စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ အခွန်ကောက်ခံမှုတွေ စတင်လုပ်ဆောင်သွားမယ်လို့ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က မေလ ၂၆ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့ အညီ မုံရွာမြို့နယ်အတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းအရပ်ရပ်တွေကနေ ဇွန်လ ၁ရက်နေ့မှာ စတင်ပြီး အခွန်တွေကို စနစ်တကျ ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကောက်ခံရရှိလာတဲ့ အခွန်ဘဏ္ဍာငွေတွေကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ချမှတ်ထားတဲ့ မူဝါဒလမ်းညွှန်ချက်တွေနဲ့အညီ ထိရောက် အကျိုးရှိစွာ သုံးစွဲသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။