ကရင်ပြည်နယ် မြဝတီမြို့ မှာ သြဂုတ်လ၂၀ရက်ကစပြီး လျှပ်စစ်မီးပြတ်တောက်နေလို့ ကျန်းမာရေး ဝန် ဆောင်မှု လုပ်ငန်းတွေအပါအဝင် စက်ရုံ၊အလုပ်ရုံတွေနဲ့ မြို့ခံပြည်သူတွေ အခက်တွေ့နေကြရတယ်လို့ DNA ကိုပြောပါ တယ်။
“ထိုင်းဘက်က မီးယူတဲ့သူတွေကတော့ လောလောဆယ်မှာအဆင်ပြေတယ်၊ဒါပေမဲ့ ဘတ်ဈေးတက်နေတော့ ဘယ်သူမှ ကြာကြာမခံနိုင်ဘူးလေ၊အခုတောင် ထိုင်းမီးနဲ့ မီးစက်ကို အလှည့်ကျသုံးနေရတယ်”လို့ မြို့ခံတ ဦးက ပြောပါတယ်။
လျှပ်စစ်မီးပြတ်တောက်နေတာကြောင့် မြို့တွင်းမှာ အောက်ဆီဂျင် မပေးနိုင်တော့လို့ ဆေးရုံတွေမှာ အောက်ဆီ ဂျင်ပြတ်တောက်နေပြီး လူနာတွေအတွက်လည်း အခက်အခဲဖြစ်လာတယ်လို့ ဒေသတွင်း ပရဟိတ အဖွဲ့တွေ ကလည်း ပြောပါတယ်။
“အောက်စီဂျင်စက်ရုံက အရည်ဖြည့်မပေးနိုင်လို့ မဲဆောက်မှာသွားဖြည့်ရတယ်၊ လေးဆယ်လီတာတစ်အိုးကို သုံးသောင်း (ကျပ်)ပေးရတယ်၊ အရင်ကထက်တော့ ဈေးပိုပေးရတဲ့အခက်အခဲရှိတယ်၊ အောက်စီဂျင်အရည် ဖြည့်ရင်လည်း ချက်ချင်းမရဘူး ငါးရက်စောင့််ရတယ် ” လို့ Rescue Myawaddy(အလင်းသစ်) ကတာ ဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အောက်စီဂျင် ပြတ်လပ်မှုတွေကြောင့် ကိုဗစ်ဖြစ်ဖူးတဲ့ အသက်ကြီးပိုင်းအောက်စီဂျင်ကျလူနာတွေ၊ အဆုတ် ရော ဂါသည်တွေ၊ နှလုံးရောဂါသည်တွေအတွက် စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ဒါ့အပြင် အသေးစားနဲ့ အ လတ်စား စက် မှုလုပ်ငန်းတွေမှာလည်း ထိခိုက်မှုတွေရှိပါတယ်။
“အကိုတို့အလုပ်တွေက မီးရှိမှအဆင်ပြေတယ်၊အဲ့ဒီတော့ ဆီဈေးကြီးနေလဲ မီးစက်နှိုးပြီးလုပ်ရတာပဲ”လို့ ဆိုင် ကယ်ဆေးမှုတ်လုပ်ငန်းပိုင်ရှင်တဦးကပြောပါတယ်။
စက်သုံးဆီဈေးမြင့်တက်နေချိန်မှာ လျှပ်စစ်မီးကလည်း ကာလရှည်ပြတ်တောက်သွားတဖြစ်လို့ မီးစက်ရှိ သူတိုင်း မီးစက်သုံးဖို့မလွယ်ကူတဲ့အခြေအနေဖြစ်နေပြီး မြို့တွင်းမှာ မီးစက်နဲ့ဖုန်းအားသွင်းပေးတဲ့ ယာယီ လုပ်ငန်းလည်း ပေါ်ပေါက်လာပါတယ်။
“အခုဆီဈေးနဲ့ဖုန်းအားသွင်းဖို့က မိသားစုနည်းတဲ့သူဆိုတော့သိပ်အဆင်မပြေဘူးလေ၊အဲ့ဒါကြောင့် သွားလာ ရင်းလမ်းတွေ့တဲ့ နေရာမှာပဲ တစ်နာရီကို၅၀၀(ကျပ်)နဲ့ အားသွင်းလိုက်တာပဲ”လို့ အမှတ်(၅)ဝါးတောရပ် ကွက်မှာ နေ ထိုင်တဲ့ မြဝတီမြို့ခံတဦးကပြောပါတယ်။
လျှပ်စစ်မီးမရပေမယ့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ အခုလိုအချိန်မှာ ဆက်သွယ်ရေးနဲ့ သတင်းအချက် အ လက်တွေ ပြတ်တောက်သွားမှာစိုးရိမ်လို့ ဖုန်းအားကိုတော့ ဖြည့်နေရတယ်လို့ သူကဆိုပါတယ်။
မြို့ဝတီမြို့မှာလိုပဲ ကရင်ပြည်နယ်ထဲက ကော့ကရိတ်၊ကျုံဒိုး၊နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာလည်း ဩဂုတ် ၂၀ရက်ကစပြီး လျှပ်စစ်မီးတွေပြတ်တောက်နေတာပါ။အဲ့ဒီလိုပြတ်တောက်သွားတာဟာ ကော့ ကရိတ်မြို့နယ်၊ ကော့နွဲ့ရွာနားက ဓာတ်အားပေးတာဝါတိုင် နှစ်ခုဖောက်ခွဲဖျက်စီးခံရတာကြောင့်လို့ စစ်ကောင်စီကထုတ်ပြန် ထားပါတယ်။
ဒါပေမယ့် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာထုတ်ပြန် ပြော ဆိုတာမျိုး မရှိပါဘူး။ကော့ကရိတ်မှာ ဩဂုတ် ၁၆ရက်က မြို့နယ်ရဲစန်းကို တိုက်ခိုက်ခံရအပြီးမှာ စစ် ကောင်စီတပ်တွေက အဲ့ဒီမြို့နယ်ကကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။