မှတ်ပုံပြန်မတင်တဲ့ ပါတီလေးဆယ်ကို ဖျက်သိမ်းတယ်လို့ စစ်ကောင်စီကော်မရှင်ကြေညာ

မတ်၊ ၂၈

အာဏာသိမ်းစစ်ကောင်စီက အတည်ပြုပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီဥပဒေအရသတ်မှတ်ကာလအတွင်း မှတ်ပုံ ပြန်မတင်တဲ့ နိုင်ငံရေးပါတီလေးဆယ်ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီက နေ့ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကပြဌာန်းတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ တည်ဆဲနိုင်ငံရေးပါတီတွေဟာ ရက်ပေါင်း ခြောက်ဆယ်အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး ဒီကနေ့မှာ သတ်မှတ်ကာလကုန်ဆုံးတာပါ။

ဒီကာလအတွင်းတည်ဆဲပါတီ(၉၀)ထဲက (၅၀)ပြန်လည်မှတ်ပုံတင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော် မရှင်ကပြောပါတယ်။သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ဖို့ပြန်လည်လျှောက်ထားခြင်းမရှိတဲ့ပါတီ လေးဆယ်ကို တော့ ဖျက်သိမ်းတယ်လို့ကြေညာလိုက်တာပါ။

ဖျက်သိမ်းလိုက်တယ်လို့ ကြေညာခံရတဲ့ ပါတီတွေထဲ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ ခုနစ်ပါတီလည်းပါ ဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ချင်းအမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်၊ တ အာင်း(ပလောင်)အမျိုးသားပါတီ၊ကယန်းအမျိုးသားပါတီ၊ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊လားဟူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ စတဲ့ ၂၀၂၀ အနိုင်ရပါတီတွေဟာ စစ်ကောင်စီကော်မရှင်ဆီမှာ မှတ်ပုံပြန်မတင်ထားပါဘူး။

ဒါ့အပြင်၂၀၂၀မှာ အနိုင်မရခဲ့ပေမယ့် လူသိများတဲ့ နိုင်ငံရေးပါတီတွေဖြစ်တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ စတဲ့ပါတီတွေလည်း မှတ်ပုံပြန်မတင်တာကြောင့် ဖျက်သိမ်းတယ်လို့ ကြေညာခံ ရပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းတယ်လို့ ကြေညာလိုက်တဲ့ ပါတီတွေထဲက တချို့ကတော့ နာ မည်ပြောင်းပြီး မှတ်ပုံတင်တာ၊ပါတီတွေပူးပေါင်းလိုက်တာကြောင့် ဒီစာရင်းထဲပါနေတာဖြစ်ပါတယ်။

အဲ့ဒီလို အသစ်တည်ထောင်တဲ့ ပါတီ (၁၃)ခုရှိတယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ)ဟာ အဲ့ဒီလိုပါတီတွေထဲက တခုဖြစ်ပါတယ်။ဖျက်သိမ်းခံရတဲ့ ပါတီစာရင်းမှာ ဒီမို ကရက်တစ်ပါတီ(မြန်မာ)အမည်ပါဝင်ပေမယ့် အဲ့ဒီပါတီမှာ ဦးဆောင်ပါဝင်ခဲ့သူတွေက တိုင်းဒေသလေးခုမှာ အခြေပြုတဲ့ ပါတီလေးခုအဖြစ် အသစ်တည်ထောင်ထားပါတယ်။

တည်ဆဲနိုင်ငံရေးပါတီတွေကို ဖျက်သိမ်းကြောင်းကြေညာလိုက်ပေမယ့် ပါတီအသစ်တည်ထောင်လိုသူတွေက တော့ ဆက်လက်လျှောက်ထားနိုင်တယ်လို့လည်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပါ တယ်။

ဓာတ်ပုံ – Google