပေးတာမျိုးလေ ” လို့ သူကပြောပါတယ်။
အခုလို ကြေညာချက်အရ အိမ်ခြံမြေ၊တိုက်ခန်းနဲ့အဆောက်အဦ ဝယ်၊ယူရောင်းချတာနဲ့ပတ် သက်လို့ ရောင်းသူရော၊ဝယ်သူပါအခွန်ဆောင်ရမယ့်စနစ်ကျင့်သုံးဖို့ ရှိနေတာဖြစ်ပါတယ်။
အဲဒီလို ဝယ်ယူ၊ရောင်းချတဲ့ ကိစ္စရပ်အတွက် မှတ်ပုံတင် စာချုပ်ချုပ်ဆိုတာ၊ အိုး/အိမ်ဌာန နဲ့ စည်ပင်မှာ အမည်ပေါက်ပြောင်းတာ လုပ်မယ်ဆိုရင် ဝယ်သူရဲ့ ဝင်ငွေခွန် စည်းကြပ်တဲ့ အထောက်အထား ပြရမယ်ဆိုပြီး သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရောင်းချသူကလည်း လွှဲပြောင်း၊ရောင်းချတဲ့ ပစ္စည်းတန်ဖိုး ကျပ်သိန်း ၁၀၀ ထက်ပိုတဲ့အပြင် အမြတ်စွန်းရှိရင် ရက်၃၀ အတွင်း ဝင်ငွေကြေညာလွှာ သွင်းပြီး ကျသင့်အခွန် ပေးဆောင်ရမယ်လို့ ဆိုပါတယ်။
ရောင်းချမယ့် အိမ်ခြံမြေ၊တိုက်ခန်းနဲ့ အဆောက်အဦမှာ စည်ပင်နယ်နမိတ် ထဲမှာဆိုရင် ရန်ကုန်တိုင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ ၊ စည်ပင်နယ်နမိတ် ပြင်ပဆိုရင် မြို့ နယ်ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့တို့က တန်ဖိုးသတ်မှတ် ပေးမယ်လို့ အသိပေးထားပါတယ်။
အဲဒီ သတ်မှတ်ကာလ တန်ဖိုးမှာ ပြင်ပပေါက်စျေးနီးပါးဖြစ်လာရင် ရောင်းချဈေးနှူန်းထပ် တက်နိုင်တယ်ဆိုပြီး စျေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။
” အနည်းနဲ့အများတော့ ရိုက်ခတ်မူရှိမှာပဲ။ အပြင်မှာ စျေးငြိမ်မယ်ရှိသေးတာကို ထပ်လူပ်လိုက်တာ ” လို့ အကျိုးဆောင်လုပ်ငန်းရှင်တဦးက ပြောပါတယ်။
အဲဒီ သတ်မှတ်ပေးလိုက်တဲ့ တန်ဖိုးထဲက မူလအဝယ်တန်ဖိုး၊ ဆေးသုတ်စရိတ် ၊ပွဲခစတဲ့ အခြေခံ ဖြည့်စွတ်အသုံးပြုခဲ့ရတဲ့ ကုန်ကျစရိတ်နှုတ်ပြီး အမြတ်စွန်းငွေ ရှိခဲ့ရင် အမြတ်စွန်းငွေရဲ့ ၁၀ ရာခိုင်နှူန်းကို ဝင်ငွေခွန် ဆောင်ရမယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်းမှာ မကြာခင်က အိမ်ခြံမြေ၊အဆောက်အဦတွေကို အခွန်ကောက်ဖို့ သတ်မှတ်ထားတဲ့ ကာလတန်ဖိုးမှာ ပြင်ပပေါက်စျေးထက် နည်းနေတဲ့အတွက် အနီးစပ်ဆုံးဖြစ်အောင် ပြန်သတ်မှတ်ဖို့ စစ်အစိုးရက လုပ်ခဲ့တာ ရှိပါတယ်။
#ရန်ကုန် #အဆောက်အဦ #အမည်ပေါက် #အခွန်ဆောင်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ