ကသာမှာ အကြမ်းဖက်တပ် စောင့်ကြိုတိုက်ခိုက်ခံရ၊ထိခိုက်သေဆုံးများနိုင်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ချောင်းဝရွာကနေထွက်လာတဲ့ အကြမ်းဖက်စစ်တပ် ခြေလျင်စစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရကာ ထိခိုက်သေဆုံးမှု အများအပြား ရှိနိုင်တယ်လို့ မြို့လှPDF ကထုတ်ပြန်ပါတယ်။
အင်အား၄၀လောက်ပါတဲ့ အဲဒီစစ်ကြောင်းဟာ ချောင်းဝရွာကနေ မင်းကျောင်းကုန်းရွာဘက် ကို ဧပြီ ၂၂ရက်နေ့ည၇နာရီခွဲ လောက်က ခြေလျင်စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဗိုလ်မိုဃ်းကြိုးဦးဆောင်တဲ့ မြို့လှ KPDF တပ်ခွဲ (၁) က လမ်းခုလတ် အင်းစောင်းတစ်နေရာကနေ စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မြို့လှKPDF တပ်က RPG လက်နက်၊ 79 mm တို့နဲ့ ပစ်ခတ်ခဲ့ရာ စစ်တပ် စစ်ကြောင်းချီရာအနီး ကျရောက်ပေါက်ကွဲခဲ့ကာ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်လို့ မြို့လှPDF ကထုတ်ပြန်ပါတယ်။
‘အခုPDFတွေရဲ့ကစားကွက်က သတင်းဦးရယူတယ်။နယ်မြေကျွမ်းကျင်မှုအပေါ်အခြေခံပြီး စောင့်တိုက် တယ်။အရင်လိုပစ်ပြေးပြောက်ကျားဗျူဟာမဟုတ်တော့ဘူး။သေချာစောင့်ဆိုင်းပြီး အလစ်အငိုက်မှာ ထိတွေ့ တိုက်ပွဲဝင်နိုင်ပြီ’လို့ ကသာမြို့၊ရပ်ကွက်၃နေ တက်ကြွလူငယ်တစ်ဦးကပြောပါတယ်။
အဲဒီတိုက်ပွဲမှာ မြို့လှ KPDF ရဲဘော်တွေ အထိအခိုက်မရှိဘဲ အသာစီးနဲ့ ဗျူဟာကျ ကစားကွက်ရွှေ့နိုင်ခဲ့ တယ်လို့ မြို့လှPDF ကထုတ်ပြန်ပါတယ်။