သြဂုတ် ၊ ၂၆
နိုင်ငံတကာ အမှတ်တံဆိပ်တွေထွက်ခွာသွားရင် အလုပ်လက်မဲ့လုပ်သားဦးရေ တိုးပွားလာမှာ ဖြစ်တယ်လို့ မြန် မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်အသင်း(MGMA)ကထုတ်ပြန်လိုက်ပြီး ပြည်တွင်းမှာ ဆက်လက်ရှိနေဖို့လည်း တောင်း ဆိုလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာအဝတ်အထည်အမှတ်တံဆိပ်လုပ်ငန်းတချို့ မြန်မာနိုင်ငံကထွက်ခွာမယ်လို့ ထုတ်ပြန်ပြော ဆို မှုတွေ ဆက်တိုက်ရှိခဲ့တဲ့နောက် အထည်ချုပ်ကဏ္ဍ ဆက်လက်တိုးတက်စေဖို့ ကတိကဝတ်ပြုချက်ဆိုတဲ့ MGMA ရဲ့ ထုတ်ပြန်ချက်တရပ် မနေ့က ထွက်ပေါ်လာပါတယ်။
“အထည်ချုပ်ကဏ္ဍအကျပ်အတည်းတွေတိုးမလာအောင် ထုတ်ပြန်တာလို့နားလည်တယ်”လို့ MGMAအဖွဲ့ဝင် အ ထည်ချုပ် လုပ်ငန်းရှင်တဦးကDNA ကိုပြောပါတယ်။
ကမ္ဘာကျော်အဝတ်အထည် အမှတ်တံဆိပ်ဖြစ်တဲ့ H&M Group ကမြန်မာနိုင်ငံကထွက်ခွာ မယ်ဆိုတဲ့ ကြေညာ ချက်ထွက်လာပြီးတဲ့နောက် MGMAရဲ့ အထက်ပါကတိကဝတ်ပြုချက်ထွက်လာတာလည်းဖြစ်ပါတယ်။
အခုလိုမမျှော်မှန်းထားတဲ့ ဖြစ်ပေါ်ပြောင်းလဲမှုသတင်းစကားကြားရလို့စိတ်မကောင်းဖြစ်ရတယ်လို့ MGMA ထုတ် ပြန်ချက်မှာဖော်ပြထားပြီး အဲဒီလိုဆုံးဖြတ်ချက်တွေကြောင့် အလုပ်ထုတ်ခံရနိုင်ခြေမြင့်မားမှုအပါအဝင် စက်ရုံ ဝန်ထမ်းတွေရဲ့ အသက်မွေးဝမ်းကြောင်းကိုမထိခိုက်စေနိုင်တယ်လို့ဆိုထားပါတယ်။
MGMAအနေနဲ့ ၂၀၀၀ခုနစ်အစောပိုင်းက အလားတူထွက်ခွာမှုတွေကြောင့်အနှုတ်လက္ခဏာဆောင်တဲ့ သက် ရောက်မှုတွေကိုမျက်ဝါးထင်ထင်တွေ့မြင်ရပြီးဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။
MGMAရဲ့ထုတ်ပြန်ချက်ဟာ လုပ်ငန်းရှင်တွေအကျိုးထိခိုက်မှာကို စိုးရိမ်လို့ ပြောဆိုချက်သက်သက်သာဖြစ်ပြီး အ လုပ်သမားတွေကိုဗန်းပြအသနားခံတာဖြစ်တယ်လို့ အလုပ်သမားအဖွဲ့တွေက ဝေဖန်ကြပါတယ်။
“သူတို့က Brandကြီးတွေဆီက မျိုးမျိုးမြတ်မြတ်ရတာလေ၊ အဲဒီလိုရတဲ့အချိန်တုန်းကအလုပ်သမားတွေကိုလုပ်ခ ပိုပေးတာရှိခဲ့လို့လား၊Brand တွေထွက်တော့မယ်ဆိုမှအလုပ်သမားတွေအလုပ်လက် မဲ့ဖြစ်တော့မယ်ဆိုပြီးငိုပြတဲ့ အကွက်လို့ဘဲမြင်တယ်”လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)တာဝန်ရှိသူတဦးကပြောပါတယ်။
MGMA ကတော့ အပြည်ပြည်ဆိုင်ရာအမှတ်တံဆိပ်တွေအနေနဲ့မြန်မာနိုင်ငံမှာတာဝန်သိစွာဆက်လက် တည်ရှိနေ ခြင်းဟာ အ ကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့အခိုင်အမာ ယုံကြည်ကြောင်း၊တာဝန်ယူမှုနဲ့ဆက်လက် ပူးပေါင်း ဆောင်ရွက်မှု ကြောင့် လက်ရှိအလုပ်အကိုင်အခြေအနေတွေပိုမိုကောင်းမွန်လာစေဖို့ အထောက်အကူပြုမယ်လို့ယုံ ကြည် တဲ့အကြောင်းတွေကိုလည်း ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
ဒါ့အပြင် MGMAအနေနဲ့ မြန်မာနိုင်ငံမှာတာဝန်ယူမှုရှိတဲ့စီးပွားရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ဆောင်ဖို့ အပြည် ပြည်ဆိုင်ရာအမှတ်တံဆိပ်တွေ၊မိတ်ဖက်တွေနဲ့အတူလက်တွဲလုပ်ဆောင်ဖို့အမြဲအဆင်သင့်ရှိနေပြီးအထည်ချုပ်လုပ်ငန်းရှင်တွေ၊အလုပ်သမားတွေအားလုံးအတွက်အထည်ချုပ်ကဏ္ဍအခြေအနေတိုးတက်ကောင်းမွန်လာဖို့ ဆက် လက်ဆောင်ရွက်သွားမယ်လို့ကတိပြုတယ်လို့လည်းဆိုထားပါတယ်။
အခုလို နာမည်ကြီးအမှတ်တံဆိပ်တွေမြန်မာနိုင်ငံကထွက်သွားလို့ အလုပ်လက်မဲ့တွေဖြစ်လာမယ်ဆိုတာ ယုတ္တိ မရှိဘဲလုပ်ငန်းရှင်တွေအနေနဲ့တခြားအော်ဒါတွေပတ်ရှာပြီးဆက်လက်လည်ပတ်နိုင်သေးတယ်လို့အလုပ်သမားအရေးလှုပ်ရှားသူတဦးကလည်းဆိုပါတယ်။
“အခုလည်း တရုတ်၊ကိုရီးယား၊ဂျပန် အော်ဒါတွေရနေတာပဲ၊ နာမည်ကြီး Brandလောက်တော့ ချုပ်ခရချင်မှရမယ်၊ လုပ်ငန်းဆုံးရှုံးနိုင်တဲ့အနေအထားရှိမနေဘူး”လို့သူကပြောပါတယ်။
H&M အမှတ်တံဆိပ်မတိုင်ခင်စစ်အာဏာသိမ်းပြီးနောက်မှာ ကမ္ဘာကျော်အဝတ်အထည်လုပ်ငန်းတွေဖြစ်တဲ့ Primark၊ Uniqloစတဲ့ ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံက ထွက်ခွာတောာ့မယ်လို့ကြေညာခဲ့ကြပါသေးတယ်။
မြန်မာနိုင်ငံမှာလူ့သမားအခွင့်အရေး၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကြောင့် ထွက်ခွာရတာလို့ အဲ့ဒီ ကုမ္ပဏီတွေက အကြောင်းပြထားပါတယ်။
ဒါပေမယ့် ထွက်ခွာမယ်လို့ကြေညာထားတဲ့ အမှတ်တံဆိပ်တွေအနေနဲ့လက်ရှိအချိန်အထိပြည်တွင်းမှာလုပ်ငန်း ဆက်လက်လုပ်ကိုင်မှုတွေရှိနေသေးတယ်လို့လည်း အလုပ်သမားအဖွဲ့တွေက ဆိုပါတယ်။
“တံဆိပ်မကပ်ဘဲဆက်ချုပ်နေတာတွေတွေ့နေရတယ်၊Brandတွေအနေနဲ့အပြောနဲ့မညီဘဲ လုပ်ကိုင်နေကြတဲ့ အ ချက်အလက်တွေရရှိထားတယ်၊သူတို့အနေနဲ့ကလည်းမြန်မာနိုင်ငံမှာလုပ်အားခသက်သာတော့ မက်တာပေါ့”လို့ STUMတာဝန်ရှိသူကပြောပါတယ်။
လက်ရှိပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ လုပ်ငန်းခွင်ဖိနှိပ်မှုနဲ့ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့ဖြစ်စဥ်တွေမှာ လည်း အထက်ပါ Brandချုပ်လုပ်တဲ့စက်ရုံတွေဖြစ်နေတာတွေ့ရတယ်လို့လည်းသူကဆိုပါတယ်။
ပြည်တွင်းမှာနိုင်ငံခြားသားပိုင်နဲ့ နိူင်ငံသားပိုင် လက်ခစားတဆင့်ခံ(CMP)စက်ရုံ ခုနှစ်ရာ ကျော်ရှိပြီး အလုပ်သမား ဦးရေ ငါးသိန်းနီးပါးလုပ်ကိုင်နေကြတယ်လို့ ဌာနဆိုင်ရာမှတ်တမ်းတွေအရသိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စက်ရုံ၊အလုပ်ရုံ ကဏ္ဍတွေမှာ အလုပ်အခွင့်အရေး၊လုပ်ငန်းခွင်အခွင့်အရေးနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ဖြစ်နေကြောင်း အလုပ်သမားတွေဘက်က ဝေဖန်ထားကြပြီး အဲ့ဒီချိုး ဖောက်မှုတွေနဲ့ပတ်သက်လို့ အထည်အပ်နှံတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေကိုပါ တိုင်ကြားပြီး ဖြေရှင်းနိုင်ဖို့ ကြိုးစား လာကြပါတယ်။