နိုင်ငံတကာရေးရာ

တောင်ကိုရီးယားသမ္မတဟောင်း ချွန်ဒူးဝမ် အသက် ၉၀ အရွယ်မှာ ကွယ်လွန်

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁ ။ အာဏာရှင်ဟောင်းလည်းဖြစ်၊ တောင်ကိုရီးယားသမ္မတဟောင်းလည်း ဖြစ်သူ ချွန်ဒူးဝမ်ဟာ ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်သွားပြီဖြစ်တယ်လို့ koreaherald သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၉၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်သား၂ဦး အသတ်ခံရပြီးနောက် တွံတေး၊ စမ်းရွာသားတွေကို နည်းလမ်းမျိုးစုံနဲ့စစ်အုပ်စု ဒုက္ခပေးနေ

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်တောင်ပိုင်းခရိုင်၊တွံတေးမြို့နယ်၊စမ်းရွာက Mytelတာဝါတိုင်စောင့် အကြမ်းဖက်စစ်သား၂ဦးအသတ် ခံရမှုနဲ့ပတ်သက်ပြီး သံသယရှိတဲ့ရွာသား၁၀ယောက်ကိုထုတ်ပေးဖို့ စစ်အုပ်စုကပြောကြောင်းသိရပါတယ်။ စမ်းရွာအုပ်ချုပ်ရေးမှူးကို အကြမ်းဖက်စစ်တပ်က အကျယ်ချုပ်ပုံစံထိန်းသိမ်းထားပြီး သံသယရှိသူရွာသား ၁၀ဦးကိုဖော်ထုတ်အပ်နှံမှ စမ်းရွာအုပ်ကြီးကို ပြန်လွှတ်ပေးမယ်လို့ပြောကြောင်း စမ်းရွာနဲ့နီးစပ်တဲ့ တွံတေး မြို့ခံ တစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယမန်နေ့ည၁၂နာရီမှာ NUGငွေတိုက်စာချုပ် ကန်ဒေါ်လာ၆သန်းကျော်ဖိုး ရောင်းချရ

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ ယမန်နေ့ည ၁၂နာရီမှာ NUG နွေဦးတော်လှန်ရေးအထူးငွေတိုက်စာချုပ် အမေရိကန်ဒေါ်လာ၆သန်းကျော် ဖိုးရောင်း ချနိုင်ခဲ့တယ်လို့ Public Voice Television(PVTV)ကထုတ်ပြန်ပါတယ်။ မနေ့ည၁၂နာရီမှာ အထူးငွေတိုက်စာချုပ် ၆ဒဿမ၃သန်း ရောင်းချနိုင်ခဲ့ပြီး ငေွတိုက်စာချုပ်စတင်ရောင်းချပြီး ၂နာရီအတွင်း အမေရိကန်ဒေါ်လာ၂သန်းဖိုးရောင်းချနိုင်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းခြံ၊ကွမ်းစိုက်ရွာမှာအကြမ်းဖက်စစ်တပ်တိုက်ခိုက်ခံရ၊၁၀ဦးသေဆုံး

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ကွမ်းစိုက်ရွာထဲ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသခံပြောက်ကျား ၄ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၁၀ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကွမ်းစိုက်ရွာစာသင်ကျောင်းထဲမှာ တပ်စွဲထားခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်းမှာ တိုက်ခိုက် ခံရခြင်းဖြစ်ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ဖော်ပြပါတယ်။ ပြောက်ကျားတပ်ဖွဲ့တွေဟာ RPG-7 [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လက်နက်ကိုင်ပဋိပက္ခဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ကျပ်သန်း၆၀၀ကျော် အီးယူ ထောက်ပံ့မယ်

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ လက်နက်ကိုင်ပဋိပက္ခဒဏ် ခံနေရတဲ့ မြန်မာပြည်သူတွေအတွက် ဥရောပသမဂ္ဂက ကျပ်သန်း၆၀၀ကျော်(ယူရို၃သိန်း)အကူအညီပေးအပ်သွားမယ်လို့သိရပါတယ်။ ကျပ်သန်း၆၀၀ကျော်ကို ပဋိပက္ခဒဏ်အဆိုးရွားဆုံးခံစားနေရတဲ့ ပြည်နယ်အချို့က လူ၁၅၀၀၀ကျော်အတွက် လူသားချင်းစာနာမှုအကူ အညီပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂက ဒီကနေ့ထုတ်ပြန်လိုက်တာပါ။ အဲဒီထောက်ပံ့ငွေနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ၊ အခြေခံရှေးဦးသူနာပြုပစ္စည်းတွေ၊ သန့်ရှင်းတဲ့ရေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆူဒန်အာဏာသိမ်းစစ်တပ်နဲ့ အရပ်သားအစိုးရအကြား ပြေလည်ရပေမယ့် ဆန္ဒပြပွဲတွေ ဆက်ရှိနေ

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဆူဒန်နိုင်ငံမှာ အာဏာသိမ်းစစ်တပ်နဲ့ အရပ်သား ခေါင်းဆောင်တွေအကြား သဘောတူညီချက်ရပြီး ရာထူးက ဖြုတ်ချခံရတဲ့ ဝန်ကြီးချုပ် Abdalla Hamdok ကို ရာထူးပြန်ပေးလိုက်ပါပြီလို့ သိရပါတယ်။ ဒါပေမယ့် ဆူဒန်ပြည်သူတွေကတော့ ဆန္ဒပြပွဲတွေ ဆက်လက်ဆင်နွဲနေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့အခြေစိုက် အမှတ်(၉၀၇)တပ်တွင်း ပေါက်ကွဲမှုဖြစ်

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း ပုသိမ်မြို့ အခြေစိုက် အမှတ် (၉၀၇) စစ်မြေပြင်အင်ဂျင်နီယာတပ်အတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၂ရက်နေ့ မနက် ၉နာရီ ၄၅မိနစ်ခန့်မှာ တပ်တွင်းက ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းသာမှာ နေအိမ်တစ်လုံးချိတ်ပိတ်ခံရပြီး ပြည်သူတစ်ချို့ဖမ်းဆီးခံရ

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ချောင်းသာမြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဒေသခံအချို့ကို PDFနဲ့ ဆက်သွယ်တယ်ဆိုကာ ဖမ်းဆီးပြီးနောက် နေအိမ်တစ်လုံးကို ချိတ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က နိုဝင်ဘာလ ၂၁ရက်နေ့ မနက် ၉နာရီခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဆီယံ ရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို NUG ဝန်ကြီးတက်ရောက်မယ်

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ အာဆီယံနိုင်ငံဝန်ကြီးများဆွေးနွေးပွဲတစ်ခုကိုအမျိုးသားညီညွတ်ရေးအစိုးရဝန်ကြီး တက်ရောက်ဖို့ ဖိတ်ကြားခံရလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်တက်ရောက်မယ်လို့သိရပါတယ်။ ဒေါက်တာတူးခေါင်ဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဖြစ်ပါတယ်။ အဲဒီဆွေးနွေးပွဲဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကိုဗစ်ကပ်ဘေးရင်ဆိုင်ရင်း ရာသီဥတုဆိုင်ရာအန္တရာယ်နဲ့ သံတမန်ရေးစိန်ခေါ်မှုတွေကို နိုဝင်ဘာ ၂၃ရက်ကနေ ၂၄ရက်အထိ နှစ်ရက်တာဆွေးနွေးကြမှာဖြစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တရုတ်-အာဆီယံထိပ်သီးအစည်းအဝေး မှာ မင်းအောင်လှိုင်ကို မတွေ့

၂၂၊ နိုဝင်ဘာလ၊ ၂၀၂၁။ တရုတ် – အာဆီယံ ထိပ်သီးအစည်းအဝေးကို မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်ခြင်းမရှိဘူးလို့ နီးစပ်တဲ့သတင်းအရင်းအမြစ်နှစ်ခုကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။ နိုဝင်ဘာ၂၂ရက်နေ့၊အာဆီယံစံတော်ချိန် မနက်၉နာရီမှာ အာဆီယံ-တရုတ်ဆက်ဆံရေး နှစ်၃၀ပြည့်အထိမ်းအ မှတ်ထိပ်သီးအစည်းအဝေးကို [ဆက်လက်ဖတ်ရှုရန်]