ရန်ကုန်မြို့၊ နယ်၊ ၁၀ ရပ်ကွက်ရုံးကို အဝေးထိန်းမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရပ်ကျေးအဖွဲ့ဝင်တချို့ ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၅ ရက်နေ့ ည ၈ နာရီလောက်မှာ မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ G.O.D, SRF, Black Eagle နဲ့ BDA အဖွဲ့ တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ Gods of Death က ထုတ်ပြန်ပါတယ်။
အဲဒီနောက် ရိုးလေးနဲ့ ၁၂၄ ကြား တံတားအဆင်းအကြမ်းဖက်စစ်တပ် ကင်းလှည့်ရာ လမ်းကြောင်းမှာဖောက်ခွဲတိုက်ခိုက်ဖို့ ပြင်းအားမြင့် အဝေးထိန်း မိုင်းတစ်လုံး စီစဉ်ထားခဲ့ပေမဲ့ စစ်ကားတွေ ရောက်မလာတာကြောင့် အသံမိုင်းအနေနဲ့ ဖောက်ခွဲရာ ပေါက်ကွဲခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
မြို့ပြပြောက်ကျားတပ်ဖွဲ့ G.O.D အနေနဲ့ မြို့နယ်စုံ မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေကို အရှိန်အဟုန်မြှင့် တော့မှာ ဖြစ်တာကြောင့် ပြည်သူတွေ အထိအခိုက်ကင်းစေဖို့ တားမြစ်နေရာတွေကို ရှောင်ကြဉ်ခြင်းနဲ့ ကူညီကြဖို့ ထုတ်ပြန်ထားပါတယ်။