ထုံးဘိုလေးရွာမှာ နေအိမ် ၆၀ကျော် မီးလောင်ပြကျ၊ ရွာသားသုံးဦးသေဆုံးကြောင်း KNU ထုတ်ပြန်

Photo- KNU
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ သထုံမြို့နယ် ထုံးဘိုလေးကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ် မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၆၁လုံး မီးလောင်ပြာကျခဲ့သလို ရွာသားသုံးဦး ကိုလည်းသတ်ဖြတ်သွားကြောင်း KNUက ဒီနေ့ ဇူလိုင်လ ၄ရက်နေ့မှာ သတင်းထုတ် ပြန်ပါတယ်။
ဇွန်လ ၂၅ရက်နေ့မှာ ထုံးဘိုလေးရွာကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ထိုသို့ မီးရှို့ခဲ့ရာတွင် ဘုန်းတော်ကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းတွေပါမီးရှို့ခံခဲ့ရတယ်လို့ ဆိုပါတယ်။
မီးလောင်ထားတဲ့ နေအိမ်ပြာတွေထဲမှ ရွာသားသုံးဦးရဲ့အရိုးအစအနတွေတွေ့ရပြီး အရှင်လတ်လတ် မီးရှို့သတ်ခံရခြင်း (သို့မဟုတ်) သတ်ပြီးမှ မီးရှို့ထားတာဖြစ်နိုင်ကြောင်း KNU သထုံမြို့နယ် သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောတယ်လို့ဆိုပါတယ်။
သတ်ဖြတ်ခံရတဲ့သူတွေမှာ အသက် (၃၉) နှစ်အရွယ် ခြေထောက်တစ်ဖက်မရှိသူ (မသန်စွမ်း) စောဆာမူး၊ အသက် (၅၅) နှစ်အရွယ် စောမောင်လူပျိုနှင့် သက်တော် (၅၄) နှစ်ရှိ ဦးဇင်း တီးထို့ပဝီး တို့ဖြစ်ပြီး ၎င်းတိုမှာ အဆက်အသွယ်မရပဲ ၂၅ ရက်နေ့တည်းကပျောက်ဆုံး နေတာလိုဆိုပါတယ်။
ကေအဲန်ယူ-သထုံမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းကို နယ်မြေကျူးကျော်ပြီး ထုံးဘိုလေးကျေးရွာကို မီးရှို့ဖျတ်ဆီးမှုနဲ့ ဒေသခံပြည်သူတွေကိုသတ်ဖြတ်တာစတဲ့လူ့အခွင့်ရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်အုပ်စု တပ်မ (၄၄)နဲ့ တပ်မ (၂၂) လက်အောက်ခံတပ်တွေအပြင် (BGF)နဲ့ တခြား တပ်ရင်း လက်အောက်ခံတွေပါဝင်တယ်လို့ဆိုပါတယ်။
Photo- KNU