ကောလင်းမြို့သိမ်းတိုက်ပွဲအတွင်း နိုင်ငံရေးအကျဉ်းသား ခြောက်ဆယ်ကျော် ကယ်ထုတ်နိုင်

နို၀င်ဘာ ၊ ၁၁

စစ်ကိုင်တိုင်း ကောလင်းမြို့ကို တော်လှန်ရေး ပူး ပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်း ပိုက်ခဲ့တဲ့ တိုက် ပွဲအတွင်းစစ်ကောင်စီတပ်သားတွေဖမ်းဆီး ချူပ်နှောင်ထားတဲ့ နိုင်ငံရေးအကျဉ်းသား ကို၆၃ဦး ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ပြည်ထဲရေးနဲ့ လူ၀င်မှု ကြီးကြပ် ရေး ၀န်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကောလင်းမြို့ကိုအပြီးသတ်မသိမ်းပိုက်နိုင်ခင်ကတည်းက မြို့နယ်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး 

အဲ့ဒီရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ အ ကျဉ်းသားနဲ့ အချူပ်သား စုစုပေါင်း ၉၈ ဦးထဲက ခြောက်ဆယ် ကျော်ဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေကို ကယ်တင်နို င်ခဲ့ပြီး နောက် တဦးငွေကျပ်ငါးသောင်း စီထောက်ပံ့ခဲ့သလို ကောလင်းခရိုင် ကွက်ကဲရေးမှူး၊ ခရိုင်ပြည်သူ အုပ် ချူပ်ရေးအဖွဲ့၊ တိုင်း ပြည်သူကာကွယ်ရေး တပ်ဖွဲ့ တာ၀န်ခံတို့ကတွေ့ဆုံကာ ဂုဏ်ပြုစကားပြော ခဲ့ တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချ က်မှာဖော်ပြထားပါတယ်။

ကျန်တဲ့ အကျဉ်းသားတွေကိုတော့ စီစစ်ပြီး ဥပဒေနဲ့အညီ ဆက်လက် ဆောင်ရွက်မယ်လို့ ဆိုထားပါတယ်။

လက်ရှိ ကောလင်းမြို့ကို ပြည်သူကာကွယ်ရေး တပ် ဖွဲ့တွေက လုံခြုံရေး ဆောင်ရွက်နေပြီး တိုက်ပွဲတွေ ကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေသူတချို့လည်း မြို့အတွင်း ပြန်လည် ၀င်ရောက်နေထိုင်တာ တွေရှိ တယ်လို့ လုံခြုံရေး အရအမည်မဖော်လိုတဲ့ ကော လင်း ဒေသခံ တဦးကဆိုပါတယ်။

“ ကျွန်တော်တို့ကတော့ မပြန်သေးဘူး စခန်း မှာပဲရှိသေးတယ် တချို့တော့ ပြန်နေကြ တယ် ပြောတယ်ဗျ၊တိုက်ပွဲတွေ ဖြစ်နေတာမျိုးတော့ မကြားတော့ဘူး၊စစ်ရှောင်တွေကို ဒီဘက်(PDF) ကအဖွဲ့တွေက ကူညီပေးနေတာ ”  လို့သူကဆိုပါတယ်။

တော်လှန်ရေးအဖွဲ့တွေ အလုံးစုံထိန်းချူပ်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည် ရယူဖို့ ပြင်ဆင်နေပြီး ဒီကနေ့မနက် ၁၁ နာရီ လောက်ကလည်း ကောလင်းမြို့ကို လေကြောင်း ကတဆင့် ပစ်ခတ်ခဲ့တယ်လို့ မြေပြင် သတင်း တွေကို ဖော်ပြပေးနေတဲ့ Kawlin Revolution – KR က ရေးသားထားပါတယ်။

ဒီကနေ့ မနက်ပိုင်းက ကောလင်းမြို့ပေါ်မှာ လေ ကြောင်းနဲ့ပစ်ခတ်မှုဖြစ်စဉ်ရှိခဲ့ပေမယ့် ထိခိုက်ပျက်ဆီးမှု အနေအထားတွေကို တော့ အသေးစိပ်မသိရသေးဘူးလို့ အထက်ပါ ကောလင်းဒေသခံ ကလည်းအတည်ပြုပြောဆိုပါတယ်။

ကောလင်းမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) နဲ့အတူ ပြည်သူကာကွယ်ရေး တပ်မတော် (PDF)ပူးပေါင်းအဖွဲ့တွေက ဒီလ ၃ ရက်မနက်ပိုင်းကစလို့လေးရက်ကြာတိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ အများအပြားသေဆုံးခဲ့သလို လက်နက်နဲ့ ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရကလည်း ဓာတ်ပုံ မှတ်တမ်းတွေနဲ့ တကွ ထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့ သိမ်းပိုက်ခံရပြီးနောက် စစ်ကောင်စီက မြို့ကို တယ်လီဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို လျှပ်စစ်မီးကိုလည်း ဖြတ်တောက်ထားဆဲဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။