ဟင်္သာတထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အကြောင်းပြချက်မရှိ နှိပ်စက်ခံနေရ

Photo – Google

နိုဝင်ဘာ၊ ၂၄

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့က အကျဉ်းထောင်ထဲ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အကြောင်းပြချက်မရှိ ရိုက်နှက် နှိပ်စက်မှုတွေလုပ်နေတယ်လို့ အဲ့ဒီအကျဉ်းထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တချို့က DNAကိုပြောပါတယ်။

“သူတို့မူးလာတိုင်းအကြောင်းပြချက်မရှိနှိပ်စက်တာပါ ဥပမာ “မင်းတို့ အပြင်မှာငါ့ကိုပြန်တွေ့ရင် ရန်ငြိုးထားမှာ လားတို့ ဒလန်တွေကိုသတ်ဦးမှာလားတို့မေးတဲ့အခါ နိုင်ရေးအကျဥ်းသမားတွေကလည်း အငြိုးထားမယ် သတ်မယ် ” ဆိုတဲ့ပုံစံမျိုးတွေပြန်ဖြေတာတွေကြောင့်လည်းပိုပြီးနှိပ်စက်ပါတယ်”လို့ ဟင်္သာတထောင်တွင်းကနိုင်ကျဉ်းမိသား စုတွေနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဟင်္သာတအကျဉ်းထောင် တာဝန်ရှိသူတဦး ဦးဆောင်တဲ့ အဖွဲ့က နိုင်ငံရေးအကျဉ်းသားတွေကို အခုလ ၁၁ရက်က စလို့ တရက်ခြားတခါလောက် အကြောင်းပြချက်မရှိ ရိုက်နှက်နှိပ်စက်တာမျိုးတွေလုပ်နေတာလို့ သူကဆိုပါတယ်။

“နှိပ်စက်ခံရတာကတော့ အထဲမှာရှိတဲ့ နိုင်ကျဥ်းတွေအကုန်လုံးပါပဲ၊မစ်ရှင်လုပ်ရင်း မိသွားတဲ့PDFရဲဘော်တွေ လည်းပါပါတယ်၊ပြီးတော့ ပါတီဝင်တွေလည်းပါပါတယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အဲ့ဒီလို ရိုက်နှက်နှိပ်စက်ခံရတာကြောင့် ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေထဲ လမ်းမလျှောက်နိုင်တဲ့အထိ ပြင်းထန်ဒဏ်ရာရသူတွေရှိသလို ခေါင်းကွဲသူတွေလည်းရှိပေမယ့် ဒဏ်ရာရသူတွေကို ဆေးဝါးပြန်လည်ကုသပေး တာမရှိဘူးလို့လည်းသိရပါတယ်။

၂၀၂၁ခုနှစ်စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက အကျဉ်းထောင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေကို ပစ် မှတ်ထား ညှင်းပန်းနှိပ်စက်မှုတွေလုပ်နေသလို နေရေး၊စားရေးအပြင် ကျန်းမာရေးစောက်ရှောက် ခွင့်တွေပါ အလုံ အလောက်မရနေဘူးလို့ နိုင်ငံရေးအကျဉ်းသားအဖွဲ့အစည်းတွေက ပြောထားကြပါတယ်။

ဒီလို နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကျဉ်းထောင်တွေထဲ ပုသိမ်ထောင်အပါအဝင် ဧရာဝတီတိုင်းအတွင်းက အကျဉ်းထောင်တွေလည်းပါဝင်ပြီး ဟင်္သသာတထောင်မှာတော့ ထောင်တွင်းကျန်းမာရေး စောင့်ရှောက်မှု မလုံ လောက်တဲ့အပြင် အကျဉ်းသားတွေအတွက် ဆေးဝါးပို့ခွင့်ကိုပါ ကန့်သတ်ထားပါသေးတယ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက် နိုင်ငံတဝန်းကအကျဉ်းထောင်တွေအတွင်းမှာ ရေမလုံလောက်တာ ၊သောက်သုံးရေမသန့်ရှင်းတာနဲ့ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တဲ့အခြေအနေတွေရှိနေပြီး နိုင်ငံရေး အကျဉ်းသားတွေကတော့ ထောင်အာဏာပိုင်တွေရဲ့ပစ်မှတ်ထားဖိနှိပ်မှုကိုပါရင်ဆိုင်နေရတာလို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ထုတ်ပြန်ချက်တွေမှာဖော်ပြပါတယ်။

ဒီလိုအခြေအနေတွေကြောင့် အခုနှစ်ဆန်းကနေ အောက်တိုဘာလအထိ ဆယ်လတာအတွင်း အကျဉ်းထောင်တွေ ထဲ သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၈ဦးအထိရှိနေတယ်လို့ PPNM ရဲ့မှတ်တမ်းတွေအရသိရပါ တယ်။
အဲ့ဒီသေဆုံးသူတွေထဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ်လည်းဖြစ် NLD ပါတီဒုတိယဥက္ကဌလည်းဖြစ်တဲ့ ဒေါက်တာဇော် မြင့်မောင်နဲ့ NLD အစိုးရရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်တို့လည်းပါဝင်ပါတယ်။သူတို့နှစ်ဦးကိုတော့ သေဆုံး ဖို့ ရက်ပိုင်းအလိုကာလတွေမှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့တာပါ။

အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် တိုက်ပွဲ၀င်ခဲ့သူတွေကို စစ်ကောင်စီက ရန်သူသ ဖွယ် သဘောထား ဖမ်းဆီးမှုတွေလက်ရှိအချိန်အထိ လုပ်နေသလို ဖမ်းဆီးပြီးနောက် မတရားအမိန့်တွေချမှတ်ကာ အကျဉ်းထောင်တွေဆီ ပို့ဆောင်ပြီးနောက် ထောင်တွင်းမှာ နိုင်ငံရေးအ ကျဉ်း သားတွေကို အာဏာပိုင်တွေကလုပ်ကြံသတ်ဖြတ်တဲ့ဖြစ်စဉ်တွေပါရှိနေတယ်လို့ PPNM ကဆိုထားပါတယ်။