ပခုက္ကူမှာ ဆယ်တန်းကျောင်းသူတဦး နေအိမ် အိမ်သာထဲ အဆိပ်ပြင်းမြွေအကိုက်ခံရလို့ သေဆုံး

Photo – Social Media

နိုဝင်ဘာ၊ ၂၅

မကွေးတိုင်း ပခုက္ကမြို့ပေါ်ရပ်ကွက်တခုမှာ မနေ့ညက ဆယ်တန်းကျောင်းသူတဦး မီးပျက်နေချိန် အမှောင်ထဲအိမ် သာသွားရင်း ဘိုထိုင်အိမ်သာထဲ ခိုအောင်းနေတဲ့ အဆိပ်ပြင်းမြွေကိုက်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပခုက္ကူမြို့ အမှတ်(၁)ရပ်ကွက် ကျောက်စေတီဘုရားအနီးက နေအိမ်တအိမ်မှာ နေထိုင်တဲ့ ဆယ်တန်းကျောင်းသူ မလင်းလင်းမြတ်ဟာ မနေ့ညခြောက်နာရီကျော်လောက်က ကျူရှင်ကပြန်လာပြီးနောက် အိမ်သာသွားရင်း ဘို ထိုင် အိမ်သာထဲ ခိုအောင်းနေတဲ့ အဆိပ်ပြင်းမြွေကိုက်ခံခဲ့ရတာလို့သိရပါတယ်။

မြွေကိုက်ခံရတဲ့ မိန်းကလေးငယ်ကို ဆေးရုံပို့ကုသခဲ့ပေမယ့် အခင်ဖြစ်အပြီး နှစ်နာရီလောက်အကြာ ညရှစ်နာရီ ကျော်မှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။အဲ့ဒီမိန်းကလေးငယ်ကို ကိုက်ခဲ့တဲ့ မြွေကိုတော့ အိမ်သာဖျက်ပြီး ရှာ ဖွေရာက ညကိုးနာရီကျော်လောက်မှာရှာတွေ့ခဲ့တာလို့ဆိုပါတယ်။

“ရရှိထားတဲ့ ပုံတွေအရ ဒီမြွေဟာ အဆိပ်ပြင်းရုံမက အဆိပ်ရည်တွေကိုပါ မှုတ်ပန်းနိုင်တဲ့ မန္တလေးအဆိပ်မှုတ် မြွေ ဟောက်ဖြစ်ပါတယ်။သိပ္ပံနာမည် Naja mandalayensis ပါ။ အရမ်းအန္တရာယ်များပေမယ့် ဆေးမမီလောက် အောင်ဆိုးဝါးတဲ့မြွေမဟုတ်ပါဘူး၊ဒီမြွေဆိပ်ကို နိုင်တဲ့အဆိပ်ဖြေဆေးတွေမြန်မာမှာရှိပါတယ်”လို့ မြွေမျိုးစိတ် တွေနဲ့ပတ်သက်လို့ အသိပညာပေးမှုလုပ်ကိုင်နေသူတဦးက ပြောပါတယ်။

အဆိပ်ပြင်းမြွေအကိုက်ခံရတဲ့ ဖြစ်စဉ်တွေမှာ အချိန်မီဆေးရုံပို့ကုသနိုင်ရင် နောက်ဆက်တွဲရောဂါတွေမခံစားရဘဲ အသက်ရှင်နိုင်တဲ့အခွင့်အလမ်းရှိပေမယ့် လူနာကို ဆေးရုံမပို့နိုင်ခင် အသက်ကယ်နိုင်အောင် ရှေးဦးသူနာပြု နည်း တွေ လုပ်ဆောင်ပေးထားဖို့လိုအပ်တယ်လို့ မြွေမျိုးစိတ်ဆိုင်ရာ ကျွမ်းကျင်သူတွေကပြောကြပါတယ်။

ဒါ့အပြင် မြွေကိုက်ခံရတဲ့ အကြိမ်ရေ အနည်း၊အများ၊ အဆိပ်ထိုးသွင်းခံရမှုပမာဏနဲ့ ကိုက်ခံရတဲ့ ကိုယ်အင်္ဂါ အစိတ် အပိုင်း စတာတွေ ဟာလည်း လူနာကိုပြန်လည်ကုသနိုင်ဖို့အရေးပါတဲ့ အခြေအနေတွေဖြစ်တယ်လို့ ဆိုပါတယ်။

အခုသေဆုံးသွားတဲ့မိန်းကလေးငယ်ကတော့ ဘိုထိုင်အိမ်သာမှာထိုင်ချိန် အိမ်သာခွက်ထဲကနေ အကိုက်ခံရတာ ဖြစ်လို့ ပေါင်ရင်းခွကြားနေရာတွေကို အကိုက်ခံရတာဖြစ်နိုင်ပြီး အဲ့ဒီနေရာတွေဟာ ခန္ဓာကိုယ်အဆပ်ပြန့်ဖို့ လွယ်ကူတဲ့နေရာလို့ မြွေကိုက်ခံရမှုဖြစ်စဉ်တွေကိုလေ့လာနေသူတဦးက မှတ်ချက်ပြုပါတယ်။

“မြွေဆိပ်ကို မြွေဆိပ်ဖြေဆေးတစ်မျိုးတည်းကသာ ပျက်ပြယ်စေတာမို့ ဆေးရုံ ကိုမြန်မြန်ရောက်လေ အသက်ရှင်ဖို့ အခွင့်အရေးပိုများလေပါပဲ”လို့ မြန်မာ့ ဇီဝမျိုးစိတ်တွေနဲ့ပတ်သက်ပြီး အသိပညာပေးနေတဲ့ Native Species Conservation & Identification facebook စာမျက်နှာကအကြံပြုထားပါတယ်။