![](https://deltanewsagency.com/wp-content/uploads/2024/12/political-prisoner-scaled.jpg)
ကျောက်ကပ်ရောဂါပြင်းထန်လာချိန်မှာ ဆေးရုံတက်ကုသခွင့်တောင်းပေမဲ့ စစ်ကောင်စီလက်အောက်ခံ အာဏာပိုင်တွေက ငြင်းဆန်ခဲ့တဲ့နောက်LGBTနိုင်ငံရေးအကျဉ်းသားတဦး မုံရွာမြို့မရဲစခန်းအချုပ်ခန်းအတွင်းသေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကပြောပါတယ်။
အခုနှစ် ဖေဖော်ဝါရီ ၂၄ရက်က မုံရွာမြို့အောင်ဇေယျရပ်ကွက် အိုးရှင်စင်တာအနီးမှာဖမ်းဆီးခံခဲ့ရတဲ့ LGBT နိုင်ငံ ရေးအကျဉ်းသား ဘုံဘုံဟာ မုံရွာမြို့ရဲစခန်းအချုပ်ထဲ ချုပ်နှောင်ခံထားရချိန် နိုဝင်ဘာ ဒုတိယပတ်ကစလို့ ကျောက် ကပ်ရောဂါဝေဒနာ ဆိုးရွားလာခဲ့တာလို့သိရပါတယ်။
ရောဂါအခြေအနေပြင်းထန်လာတာကြောင့် ဆေးဝါးကုသခွင့်ရဖို့ ရဲစခန်းတာဝန်ရှိသူတွေဆီ တင်ပြခဲ့ပေမယ့် ဆေး ရုံတက်ကုသခွင့်မရဘဲ အချုပ်ခန်းအတွင်းမှာပဲ ဆေးသွင်းကုသပေးမှုလောက်သာယာယီလုပ်ပေးခဲ့ပြီးဆက်လက် ချုပ်နှောင်ထားခဲ့တာလို့ PPNM ဆီကသိရပါတယ်။
အဲ့ဒီနောက် နိုင်ငံရေးအကျဉ်းသား ဘုံဘုံဟာ ဒီဇင်ဘာ ဒုတိယပတ်ကစလို့ လမ်းကောင်းကောင်းမလျှောက်နိုင် တော့သလို အစာမာတွေကိုလည်း မစားသောက်နိုင်တော့ဘဲ ကျန်းမာရေးပိုမိုဆိုးရွားခဲ့ပြီး ဒီဇင်ဘာ ၂၅ရက်မှာ ကျ ဆုံးခဲ့တာလို့ PPNMက ဖော်ပြပါတယ်။
ဖမ်းဆီးမခံရမီအထိ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေအရေးဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)အဖွဲ့ဝင်တဦးဖြစ်တဲ့ ဘုံဘုံကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ဆယ်လ လောက်ချုပ်နှောင်စစ်ဆေးကာ ဒီဇင်ဘာ ၂၃ရက်ကမှ ထောင်ဒဏ်ဆယ်နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက် စစ်အာဏာသိမ်းမှုဆန့်ကျင်တော်လှန်သူတွေကို တရားစွဲဆိုထောင်ချလေ့ ရှိ တဲ့ ပုဒ်မ ၅၀(ည)၊ပုဒ်မ၅၂(က)၊၅၂(ခ)စတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ ပုဒ်မတွေနဲ့စွဲဆိုခံထားတဲ့ နိုင်ငံရေး အကျဉ်းသားဘုံဘုံဟာ ထောင်ဒဏ်ချမှတ်ခံရပြီး နှစ်ရက်အကြာမှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
မုံရွာမြို့မ ရဲစခန်းတာဝန်ရှိသူတွေဟာ အဲ့ဒီစခန်းအချုပ်အတွင်းဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကို အ ဓိကထားဖိနှိပ်လေ့ရှိသလို မတရားဖမ်းဆီးခံထားရသူတွေအပေါ် ကျန်းမာရေး နဲ့သင့်တင့်တဲ့ အစာရေစာ မပေး တာ၊လုံလောက်တဲ့နေရာထိုင်ခင်းမပေးတာ၊အချုပ်ကျနေသူတွေအတွက် မိသားစု ဝင်တွေကပေးပို့လာတဲ့ ငွေ ကြေးနဲ့ပစ္စည်းတွေကိုအလွဲသုံးစားပြုတာတွေလည်းလုပ်နေတယ်လို့ PPNMက ဒီဇင်ဘာ ၁၈ရက်မှာ အသိပေးထား ပါသေးတယ်။
မုံရွာရဲစခန်းအချုပ်ခန်းအတွင်း သေဆုံးသွားတဲ့ ဘုံဘုံအပါအဝင် အခုနှစ်အတွင်း စစ်ကောင်စီအကျဉ်းထောင်၊ အ ချုပ်ခန်းတွေထဲ ချုပ်နှောင်ခံထားရချိန် ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်မရလို့ သေဆုံးသွားတဲ့ နိုင်ငံ ရေးအကျဉ်းသားနှစ်ဆယ်ကျော်အထိ ရှိလာပြီလို့ PPNMရဲ့ အချက်အလက်တွေအရသိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)ရဲ့ မှတ်တမ်းတွေအရတော့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့သူ စုစုပေါင်း ခြောက်ထောင်ကျော်ရှိပြီး အဲ့ဒီအထဲက ၁၅၀၀လောက်ဟာ ဖမ်း ဆီးချုပ်နှောင်ခံထားရချိန်အတွင်း သတ်ဖြတ်ခံရတာ၊ဆေးကုသခွင့်မရတာစတဲ့ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးခဲ့ သူတွေပါ။