၂၆၊ အောက်တိုဘာလ၊ ၂၀၂၁။
မင်းအောင်လှိုင် တက်ရောက်ခွင့်ရရေးအတွက် နောက်ဆုံးအချိန်ထိ အကြမ်းဖက်စစ်အုပ်စုရဲ့ တောင်းဆိုမှုကို ပယ်ချကာ အာဆီယံထိပ်သီးအစည်းအဝေးကို ဒီနေ့မနက်မှာ စတင်လိုက်ပါပြီ။
အာဆီယံက မြန်မာကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ဖတ်ကြားခဲ့ပေမဲ့ စစ် အုပ်စုကတော့ မင်းအောင်လှိုင် ဒါမှမဟုတ် ဝန်ကြီးတစ်ဦးဦး တက်ရောက်ခွင့်မရရင် မတက်ဘူးလို့ ယမန်နေ့ညက ထုတ်ပြန်ခဲ့ပါတယ်။
‘အခုလိုငြင်းပယ်ခံရတာဟာ အာဆီယံသမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်သလို နိုင်ငံတကာမှာလည်း တော်တော်ရှား တဲ့ဖြစ်ရပ်ပဲ’လို့ ရန်ကုန်အခြေစိုက်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကပြောပါတယ်။
မင်းအောင်လှိုင်တက်ခွင့်ရရေးအတွက် နောက်ဆုံးအချိန်ထိ ကြိုးစားတာဟာ စစ်အုပ်စုအနေနဲ့ မင်းအောင်လှိုင်ရဲ့ အရှက်တကွဲအကျိုးနည်းဖြစ်မှုကို နောက်ဆုံးအချိန်ထိ အဖတ်လိုက်ဆယ်ခြင်းဖြစ်တယ်လို့လည်း သူကပြောပါ တယ်။
မုံရွာမြို့နေနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကလည်း အာဆီယံက မင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေး မဖိတ်တော့ဘူးလို့ ဆုံးဖြတ်ချက်ထွက်ပေါ်လာပြီးနောက် စစ်အုပ်စုဟာ ပြင်းထန် စွာဆန့်ကျင်ပြလိုက်၊အချိုသတ် ပြလိုက်ရုံတင်မက မဘသနဲ့စစ်မှုထမ်းဟောင်းတွေကိုပါ ပြန်ခေါ်သုံးကာ မင်းအောင်လှိုင်ကိုထောက်ခံကြောင်း ကြွေးကြော်ပြခိုင်းတဲ့အထိ အရူးတစ်ယောက်လိုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။
‘တစ်ခုခုဆို နေ့တွက်စရိတ်ပေးပြီး ထောက်ခံခိုင်းတာကျွန်တော့်ကို ထောက်ခံတဲ့လူတွေ ရှိပါတယ်လို့ အာဆီယံ ကိုပြောပြချင်တာလား၊မင်းတို့မဖိတ်လည်း ငါ့ထောက်ခံမှုနဲ့ငါရှိတယ်၊ဂရုမစိုက်ဘူးလို့ ပြော ချင်တာလား တော့မ သိဘူး’လို့သူကပြောပါတယ်။
အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းဟာ မင်းအောင်လှိုင်ရဲ့မူမမှန်တဲ့လုပ်ရပ်တွေကို လက်မခံကြောင်း မင်းအောင်လှိုင်မပါတဲ့ အာဆီယံထိပ်သီးအစည်းအဝေးစတင်ခြင်းနဲ့ သက်သေပြလိုက်ပြီလို့သူက ဆက်ပြောပါ တယ်။
ဒီနေ့ ကနေ ၂၈ ရက်နေ့အထိ ကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် မပါပေမယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကတော့ အာဆီယံ-အမေရိကန် ပူးပေါင်းအစည်းအဝေးတခုကို ဗီဒိယိုကနေတစ်ဆင့်