ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ ၊ တာဟန်းရပ်ကွက်လေးခုကို လက်နက်ကြီးကျပြီး လူခြောက်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ၊ ကလေးမြို့၊ တာဟန်းရပ်ကွက်လေးခုကို ဇွန်လ၁၂ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်က အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ အချက်ပေါင်းများစွာပစ်ခတ်ခဲ့လို့ လူ ၆ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “လက်ပန်ချောင်းလမ်းအရှေ့ဘက်အိမ်ကိုလည်းမှန်တယ်။ A B E D [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦး၊ဘလွေရွာ မီးရှို့မခံရရေး စစ်တပ်ကို ကျပ်သိန်း၂၂၀ ပေးလိုက်ရ

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်၊ဘလွေကျေးရွာကို မီးမရှို့ဖို့ အကြမ်းဖက်စစ်တပ်ကို ကျပ်သိန်း၂၂၀ ပေးလိုက်ရ တယ်လို့ သိရပါတယ်။ ဇွန်၁၁ရက်နေ့ နံနက်ပိုင်းမှာ ချောင်းဦးမြို့နယ် ‌ဘလွေကျေးရွာကိုအင်အား၁၅၀လောက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရောက်ရှိလာပြီး နေအိမ် (၄) လုံးကို မီးရှို့ဖျက်ဆီးကာ ကျေးရွာရှိနေအိမ်တွေထဲက ရွှေ၊ ငွေ၊ ကောက်ပဲသီးနှံမျိုးစုံ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အငြင်းပွားဖွယ် တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ တရားမ၀င်လုပ်ရပ်တွေကို ဖိလစ်ပိုင် ကန့်ကွက်

ဖိလစ်ပိုင်နိုင်ငံ ၊ မြို့တော်မနီလာရဲ့ မိုင်၂၀၀ သီးသန့်စီးပွားရေးဇုန်အတွင်း တရုတ်ရဲ့ ရေကြောင်းသွားလာမှု ဆိုင်ရာ လှုပ်ရှားမှုတွေအပေါ်  ဖိလစ်ပိုင်က ဇွန်လ ၁၀ရက်နေ့မှာ  ကန့်ကွက်လိုက်ပါတယ်။ ဒါဟာ အခုသီတင်းပတ်အတွင်း ဖိလစ်ပိုင်ရဲ့ ဒုတိယမြောက် သံတမန်ရေး ကန့်ကွက်မှုဖြစ်ပြီး တောင်တရုတ်ပင်လယ်အတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကင်းပုန်းဝပ်ဖို့လာတဲ့ စစ်သားတွေမိုင်းဆွဲခံရ၊ ၂ ဦး သေဆုံးနိုင်

ကင်းပုန်းဝပ်ဖို့လာတဲ့ အကြမ်းဖက်စစ်သားတွေကို ကေအိုင်အေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦး အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၁၀ နာရီလောက်မှာ ကင်းပုန်းဝပ်ဖို့လာတဲ့အကြမ်းဖက်စစ်သား၃၀ လောက်ကို စစ်ကိုင်းတိုင်း၊မော်လူးမြို့နယ်နဲ့ နန့်စီးအောင်ကြား လမ်းပိုင်းမှာ ကေအိုင်အေက မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး တပ်တွင်းသတင်းရင်းမြစ်တေွနဲ့ သတင်းပေးပို့ချက်အရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ဘေးသင့်ရွှေဘိုခရိုင်အတွင်း ဖြစ်သလိုစိုက်ပျိုးရတာကြောင့် နွေစပါးအထွက်နှုန်း ထက်ဝက်ကျဆင်းနိုင်

စစ်ဘေးဒုက္ခသည်ဘဝနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အန္တရာယ်ပေးမှုကို ရှောင်တိမ်းရင်း ဖြစ်သလို စိုက်ပျိုးရတာကြောင့် စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်အတွင်း မကြာမီရိတ်သိမ်းတော့မယ့် နွေစပါးအထွက်နှုန်းဟာ ထက်ဝက်လောက်ကျဆင်းနိုင်တယ်လို့ ရွှေဘိုမြို့နယ်အတွင်းရှိ တောင်သူတစ်ဦးကပြောပါတယ်။   လာမယ့်ရက်၂၀အတွင်း နွေစပါးရိတ်သိမ်းတော့မှာဖြစ်ပြီး စစ်တပ်ခွင့်ပြုမှသာ ရိတ်သိမ်းစက်အသုံးပြုခွင့်ရနိုင် မှာမို့ ရိတ်သိမ်းမှုအခက်အခဲလည်း ရှိတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မီတာ ၅၀၀၀ ပြေးမယ့် အမြောက် SHADOW တီထွင်

မီတာ ၅၀၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ SG2 တာဝေးပစ်အမြောက်ကို SHADOW ထုတ်လုပ်ရေးနှင့်လက်နက်ကြီး တပ်ဖွဲ့က တီထွင်ဖန်တီးနေပြီဖြစ်ကြောင်းသိရပါတယ်။ အတွေ့အကြုံတွေအရ ထုတ်လုပ်ရေးအပိုင်း လိုအပ်ချက်နဲ့လက်နက်ပစ္စည်း အားနည်းချက်ကြောင့်တိုက်ခိုက်ရေးရဲဘော်တွေအတွက် အန္တရာယ်များလွန်းတဲ့အတွက်ထုတ်လုပ်ရေးအဖွဲ့အနေနဲ့ အရင်ပစ္စည်းတွေလို အကြိမ်ကြိမ်စမ်းသပ်ပြီးမှသာတိုက်ခိုက်ရေးအဖွဲ့ကို ပေးသုံးမှာဖြစ်ပြီးလက်ရှိမှာ စိတ်ချရတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မှာ လမ်းဘေးဈေးသည်နဲ့ ဆိုင်ခန်း ၂၀၀၀ ကျော်ကို စစ်အုပ်စု ဖယ်ရှား

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ လမ်းဘေးဈေးသည်တွေနဲ့ ဈေးဆိုင် ၂၀၀၀ ကျော်ကို ကြိုတင်အကြောင်းကြားတာ မရှိပဲ စစ်အုပ်စု လိုက်လံဖယ်ရှားနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇွန်လ ၁၀ ရက်နေ့က စတင်ပြီး ပုသိမ်မြို့အတွင်းရှိ တကောင်းဘုရားလမ်းကနေ အုတ်စီကုန်းလမ်းဆုံ၊ ကွမ်းခြံလမ်းဆုံကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ် သာကောင်းရွာမှာ အကြမ်းဖက်တပ်စစ်ကြောင်းတွေ အင်အားစုနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ကျွဲနန်းရွာမှာ စခန်းချနေတဲ့ အကြမ်းဖက်စစ်ကြောင်းနှစ်ခုတို့ဟာ ဒီနေ့ဇွန်လ ၁၂ ရက် မနက်ပိုင်းက သာကောင်းရွာမှာ စုစည်းနေကြပြီလို့ ဓေသခံတွေဆီက သိရပါတယ်။ အဲဒီစစ်ကြောင်းနှစ်ခုပေါင်းပြီး သာကောင်းရှဉ်းရှည်က စစ်ဘေးရှောင်စခန်းတွေကို တောနင်းရှာဖွေလိမ့်မယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခလရ(၈၃)ကနေ ထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကို ပြည်သူ့ရင်ခွင်ဆီ ပို့ဆောင်

ခလရ (၈၃) ကနေ ထွက်ပြေးလာတဲ့ စစ်သား ၂ ဦးကို ပြည်သူ့ရင်ခွင်ဆီ ပို့ဆောင်ပေးခဲ့တယ်လို့ Eagles Army-HPDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဇွန်လ ၁၀ ရက်နေ့မှာ တပ်မ (၈၈)၊ တပ်ရင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်စွန့်ရင် ကြိုဆိုမယ်ဆိုတဲ့ ဇော်မင်းထွန်းပြောဆိုချက် တောင်ငူခရိုင် PDF ပြတ်သားစွာ ပယ်ချ

PDF တွေလက်နက်စွန့်ရင် ကြိုဆိုမယ်ဆိုတဲ့ ဇော်မင်းထွန်းပြောဆိုချက်ကို တောင်ငူခရိုင်PDF က ပြတ်သား စွာ ပယ်ချလိုက်ပါတယ်။ မကြာသေးမီ ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းရဲ့ အဲဒီလို ကမ်းလှမ်းချက်နဲ့ပက်သက်ပြီး လူ့မိစ္ဆာတွေရဲ့ လက်အောက်ကို ပြန်သက်ဆင်းပြီး စစ်ကျွန်ဘဝ နဲ့ [ဆက်လက်ဖတ်ရှုရန်]